ထမင်းနဲ့တွဲစားဖို့အတွက် ဆေးရွက်ကြီးအထုပ်ကို အမဲသားထုပ်လို့ထင်ပြီး မှားဝယ်မိတဲ့ အမျိုးသား

Post Views:
8
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Credit
Unicode
ထမင်းနဲ့တွဲစားဖို့အတွက် ဆေးရွက်ကြီးအထုပ်ကို အမဲသားထုပ်လို့ထင်ပြီး မှားဝယ်မိတဲ့ အမျိုးသား
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက ထမင်းနဲ့တွဲစားဖို့ အမဲသားထုပ်အစား ဆေးရွက်ကြီးထုပ်ကို မှားဝယ်မိတဲ့အကြောင်းဝေမျှခဲ့ရာလူအများက
သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဆိုးဆုံးကတော့ သူစားမယ့်ထမင်းပန်းကန်ထဲ အဲ့ဒီဆေးရွက်ကြီးထုပ်ကိုဖောက်ထည့်ထားပြီးနေပါပြီ။
“Tukang Sate Depan Komplek” ဆိုတဲ့ Popular Facebook group မှာ“Kukira abon ternyata bako
(အမဲသားထုပ်လို့ကျွန်တော်ထင်ထားတာ ဆေးရွက်ကြီးထုပ်သွားဖြစ်နေတယ်)” ဆိုတဲ့ စာသားနဲ့ ဝေမျှခဲ့ပါတယ်။
အဲ့ဒီ post ကို share သူ ၅,၂၀၀ ရှိခဲ့ပြီး Facebook ပေါ်မှာ တုံ့ပြန်သူ ၁,၁၀၀ ရှိခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေ သူ့ကိုကြည့်ပြီး သင်ခန်းစာယူရမာဖြစ်ပါတယ်။
ကျွန်တော်တို့တွေ တစ်စုံတစ်ခုဝယ်တော့မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ပစ္စည်းဟုတ်မှန်း သေချာပြီဆိုမှ ဝယ်ယူသင့်ပါတယ်။
အဲ့ဒီအမျိုးသားကလည်းထူးထူးဆန်းဆန်း မှားရတယ်လို့၊ ဆေးရွက်ကြီး နဲ့ အမဲသားနဲ့က တူလို့နေမာပါနော်။
စာဖတ်သူတို့ရော ဒီအမျိုးသားလို အလွဲမျိုးကြုံဖူးကြလား ?
Credit
Crd
Crd