တြစ္တာကို ဝယ္ယူၿပီး ၿပီးခ်င္းမွာပဲ အေမရိကန္ႏိုင္ငံေရးေလာကကို ဂယက္ထပြဲဆူသြားေအာင္ ဖြလိုက္တဲ့ သူေဠးႀကီးအီလြန္မက္စ္

တြစ္တာကို ဝယ္ယူၿပီး ၿပီးခ်င္းမွာပဲ အေမရိကန္ႏိုင္ငံေရးေလာကကို ဂယက္ထပြဲဆူသြားေအာင္ ဖြလိုက္တဲ့ သူေဠးႀကီးအီလြန္မက္စ္
အေမရိကန္ႏိုင္ငံေရးမွာအေရးပါတဲ့ သက္တမ္းဝက္ ေ႐ြးေကာက္ပြဲေတြကို မၾကာခင္နာရီပိုင္းအတြင္း က်င္းပၾကပါေတာ့မယ္
ကြန္ဂရက္နဲ႔ဆီးနိတ္မွာ ထိုင္ခုံေနရာေတြရဖို႔ ဒီေ႐ြးေကာက္ပြဲေတြက အေရးပါေနပါတယ္
အဲ့သည့္လိုအေရးပါေနတဲ့ ေ႐ြးေကာက္ပြဲေတြမွာ
လက္ရွိသမၼတ ဘိုင္ဒင္ရဲ႕ ဒီမိုကရက္ပါတီက အရင္လိုအေျခအေနကိုဆက္လက္ထိန္းထားဖို႔ အတြက္
အေျခအေနသိပ္ေကာင္းပုံမရဘူး လို႔ သုံးသပ္ထားၾကပါတယ္
လက္ရွိမွာ လႊတ္ေတာ္၂ရပ္စလုံးကို ဒီမိုကရက္တစ္ပါတီက လႊမ္းမိုးထားပါတယ္
အဲ့သည့္လို အေနအထားေတြျဖစ္ေနဆဲမွာ
ေ႐ြးေကာက္ပြဲမတိုင္ခင္အႀကိဳညေနခင္းေလာက္မွာ
ကမာၻေပၚက နံပါတ္တစ္ သူေဌးႀကီး
အယ္လြန္မတ္စ္က ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့
ႏႈိးေဆာ္စကားလိုလို တိုက္တြန္းမႈလိုလို
ေျပာလိုက္ပါတယ္
သူဟာ လတ္တေလာေလးမွာတင္ ကမာၻေပၚမွာ ၾသဇာႀကီးမားလြန္းတဲ့ ဆိုရွယ္မီဒီယာပလက္ေဖာင္းႀကီးတစ္ခုျဖစ္တဲ့ တြစ္တာကို ပိုင္ဆိုင္ကိုင္တြယ္ထားသူျဖစ္လာခဲ့သူပါ
မီဒီယာေလာကရဲ႕ ၾသဇာကိုရယူထားႏိုင္တဲ့ သူေတြထဲမွာ သူဟာ အလႊမ္းမိုးႏိုင္ဆုံးသူလို႔ဆိုရပါမယ္
သူက
မဲေပးမယ့္သူေတြအေနနဲ႔ ရီပါဗလစ္ကန္ပါတီကို မဲေပးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္တဲ့
သမၼတက ဒီမိုကရက္ ကျဖစ္ေနေတာ့ မွ်တသြားေအာင္ ထိန္းေၾကာင္းႏိုင္ေအာင္ လႊတ္ေတာ္ေတြမွာ
ရီပါဗလစ္ကန္ေတြ မ်ားမ်ား ျဖစ္သင့္တာေပါ့တဲ့
အဲ့သည့္စကားတစ္ခြန္းဟာ အေတာ္ေလး ဂယက္ထပါတယ္
ႏွစ္ဖက္ပါတီဝင္ေတြကယိမ္းယိုင္ႏိုင္ေျခမရွိဘူး
ဆိုေပမယ့္ ၾကားလူေတြအေတာ္ေလးစဥ္းစားသြားေစမယ့္ စကားျဖစ္သြားပါတယ္
မဲေပးၾကဖို႔ နာရီပိုင္းပဲ လိုပါေတာ့တယ္
အယ္လြန္မတ္စ္ဟာ ႏိုင္ငံေရးေလာကကိုကိုင္တြယ္ဖို႔
ေျခစလွမ္းလိုက္တာလား
မ်က္ေစာင္းစထိုးလိုက္တာလား လို႔ထင္စရာရွိလာပါတယ္
ႏိုင္ငံေရးဟာစီးပြားေရး
စီးပြားေရးဟာ ႏိုင္ငံေရးလို႔ ဆိုခဲ့ရင္ သူဟာလည္း ႏိုင္ငံေရးျဖစ္ေနပါတယ္
ႏိုင္ငံေရးဟာ နည္းပညာ
နည္းပညာဟာ ႏိုင္ငံေရး ဆိုခဲ့ရင္လည္း သူဟာႏိုင္ငံေရးျဖစ္ေနျပန္ပါတယ္
ႏိုင္ငံေရးဟာမီဒီယာ
မီဒီယာဟာ ႏိုင္ငံေရးဆိုရင္လည္း သူဟာ ႏိုင္ငံေရးလို႔ ေျပာခြင့္ရထားျပန္ပါၿပီ
စစ္ေရး နဲ႔ ပထဝီႏိုင္ငံေရး မွာသူဘယ္ေလာက္ပါေနသလဲ စဥ္းစားၾကည့္သင့္ပါတယ္
ပထဝီကို အာကာသ ကစိုးမိုးလာႏိုင္မယ္ ဆိုတဲ့ အႏုမာနကို အေျခခံၾကည့္သင့္ပါတယ္ အဲ့တာဆိုရင္စစ္ေရးပါ ကြၽဲကူးေရပါ ပါလာလိမ့္မွာပါ
အယ္လြန္မတ္စ္တစ္ေယာက္ႏိုင္ငံေရးထဲပါလာလိမ့္မယ္လို႔ထင္ခဲ့မိၿပီးသားပါ
သိပ္ခ်မ္းသာၿပီးရင္ အာဏာဖက္လွည့္ၾကတာပါပဲ
crd
သဒၶါအားျဖင့္
Pi Lon
Ref Reuters
Unicode
တွစ်တာကို ဝယ်ယူပြီး ပြီးချင်းမှာပဲ အမေရိကန်နိုင်ငံရေးလောကကို ဂယက်ထပွဲဆူသွားအောင် ဖွလိုက်တဲ့ သူဠေးကြီးအီလွန်မက်စ်
အမေရိကန်နိုင်ငံရေးမှာအရေးပါတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေကို မကြာခင်နာရီပိုင်းအတွင်း ကျင်းပကြပါတော့မယ်
ကွန်ဂရက်နဲ့ဆီးနိတ်မှာ ထိုင်ခုံနေရာတွေရဖို့ ဒီရွေးကောက်ပွဲတွေက အရေးပါနေပါတယ်
အဲ့သည့်လိုအရေးပါနေတဲ့ ရွေးကောက်ပွဲတွေမှာ
လက်ရှိသမ္မတ ဘိုင်ဒင်ရဲ့ ဒီမိုကရက်ပါတီက အရင်လိုအခြေအနေကိုဆက်လက်ထိန်းထားဖို့ အတွက်
အခြေအနေသိပ်ကောင်းပုံမရဘူး လို့ သုံးသပ်ထားကြပါတယ်
လက်ရှိမှာ လွှတ်တော်၂ရပ်စလုံးကို ဒီမိုကရက်တစ်ပါတီက လွှမ်းမိုးထားပါတယ်
အဲ့သည့်လို အနေအထားတွေဖြစ်နေဆဲမှာ
ရွေးကောက်ပွဲမတိုင်ခင်အကြိုညနေခင်းလောက်မှာ
ကမ္ဘာပေါ်က နံပါတ်တစ် သူဌေးကြီး
အယ်လွန်မတ်စ်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့
နှိုးဆော်စကားလိုလို တိုက်တွန်းမှုလိုလို
ပြောလိုက်ပါတယ်
သူဟာ လတ်တလောလေးမှာတင် ကမ္ဘာပေါ်မှာ သြဇာကြီးမားလွန်းတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ တွစ်တာကို ပိုင်ဆိုင်ကိုင်တွယ်ထားသူဖြစ်လာခဲ့သူပါ
မီဒီယာလောကရဲ့ သြဇာကိုရယူထားနိုင်တဲ့ သူတွေထဲမှာ သူဟာ အလွှမ်းမိုးနိုင်ဆုံးသူလို့ဆိုရပါမယ်
သူက
မဲပေးမယ့်သူတွေအနေနဲ့ ရီပါဗလစ်ကန်ပါတီကို မဲပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်တဲ့
သမ္မတက ဒီမိုကရက် ကဖြစ်နေတော့ မျှတသွားအောင် ထိန်းကြောင်းနိုင်အောင် လွှတ်တော်တွေမှာ
ရီပါဗလစ်ကန်တွေ များများ ဖြစ်သင့်တာပေါ့တဲ့
အဲ့သည့်စကားတစ်ခွန်းဟာ အတော်လေး ဂယက်ထပါတယ်
နှစ်ဖက်ပါတီဝင်တွေကယိမ်းယိုင်နိုင်ခြေမရှိဘူး
ဆိုပေမယ့် ကြားလူတွေအတော်လေးစဥ်းစားသွားစေမယ့် စကားဖြစ်သွားပါတယ်
မဲပေးကြဖို့ နာရီပိုင်းပဲ လိုပါတော့တယ်
အယ်လွန်မတ်စ်ဟာ နိုင်ငံရေးလောကကိုကိုင်တွယ်ဖို့
ခြေစလှမ်းလိုက်တာလား
မျက်စောင်းစထိုးလိုက်တာလား လို့ထင်စရာရှိလာပါတယ်
နိုင်ငံရေးဟာစီးပွားရေး
စီးပွားရေးဟာ နိုင်ငံရေးလို့ ဆိုခဲ့ရင် သူဟာလည်း နိုင်ငံရေးဖြစ်နေပါတယ်
နိုင်ငံရေးဟာ နည်းပညာ
နည်းပညာဟာ နိုင်ငံရေး ဆိုခဲ့ရင်လည်း သူဟာနိုင်ငံရေးဖြစ်နေပြန်ပါတယ်
နိုင်ငံရေးဟာမီဒီယာ
မီဒီယာဟာ နိုင်ငံရေးဆိုရင်လည်း သူဟာ နိုင်ငံရေးလို့ ပြောခွင့်ရထားပြန်ပါပြီ
စစ်ရေး နဲ့ ပထဝီနိုင်ငံရေး မှာသူဘယ်လောက်ပါနေသလဲ စဥ်းစားကြည့်သင့်ပါတယ်
ပထဝီကို အာကာသ ကစိုးမိုးလာနိုင်မယ် ဆိုတဲ့ အနုမာနကို အခြေခံကြည့်သင့်ပါတယ် အဲ့တာဆိုရင်စစ်ရေးပါ ကျွဲကူးရေပါ ပါလာလိမ့်မှာပါ
အယ်လွန်မတ်စ်တစ်ယောက်နိုင်ငံရေးထဲပါလာလိမ့်မယ်လို့ထင်ခဲ့မိပြီးသားပါ
သိပ်ချမ်းသာပြီးရင် အာဏာဖက်လှည့်ကြတာပါပဲ
crd
သဒ္ဓါအားဖြင့်
Pi Lon
Ref Reuters
The post တြစ္တာကို ဝယ္ယူၿပီး ၿပီးခ်င္းမွာပဲ အေမရိကန္ႏိုင္ငံေရးေလာကကို ဂယက္ထပြဲဆူသြားေအာင္ ဖြလိုက္တဲ့ သူေဠးႀကီးအီလြန္မက္စ္ appeared first on Myanmar Globe.
Crd
Crd