တောင်အာဖရိကမှာ ဆင်ချေးတုံးကနေ ဒာရက်ချက်လုပ်ရောင်း – hotnewmyanmar.com

တောင်အာဖရိကမှာ ဆင်ချေးတုံးကနေ ဒာရက်ချက်လုပ်ရောင်း

တောင်အာဖရိကနိုင်ငံမှာ ဆင်ချေးတုံးကနေ ဒာရက်ချက်လုပ်ရောင်းချနေပြီ ဖြစ်ပါတယ်။ သစ်သီး၊ သစ်ရွက်၊ အစေ့တွေနဲ့ ချက်လုပ်တဲ့ ဂျင်ဒာရက်အမျိုး အစားမှာ ဆင်ချေးတုံးတွေကိုပါ ထည့်သွင်းချက်လုပ်နေတာ ဖြစ်ပါတယ်။

ဇီဝဗေဒ နယ်ပယ်အသီးသီးမှာ ပါမောက္ခတွေဖြစ်တဲ့ ပေါ်လာ(Paula) နဲ့ သူ့ဇနီး Les Ansley ဟာ အငြိမ်းစားယူပြီးတဲ့နောက် ဗြိတိန်ကနေ တောင်အာဖရိကကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

ပေါ်လာတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ကင်ညာနိုင်ငံမှာ ဆာဖာရီတောအတွင်း ခရီးလှည့်လည်သွားလာရင်း ဆင်တွေရဲ့ အစာချက်ပုံအကြောင်းကို သိလာပြီးတဲ့နောက် အခုလို ဆင်ချေးတုံးဒာရက်ဖန်တီးဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

တောခေါင်းတစ်ဦးရဲ့ ရှင်းပြချက်အရ ဆင်‌တွေဟာ အစားအ‌သောက်ကို ရွေးချယ်စားသုံးလေ့ရှိပြီး ဆင်ရဲ့ ခန္ဓာကိုယ်ကလည်း စားလိုက်သမျှ အာဟာရတွေရဲ့ ထက်ဝက်ခန့်ကိုသာ စုပ်ယူပြီး ကျန်တစ်ဝက်က ဆင်း‌ချေးမှာ ပါဝင်နေတာကို သိရှိခဲ့ကြပါတယ်။

ဆင်တွေဟာ သူတို့စားသမျှ ရဲ့ ၃ဝ ရာခိုင်နှုန်းကိုသာ အစာချက်လုပ်ပြီး ကျန်တဲ့ ၇ဝ ရာခိုင်နှုန်းကို စွန့်ပစ်တတ်ကြပါတယ်။ အဲဒီ ၇ဝ ရာခိုင်နှုန်းဟာလဲ ဆင်တွေရဲ့ ဗက်တီးရီးယားပိုးမွှားနည်းပါးတဲ့ အစာအိမ်လမ်းကြောင်းကို ဖြတ်သန်းလာရတာ ကြောင့် ဒာရက်ချက်ဖို့အတွက် အချဉ်ဖောက်ဖို့ အဆင်သင့်ဖြစ်နေတာ ဖြစ်ပါတယ်။

ပြီးတော့ ဆင်တွေဟာ အကောင်းဆုံးအရွက်၊ အသီးတွေကို သေချာရွေးစားတဲ့ အတွက်လဲ သူတို့ရဲ့မစင်မှာ အဲဒီအသီးအရွက်တွေရဲ့ ကောင်းမွန်တဲ့အရသာတွေကျန်ရှိတတ်ပါတယ်။

ဒီလို အကြောင်းတွေကြောင့် ဆင်ချေးတုံးတွေကို သန့်စင်ပြီး ဒာရက်ထဲ ထည့်ချက်ဖို့ဖြစ်လာတာလို့ သိရပါတယ်။ သူတို့ထုတ်လုပ်တဲ့ ဂျင်ဒာရက်နာမည်ကို ဒေသဘာသာစကား “ဆင်” လို့ အဓိပ္ပာယ်ရတဲ့ INDLOVU လို့ အမည်ပေးထားပါတယ်။

ယမဂာာလုလင်တွေအနေနဲ့ တောင်အာဖရိကရဲ့ INDLOVU ကို မြည်းစမ်းကြည့်သင့်ပါတယ်ခင်ဗျာ။

Crd