တံတားမရှိတာကြောင့် မြစ်ကိုကြိုးဖြင့်နေ့စဥ်ဖြတ်ကူးပြီး ကျောင်းတက်ခဲ့ရသော်လည်း ကိုယ်တိုင်ကြိုးစားမှုတွေကြောင့် ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည့် ကောင်မလေး

Shoon (Cele Daily)
Zawgyi
တံတားမရှိတာကြောင့် မြစ်ကိုကြိုးဖြင့်နေ့စဉ်ဖြတ်ကူးပြီး ကျောင်းတက်ခဲ့ရသော်လည်း ကိုယ်တိုင်ကြိုးစားမှုတွေကြောင့် ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည့် ကောင်မလေး
အခက်အခဲဆိုတာဟာ အောင်မြင်မှုအတွက် အတားအဆီးတစ်ခုသာဖြစ်ပါတယ်။ဘဝ၏အတားအဆီတွေကို ကျော်ဖြတ်ပြီးနောက်မှာတော့ ပွင့်လန်းဝေဆာနေသော အောင်မြင်မှုအသီးအပွင့်တွေကို ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ Yu Yanqiaဆိုသည့်ကောင်မလေးဟာ ငယ်စဉ်အခါက ပညာသင်ကြားနိုင်ရန်အတွက် Nujiangမြစ်ကိုနေ့စဉ်ဖြတ်ကူးပြီး ကျောင်းသွားခဲ့ရတာဖြစ်ပါတယ်။မြစ်ဖြတ်ကူးရာတွင်လည်း တံတားမရှိသည့်အတွက် ကေဘယ်ကြိုးကိုအသုံးပြုပြီး ကျောင်းသွားခဲ့ရတာဖြစ်ပါတယ်။
ပညာသင်ကြားရန်အတွက် အခက်အခဲကို အသက်နှင့်ရင်းပြီး ကြိုးစားသင်ယူရသော်လည်း အရှုံးပေးလိုက်ခြင်းမရှိဘဲ အားတင်းကာရှေ့ဆက်သင်ယူခဲ့ပြီး ဆေးဘက်ဆိုင်ရာ သိပ္ပံဘွဲ့ကို ရရှိအောင်ကြိုးစားနိုင်ခဲ့ပါတယ်။
Shoon (Cele Daily)
Crd
8
Crd