တ႐ုတ္ ရဲ႕စစ္ေရးအရစြန႔္စားတာက ကိုယ့္ေသတြင္းကိုယ္တူးရာေရာက္ႏိုင္တယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ေဟာင္း အာေဘး သတိေပး

တ႐ုတ္ ရဲ႕စစ္ေရးအရစြန႔္စားတာက ကိုယ့္ေသတြင္းကိုယ္တူးရာေရာက္ႏိုင္တယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ေဟာင္း အာေဘး သတိေပး

တ႐ုတ္ အေနနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြကိုရန္စတာ ဒါမွမဟုတ္ နယ္ေျမခ်ဲ႕ထြင္ဖို႔ႀကိဳးစားတာမ်ိဳးမလုပ္ေဆာင္ရန္ နဲ႔ သူတို႔ရဲ႕စစ္ေရးအရစြန႔္စားတာက ကိုယ္ကိုယ္ကိုသတ္ေသသလိုျဖစ္လိမ့္မယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာ ေဘး က တိုက္တြန္းေျပာၾကားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဝန္ႀကီးခ်ဳပ္ရာထူးကထြက္ခြါခဲ့ေပမယ့္ အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ ပါတီ ရဲ႕အႀကီးမားဆုံး အဖြဲ႕ရဲ႕ေခါင္းေဆာင္အေနနဲ႔ ၾသဇာလႊမ္းမိုးမႈရွိေနေသးတတဲ့

အာေဘး ကလုံၿခဳံေရးအစည္း အေဝး တစ္ခုမွာ အဲဒီလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။ တ႐ုတ္လိုႀကီးမားတဲ့စီးပြားေရးအင္အားကိုပိုင္ဆိုင္တဲ့ ႏိုင္ငံတစ္ႏိုင္ငံ ကလုပ္ေဆာင္ေနတဲ့ စစ္ဖက္ေရးရာကိစၥေတြ မွာစြန႔္စားတာကအနည္းဆုံးေျပာရရင္ ကိုယ့္ကိုယ္ကို သတ္ေသရာ ေရာက္ႏိုင္ပါတယ္လို႔ အာေဘး က အဂၤါေန႔ကေျပာၾကားပါတယ္။ အိမ္နီးခ်င္းေတြကို မၾကာခဏအႏိုင္က်င့္တာ ၊ရန္စတာေတြမလုပ္ဖို႔ နယ္နမိတ္

ဆိုင္ရာတိုးခ်ဲ႕မႈေတြမလုပ္ဖို႔ကြၽန္ ေတာ္တို႔ကသူတို႔ကိုတိုက္တြန္းရပါမယ္ ဘာလို႔လဲဆိုေတာ့ အဲဒီလုပ္ရပ္ေတြက သူတို႔ရဲ႕ကိုယ္ပိုင္ အက်ိဳးစီးပြားေတြကိုအႏၲရာယ္ျဖစ္ေစမွာေၾကာင့္ျဖစ္ပါတယ္လို႔ အာေဘး ကေျပာၾကားပါတယ္။ စြမ္းအင္ႂကြယ္ဝတဲ့ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကိုတ႐ုတ္ ကသူတို႔ပိုင္တယ္လို႔ေျပာဆိုထားပါတယ္။အဲဒီေဒသမွာတ႐ုတ္ ကကြၽန္းအတုေတြတည္ေဆာက္ၿပီး

စစ္ေရးအတြက္လက္ဦးမႈယူႏိုင္မယ့္ေနရာေတြတည္ေဆာက္ထားပါတယ္။ အဲဒီလို တ႐ုတ္ ကပိုင္တယ္ဆိုတဲ့ေျပာဆိုမႈ ဟာ တရားဝင္အေထာက္အထားမရွိဘူးလို႔ သည္ေဟ့ဂ္ ၿမိဳ႕မွာရွိတဲ့အျငင္းပြားမႈေျဖရွင္းေရးတရား႐ုံးကဆုံးျဖတ္ခဲ့ေပမယ့္ တ႐ုတ္ ကအဲဒီဆုံးျဖတ္ခ်က္ကို ပယ္ခ်ထားပါတယ္။ ဘ႐ူႏိုင္း ၊မေလးရွား ၊ဖိလစ္ပိုင္ ၊ထိုင္ဝမ္ နဲ႔ ဗီယက္နမ္ တို႔ကလည္း အဲဒီပင္လယ္ရဲ႕အစိတ္အပိုင္းေတြကိုသူတို႔

ပိုင္တယ္လို႔ေျပာဆိုထားပါတယ္။ အေရွ႕တ႐ုတ္ပင္လယ္မွာ လူမေနတဲ့ ဂ်ပန္ကအုပ္ခ်ဳပ္တဲ့ ကြၽန္းစုတစ္စုကို တ႐ုတ္က သူတို႔ပိုင္တယ္ လို႔ေျပာဆို ထားပါတယ္။ အဲဒီအျငင္းပြားမႈေၾကာင့္အိမ္နီးခ်င္းႏွစ္ႏိုင္ငံၾကားဆက္ဆံေရးဟာႏွစ္မ်ားစြာၾကာေအာင္ထိခိုက္ခဲ့ရၿပီးႏွစ္ဖက္တင္းမာမႈေတြပိုျဖစ္လာေစပါတယ္။

crd-

ယူနီကုတ္

တရုတ် ရဲ့စစ်ရေးအရစွန့်စားတာက ကိုယ့်သေတွင်းကိုယ်တူးရာရောက်နိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ်ဟောင်း အာဘေး သတိပေး

တရုတ် အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုရန်စတာ ဒါမှမဟုတ် နယ်မြေချဲ့ထွင်ဖို့ကြိုးစားတာမျိုးမလုပ်ဆောင်ရန် နဲ့ သူတို့ရဲ့စစ်ရေးအရစွန့်စားတာက ကိုယ်ကိုယ်ကိုသတ်သေသလိုဖြစ်လိမ့်မယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာ ဘေး က တိုက်တွန်းပြောကြားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ရာထူးကထွက်ခွါခဲ့ပေမယ့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ ရဲ့အကြီးမားဆုံး အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ သြဇာလွှမ်းမိုးမှုရှိနေသေးတတဲ့

အာဘေး ကလုံခြုံရေးအစည်း အဝေး တစ်ခုမှာ အဲဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်လိုကြီးမားတဲ့စီးပွားရေးအင်အားကိုပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ကလုပ်ဆောင်နေတဲ့ စစ်ဖက်ရေးရာကိစ္စတွေ မှာစွန့်စားတာကအနည်းဆုံးပြောရရင် ကိုယ့်ကိုယ်ကို သတ်သေရာ ရောက်နိုင်ပါတယ်လို့ အာဘေး က အင်္ဂါနေ့ကပြောကြားပါတယ်။ အိမ်နီးချင်းတွေကို မကြာခဏအနိုင်ကျင့်တာ ၊ရန်စတာတွေမလုပ်ဖို့ နယ်နမိတ်

ဆိုင်ရာတိုးချဲ့မှုတွေမလုပ်ဖို့ကျွန် တော်တို့ကသူတို့ကိုတိုက်တွန်းရပါမယ် ဘာလို့လဲဆိုတော့ အဲဒီလုပ်ရပ်တွေက သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကိုအန္တရာယ်ဖြစ်စေမှာကြောင့်ဖြစ်ပါတယ်လို့ အာဘေး ကပြောကြားပါတယ်။ စွမ်းအင်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုတရုတ် ကသူတို့ပိုင်တယ်လို့ပြောဆိုထားပါတယ်။အဲဒီဒေသမှာတရုတ် ကကျွန်းအတုတွေတည်ဆောက်ပြီး

စစ်ရေးအတွက်လက်ဦးမှုယူနိုင်မယ့်နေရာတွေတည်ဆောက်ထားပါတယ်။ အဲဒီလို တရုတ် ကပိုင်တယ်ဆိုတဲ့ပြောဆိုမှု ဟာ တရားဝင်အထောက်အထားမရှိဘူးလို့ သည်ဟေ့ဂ် မြို့မှာရှိတဲ့အငြင်းပွားမှုဖြေရှင်းရေးတရားရုံးကဆုံးဖြတ်ခဲ့ပေမယ့် တရုတ် ကအဲဒီဆုံးဖြတ်ချက်ကို ပယ်ချထားပါတယ်။ ဘရူနိုင်း ၊မလေးရှား ၊ဖိလစ်ပိုင် ၊ထိုင်ဝမ် နဲ့ ဗီယက်နမ် တို့ကလည်း အဲဒီပင်လယ်ရဲ့အစိတ်အပိုင်းတွေကိုသူတို့

ပိုင်တယ်လို့ပြောဆိုထားပါတယ်။ အရှေ့တရုတ်ပင်လယ်မှာ လူမနေတဲ့ ဂျပန်ကအုပ်ချုပ်တဲ့ ကျွန်းစုတစ်စုကို တရုတ်က သူတို့ပိုင်တယ် လို့ပြောဆို ထားပါတယ်။ အဲဒီအငြင်းပွားမှုကြောင့်အိမ်နီးချင်းနှစ်နိုင်ငံကြားဆက်ဆံရေးဟာနှစ်များစွာကြာအောင်ထိခိုက်ခဲ့ရပြီးနှစ်ဖက်တင်းမာမှုတွေပိုဖြစ်လာစေပါတယ်။

crd-