ထရပ်ကားရဲ့နောက်မှာ ထိုင်ရင်း ခင်ပွန်းဖြစ်သူရဲ့ပခုံးကို မှီကာ ငွေထက်အချစ်စစ်က ပိုအဖိုးတန်ကြောင်းကို ပြသနေခဲ့တဲ့ အမျိုးသမီးတစ်ဦး

အကယ်၍ သင့်မှာ အခွင့်အရေးရှိခဲ့ရင် အချစ်နဲ့ငွေမှာ ဘယ်တစ်ခုကို ရွေးမှာလဲဗျာ။လူတိုင်းက အချစ်ကို သေချာပေါက်ရွေးမှာမဟုတ်ဘူးလို့ ဘူတော်တော်များများက ပြောကြပါလိမ့်မယ်။သို့ပေမဲ့ ငွေထက် အချစ်ကို ရွေးချယ်သွားတဲ့လူတွေလည်း များစွာရှိနေပါတယ်။ကျွန်တော်တို့က ၎င်းတို့ကို အပြစ်သွားတင်လို့လဲမရပါဘူး။ဘာလို့လဲဆိုတော့ တစ်ခါတစ်လေမှာ ဒါက ခက်ခဲတဲ့ကမ္ဘာကြီးမှာ ရှင်သန်ရဖိုနည်းလမ်းတွေရှာရတာထက် ပိုခက်ခဲနေတတ်လို့ပါဘဲ။သို့ပေမဲ့ စစ်မှန်တဲ့အခြားသောချစ်ခြင်းမေတ္တာပုံပြင်များက နှလုံးသားတိုင်းကို နွေးထွေးစေပြီး လူတိုင်းလိုလိုက ၎င်းတို့နှင့် ချမ်းသာအတူတူ ဆင်းရဲအတူတူ အတူတူရှိနေပေးမဲ့ ၎င်းတို့ရဲ့ soulmate များနှင့်တွေ့ဆုံနိုင်ဖို့ကို ဆန္ဒပြုနေကြရပါတယ်။

ခုလည်း ထရပ်ကားတစ်စီးရဲ့နောက်မှာ အတူတူထိုင်ခဲ့ကြတဲ့ချစ်သူစုံတွဲတစ်တွဲရဲ့ပုံရိပ်ဟာ ၎င်းတို့ရဲ့အတွင်းစိတ်မှာချစ်ခြင်းမေတ္တာများစွာကို ပိုင်ဆိုင်ထားခြင်းကို ပေါ်လွင်နေစေခဲ့တာကြောင့် လူအများရဲ့အချစ်နှင့်ငွေအကြောင်းကို အချေအတင်ဖြစ်သွားစေခဲ့ပါတယ်။“ ဒီကြည်နူးစရာပုံရိပ်က အချို့မိန်းကလေးတွေဟာ ချမ်းသာဖို့မလိုဘူး ၊ အချစ်စစ်ကိုဘဲ လိုချင်နေကြတာကို ပြသနေတယ်” ဟု blog တစ်ခုက ပြန်လည်မျှဝေပေးခဲ့ပြီးနောက် ၎င်း post ဟာ netizen များစွာထံမှ တုံ့ပြန်မှုနှင့် မှတ်ချက်ပေါင်းများစွာကို ရရှိခဲ့ပါတယ်။

၎င်းဓာတ်ပုံရဲ့မူလပိုင်ရှင်ဖြစ်တဲ့ The Socio Jukebox က “ တစ်ချို့မိန်းကလေးတွေက ရဲတိုက်ကြီးထက် ပခုံးတစ်စုံကိုဘဲ တပ်မက်ကြတယ်” ဟု ရေသားထားခဲ့ပါတယ်။အင်တာနက်သုံးစွဲသူများက အခုလိုအချစ်မျိုးကို ဘယ်မှာရှာလို့ရမလဲဆိုတာကို အတော်လေးမေးမြန်းကာ မှတ်ချက်ပေးခဲ့ကြပါတယ်။အချို့ကလည်း အဆိုပါမိန်းကလေးက သူမချစ်မြတ်နိုးရတဲ့သူနဲ့ပေါင်းဖက်ခဲ့ရပြီး ဘယ်လိုအန္တရာယ်တွေဘဲကြုံလာခဲ့ရပါစေ သူမက ခင်ပွန်းရဲ့အနားကနေ ဘယ်တော့မှထွက်ခွါမသွားခဲ့ပုံရကြောင်းလည်း ဆိုထားခဲ့ကြပါတယ်။ကျွန်တော့်အထင်တော့ အချစ်သာစစ်ရင် နှစ်ဦးနှစ်ဖက်စလုံးက မိုးကြီးပြိုသွားရင်တောင် လမ်းခွဲကြမှာမဟုတ်ပါဘူးဗျာ။

Mia (KBdailynews)

Reference : rachfeed

Zawgyi




Mia (KBdailynews)