တ႐ုတ္နိုင္ငံထုတ္ တိုက္ခိုက္ေရး စစ္ကား အစီးေရ ၁၀၀ လက္ခံရရွိခဲ့သည့္ ကေမာၻဒီးယားစစ္တပ္…

တ႐ုတ္နိုင္ငံထုတ္ တိုက္ခိုက္ေရး စစ္ကား အစီးေရ ၁၀၀ လက္ခံရရွိခဲ့သည့္ ကေမာၻဒီးယားစစ္တပ္…



Post Views:
10

ကေမာၻဒီးယားတပ္မေတာ္(RCAF၊ Royal Cambodian Armed Forces) သည္ ၎၏မဟာမိတ္ တ႐ုတ္ႏိုင္ငံထံမွ စစ္ကားအစီးေရ ၁၀၀ ေက်ာ္ႏွင့္ အျခားပစၥည္း မ်ားကို စက္တင္ဘာ ၂၀ ရက္က လက္ခံရရွိခဲ့ေၾကာင္း သိရွိရပါသည္။

ယင္းေပးပို႔မႈသည္ ၿပီးခဲ့ ေသာႏွစ္မ်ားအတြင္း ႏွစ္ႏိုင္ငံအၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လာမႈကို ျပသ ခဲ့ျခင္းလည္းျဖစ္သည္။
Jesus Roman မွတင္ထားေသာဓာတ္ပုံမ်ားသည္

Kampong Chhnang ျပည္နယ္ရွိ စစ္တပ္တန္းလ်ားတစ္ခုတြင္ တ႐ုတ္လုပ္ ဘီးတပ္စစ္ယာဥ္မ်ားအား တန္းစီ၍ ျပသထားသည္။Dongfeng EQ205s၊ AM General’s Humvee ၏ တ႐ုတ္ထုတ္ဗားရွင္း၊

Dongfeng EQ2102N ထရပ္ကားမ်ား၊ ကြပ္ကဲမႈယာဥ္ သို႔မဟုတ္ ေရဒီယိုဆက္သြယ္ေရး 4×4 ယာဥ္မ်ားႏွင့္ NORINCO ထုတ္ Syp SH4500AR Lynx 8×8 ကုန္းေရႏွစ္သြယ္သုံး အေပါ့စားစစ္သုံးယာဥ္မ်ားကို ေတြ႕ျမင္ၾကရသည္။

NORINCO Lynx စစ္ကားဒီဇိုင္းသည္ ကေနဒါႏိုင္ငံထုတ္ ေျမမ်က္ႏွာသြင္ ျပင္မေ႐ြး ေမာင္းႏွင္ႏိုင္ေသာ all-terrain car Argo ႏွင့္ ဆင္တူသည္။၎ကို တ႐ုတ္ စစ္တပ္ႏွင့္ အနီးကပ္ပူးေပါင္း၍ တီထြင္ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

အေလးခ်ိန္ ၆၀၀-၉၀၀ ကီလိုဂရမ္ ခန႔္ရွိသည္။ ယာဥ္ ေမာင္းႏွင့္ ခရီးသည္ ၅ ဦးအတြက္ လိုက္ပါႏိုင္သည္။Lynx သည္ ေသးငယ္ေသာ တာဘိုအားသြင္း ဒီဇယ္ အင္ဂ်င္ျဖင့္ ေမာင္းႏွင္ထားၿပီး ျမင္းေကာင္ေရ ၃၀ ဝန္း က်င္ ထုတ္လုပ္သည္။

ယာဥ္သည္ အျမင့္ဆုံး အျမန္ႏႈန္း တစ္နာရီလွ်င္ ၄၅ ကီလိုမီတာ အထိ ေမာင္းႏွင္ႏိုင္ၿပီး အမ်ားဆုံး အကြာအေဝး ၂၅၀ ကီလိုမီတာအထိ ေမာင္းႏွင္ႏိုင္ သည္။ ဘီး ၈ ဘီးေပၚတြင္ ခ်ိန္းမ်ား ထပ္၍တပ္ဆင္ႏိုင္သည္။

ကား၏ေရွ႕တြင္ ယာဥ္ဆြဲတံ တစ္ခု တပ္ဆင္ထားသည္။Lynx သည္ ကုန္းေရႏွစ္သြယ္ေမာင္းႏွင္ႏိုင္ၿပီး ၃၀၀ ကီလိုဂရမ္ အထိ payload မ်ား တင္ေဆာင္၍ ဘီးမ်ား၏ယက္အားျဖင့္ ေရထဲတြင္ ေမာင္းႏွင္ႏိုင္ပါသည္။

ဤယာဥ္သည္ ကေမာၻဒီးယားႏိုင္ငံ၏ စိမ့္ေတာ(ေျမ)ႏွင့္ ေတာတြင္းေျမျပင္မ်ားစြာအတြက္ အလြန္ေကာင္းမြန္ပါသည္။The Diplomat ၏ အဆိုအရ ကေမာၻဒီးယားေျမတြင္ တ႐ုတ္စစ္တပ္ တည္ရွိမႈ ျဖစ္ႏိုင္ေခ်ရွိဟု ထင္ေၾကးေပးမႈမ်ားသည္

အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အျခားအင္အားႀကီး ႏိုင္ငံမ်ားထံမွ အာ႐ုံစိုက္မႈႏွင့္ တုံ႔ျပန္မႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။ ဥပမာအားျဖင့္ ၂၀၂၁ ခုႏွစ္ ဇြန္လတြင္ ဗီယက္ နမ္သည္ ကေမာၻဒီးယားကမ္း႐ိုးတန္း၏ ကီလိုမီတာ ၂၀၀ ထိစပ္ ေနေသာ

Kien Giang ျပည္နယ္တြင္ ျပည္သူ႔စစ္တပ္စုတစ္ခုကို ဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ သည္။အဆိုပါတပ္ဖြဲ႕အသစ္သည္ Ream ရွိ အနာဂတ္ တ႐ုတ္စစ္အေျခစိုက္စခန္းႏွင့္ ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ား စုေဆာင္းရန္

ရည္႐ြယ္ခ်က္ျဖင့္ ကင္းလွည့္ ျခင္းႏွင့္ ကင္းေထာက္ျခင္းတို႔ကို တာဝန္ေပးထားသည္။ ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းတြင္၊ အေမရိကန္ႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman သည္ ကေမာၻဒီးယား အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံအမ်ားအျပားသို႔ သြားေရာက္ခဲ့သည္။

ကေမာၻဒီးယားသို႔ ကမ္းလွမ္းထားသည့္ အေမရိကန္က ေထာက္ပံ့ထားေသာ စစ္ဘက္ဆိုင္ရာ အေဆာက္အဦး အမ်ားအျပား ဖ်က္ဆီးခံရျခင္းအျပင္ အျခားေသာ အေျခခ်ရန္ ေနရာမ်ားပါ ပ်က္ဆီးသြားရျခင္း၏

အဓိကရည္႐ြယ္ခ်က္မွာ တ႐ုတ္ႏိုင္ငံ၏ ေရတပ္စခန္းသို႔ သီးသန႔္ဝင္ေရာက္ခြင့္ ေပးထားေၾကာင္း ေကာလာဟလမ်ားကို ေျဖရွင္းရန္ျဖစ္သည္။ ဇြန္လ ၇ ရက္ေန႔တြင္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး

Prak Sokhonn သည္ ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီး Penny Wong ႏွင့္ ဖုန္းျဖင့္ စကားေျပာဆိုခဲ့ၿပီး Ream စစ္အေျခစိုက္စခန္းအား အဓိကအေၾကာင္းအရာအျဖစ္ ေဆြးေႏြးခဲ့ပါသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လက The Khmer Times ၏ ေဖာ္ျပခ်က္အရ ၎၏ ေလးရက္ၾကာခရီးစဥ္အတြင္း ကေမာၻဒီးယား ဗိုလ္ခ်ဳပ္ Tea Banh ႏွင့္ ဗဟိုစစ္ေကာ္မရွင္ ဒုဥကၠ႒ တ႐ုတ္ဗိုလ္ခ်ဳပ္ Xu Qiliang တို႔သည္

တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း Guangdong ျပည္နယ္ ၿမိဳ႕ေတာ္ Guangzhou တြင္ ခ႐ိုင္ႏွစ္ခုၾကား စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ဆိုင္ရာ ေဆြးေႏြးပြဲကို ပူးတြဲသဘာပတိအျဖစ္ ေဆာင္႐ြက္ခဲ့ပါသည္။

၂၀၂၁ ခုႏွစ္တြင္ ဆိုင္းငံ့ထားေသာ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပန္လည္စတင္ျခင္း အပါအဝင္ နယ္ပယ္ အမ်ားအျပားတြင္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား ေဆြးေႏြးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနမွ သတင္းရင္းျမစ္တစ္ရပ္အရ သိရသည္။

လက္ရွိေခတ္သစ္တြင္ “ကေမာၻဒီးယား-တ႐ုတ္ အသိုက္ အဝန္းကို မွ်ေဝတဲ့အနာဂတ္နဲ႔ တည္ေဆာက္ရာမွာ က႑ေပါင္းစုံမွာ လက္ေတြ႕က်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြျဖစ္တဲ့ ဆက္သြယ္ေရး ယႏၲရား၊ ပူးတြဲေလ့က်င့္ခန္း၊

လူ႔စြမ္းအားအရင္းအျမစ္ ေလ့က်င့္ေရးနဲ႔ က်န္းမာေရး ဆိုင္ရာမဟာဗ်ဴဟာစတဲ့ နယ္ပယ္အားလုံးမွာ လက္ေတြ႕က် ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ဖို႔အတြက္ တပ္မေတာ္ႏွစ္ရပ္ဟာ ဘက္စုံမဟာဗ်ဴဟာေျမာက္ဆက္ဆံေရးကို ဆက္လက္ခိုင္ၿမဲေစမွာျဖစ္ပါတယ္။” ဟုဗိုလ္ခ်ဳပ္ႀကီး Tea Banh က ေျပာၾကားခဲ့ပါသည္။

Crd..သက္ထူးခန႔္ပိုင္
ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕

ယူနီကုဒ္

တရုတ်နိုင်ငံထုတ် တိုက်ခိုက်ရေး စစ်ကား အစီးရေ ၁၀၀ လက်ခံရရှိခဲ့သည့် ကမ္ဘောဒီးယားစစ်တပ်…

ကမ္ဘောဒီးယားတပ်မတော်(RCAF၊ Royal Cambodian Armed Forces) သည် ၎င်း၏မဟာမိတ် တရုတ်နိုင်ငံထံမှ စစ်ကားအစီးရေ ၁၀၀ ကျော်နှင့် အခြားပစ္စည်း များကို စက်တင်ဘာ ၂၀ ရက်က လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

ယင်းပေးပို့မှုသည် ပြီးခဲ့ သောနှစ်များအတွင်း နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာမှုကို ပြသ ခဲ့ခြင်းလည်းဖြစ်သည်။
Jesus Roman မှတင်ထားသောဓာတ်ပုံများသည်

Kampong Chhnang ပြည်နယ်ရှိ စစ်တပ်တန်းလျားတစ်ခုတွင် တရုတ်လုပ် ဘီးတပ်စစ်ယာဉ်များအား တန်းစီ၍ ပြသထားသည်။Dongfeng EQ205s၊ AM General’s Humvee ၏ တရုတ်ထုတ်ဗားရှင်း၊

Dongfeng EQ2102N ထရပ်ကားများ၊ ကွပ်ကဲမှုယာဉ် သို့မဟုတ် ရေဒီယိုဆက်သွယ်ရေး 4×4 ယာဉ်များနှင့် NORINCO ထုတ် Syp SH4500AR Lynx 8×8 ကုန်းရေနှစ်သွယ်သုံး အပေါ့စားစစ်သုံးယာဉ်များကို တွေ့မြင်ကြရသည်။

NORINCO Lynx စစ်ကားဒီဇိုင်းသည် ကနေဒါနိုင်ငံထုတ် မြေမျက်နှာသွင် ပြင်မရွေး မောင်းနှင်နိုင်သော all-terrain car Argo နှင့် ဆင်တူသည်။၎င်းကို တရုတ် စစ်တပ်နှင့် အနီးကပ်ပူးပေါင်း၍ တီထွင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အလေးချိန် ၆၀၀-၉၀၀ ကီလိုဂရမ် ခန့်ရှိသည်။ ယာဉ် မောင်းနှင့် ခရီးသည် ၅ ဦးအတွက် လိုက်ပါနိုင်သည်။Lynx သည် သေးငယ်သော တာဘိုအားသွင်း ဒီဇယ် အင်ဂျင်ဖြင့် မောင်းနှင်ထားပြီး မြင်းကောင်ရေ ၃၀ ဝန်း ကျင် ထုတ်လုပ်သည်။

ယာဉ်သည် အမြင့်ဆုံး အမြန်နှုန်း တစ်နာရီလျှင် ၄၅ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပြီး အများဆုံး အကွာအဝေး ၂၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင် သည်။ ဘီး ၈ ဘီးပေါ်တွင် ချိန်းများ ထပ်၍တပ်ဆင်နိုင်သည်။

ကား၏ရှေ့တွင် ယာဉ်ဆွဲတံ တစ်ခု တပ်ဆင်ထားသည်။Lynx သည် ကုန်းရေနှစ်သွယ်မောင်းနှင်နိုင်ပြီး ၃၀၀ ကီလိုဂရမ် အထိ payload များ တင်ဆောင်၍ ဘီးများ၏ယက်အားဖြင့် ရေထဲတွင် မောင်းနှင်နိုင်ပါသည်။

ဤယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိမ့်တော(မြေ)နှင့် တောတွင်းမြေပြင်များစွာအတွက် အလွန်ကောင်းမွန်ပါသည်။The Diplomat ၏ အဆိုအရ ကမ္ဘောဒီးယားမြေတွင် တရုတ်စစ်တပ် တည်ရှိမှု ဖြစ်နိုင်ချေရှိဟု ထင်ကြေးပေးမှုများသည်

အိမ်နီးချင်းနိုင်ငံများနှင့် အခြားအင်အားကြီး နိုင်ငံများထံမှ အာရုံစိုက်မှုနှင့် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ် ဇွန်လတွင် ဗီယက် နမ်သည် ကမ္ဘောဒီးယားကမ်းရိုးတန်း၏ ကီလိုမီတာ ၂၀၀ ထိစပ် နေသော

Kien Giang ပြည်နယ်တွင် ပြည်သူ့စစ်တပ်စုတစ်ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ သည်။အဆိုပါတပ်ဖွဲ့အသစ်သည် Ream ရှိ အနာဂတ် တရုတ်စစ်အခြေစိုက်စခန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ စုဆောင်းရန်

ရည်ရွယ်ချက်ဖြင့် ကင်းလှည့် ခြင်းနှင့် ကင်းထောက်ခြင်းတို့ကို တာဝန်ပေးထားသည်။ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင်၊ အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman သည် ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှနိုင်ငံအများအပြားသို့ သွားရောက်ခဲ့သည်။

ကမ္ဘောဒီးယားသို့ ကမ်းလှမ်းထားသည့် အမေရိကန်က ထောက်ပံ့ထားသော စစ်ဘက်ဆိုင်ရာ အဆောက်အဦး အများအပြား ဖျက်ဆီးခံရခြင်းအပြင် အခြားသော အခြေချရန် နေရာများပါ ပျက်ဆီးသွားရခြင်း၏

အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ရေတပ်စခန်းသို့ သီးသန့်ဝင်ရောက်ခွင့် ပေးထားကြောင်း ကောလာဟလများကို ဖြေရှင်းရန်ဖြစ်သည်။ ဇွန်လ ၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး

Prak Sokhonn သည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Penny Wong နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး Ream စစ်အခြေစိုက်စခန်းအား အဓိကအကြောင်းအရာအဖြစ် ဆွေးနွေးခဲ့ပါသည်။

ပြီးခဲ့သည့် သြဂုတ်လက The Khmer Times ၏ ဖော်ပြချက်အရ ၎င်း၏ လေးရက်ကြာခရီးစဉ်အတွင်း ကမ္ဘောဒီးယား ဗိုလ်ချုပ် Tea Banh နှင့် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ တရုတ်ဗိုလ်ချုပ် Xu Qiliang တို့သည်

တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ် မြို့တော် Guangzhou တွင် ခရိုင်နှစ်ခုကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် ဆိုင်းငံ့ထားသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြန်လည်စတင်ခြင်း အပါအဝင် နယ်ပယ် အများအပြားတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ရပ်အရ သိရသည်။

လက်ရှိခေတ်သစ်တွင် “ကမ္ဘောဒီးယား-တရုတ် အသိုက် အဝန်းကို မျှဝေတဲ့အနာဂတ်နဲ့ တည်ဆောက်ရာမှာ ကဏ္ဍပေါင်းစုံမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်တဲ့ ဆက်သွယ်ရေး ယန္တရား၊ ပူးတွဲလေ့ကျင့်ခန်း၊

လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေးနဲ့ ကျန်းမာရေး ဆိုင်ရာမဟာဗျူဟာစတဲ့ နယ်ပယ်အားလုံးမှာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် တပ်မတော်နှစ်ရပ်ဟာ ဘက်စုံမဟာဗျူဟာမြောက်ဆက်ဆံရေးကို ဆက်လက်ခိုင်မြဲစေမှာဖြစ်ပါတယ်။” ဟုဗိုလ်ချုပ်ကြီး Tea Banh က ပြောကြားခဲ့ပါသည်။

Crd..သက်ထူးခန့်ပိုင်
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

Crd

Crd

arkarta