
တရုတ် သံရုံး အား နေတိုး အဖွဲ့ က ဗုံး ကြဲတိုက်ခိုက်မှု ကို မိမိ တို့ လုံးဝမေ့မှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဌာနပြော

၁၉၉၉ ခုနှစ် က ဘဲလ်ဂရိတ် မြို့ရှိ တရုတ် သံရုံး အား နေတိုး အဖွဲ့က ဗုံးကြဲ တိုက်ခိုက်မှု ကို တရုတ် ပြည်သူများ လုံးဝ မေ့မှာ မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျာအိုလီကျန်းကသောကြာ နေ့ ကပြောကြား ပါတယ်။

လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ် မေလ ရ ရက်မှာ အမေရိကန် ဦးဆောင် တဲ့ နေတိုး အဖွဲ့ က ယူဂိုဆလားဗီးယား နိုင်ငံရှိ တရုတ် သံရုံး ကို ဗုံး ကြဲ တိုက်ခိုက်ခဲ့တာကြောင့် တရုတ် ဂျာနယ်လစ် သုံးဦး သေဆုံးပြီး အခြား တရုတ် သံ တမန် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နေတိုး အဖွဲ့ရဲ့ ဒီလို ရိုင်းစိုင်း တဲ့ ရက်စက်မှု တွေ ကို တရုတ် ပြည်သူတွေ အနေနဲ့ လုံးဝမေ့မှာ မဟုတ် သလိုဒီလို သမိုင်းဝင်ဖြစ်ရပ်ဆိုးကို ထပ်မံ ဖြစ်ပွား ခွင့် မပြု နိုင်ဘူးလို့ ကျာအိုလီကျန်း ကဘေဂျင်း မြို့မှာ ပြုလုပ်တဲ့ ပုံမှန် တင်းစာ ရှင်းလင်း ပွဲ တစ်ရပ်မှာ ပြောကြား ပါတယ်။

နေတိုး အဖွဲ့ဟာ ကာကွယ်ရေး အဖွဲ့ လို့ ဆိုပေမယ့် အမှန်တကယ်မှာ နိုင်ငံတကာ ဥပဒေများ ကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး အချုပ်အချာအာဏာပိုင် နိုင်ငံများ ကို တိုက်ခိုက်ကာ ကမ္ဘာကြီး နဲ့ ဒေသဆိုင်ရာ ငြိမ်းချမ်း တည်ငြိမ်ရေး ကို ထိခိုက်စေပြီး အပြစ်မဲ့ အရပ်သားများစွာ အိုးအိမ် စွန့်ခွါ ထွက်ပြေးကြရကြောင်း ကျာအိုလီ ကျန်း ကပြောကြား ပါတယ်။

ရုရှား နဲ့ ယူကရိန်း ကြား ကစစ်ပွဲ ဟာ စစ်အေးစစ်ပွဲ အဆုံးသတ်ပြီး နောက်ပိုင်း ဥရောပ အရှေ့ပိုင်းသို့ နေတိုး အဖွဲ့ က ငါးကြိမ် ဆက်တိုက် အင်အား တိုးချဲ့ တာ နဲ့အလုံးစုံ လုံခြုံရေး နောက် သို့ လိုက်ပါ လုပ်ဆောင်မှု ကနေ မျိုးစေ့ တည် လာတာ ဖြစ်ကြောင်း ၎င်း က ဖြည့်စွက်ပြောကြား ပါတယ်။

အမေရိကန် ဦးဆောင် တဲ့ နေတိုး အဖွဲ့ အနေနဲ့ ထိန်းညှိမှုတွေ ပြုလုပ်ရန် လိုအပ်ပြီး စစ်အေး စစ်ပွဲ ကာလ စိတ်ထားမျိုး ဆက်လက် မထားရှိရန် နဲ့ ထိပ်တိုက်တွေ့ဆုံရန် လုပ်ဆောင်မှုများ ကို ရပ်တန့်ရန် ဥရောပ အာရှ ပစိဖိတ် နဲ့ နိုင်ငံတကာမှာ တင်းမာမှုများ ဖြစ်ပေါ်အောင် ဖန်တီးနေမှုများ ရပ်တန့်ရန် လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ပါတယ်။

crd-Myanmarplatform

ယူနီကုတ်








crd-Myanmarplatform