တောင်ကိုရီးယားတပ်မတော်၌မောင်းသူမဲ့တင့်ကားနှင့်အမြောက်တင်ထားသည့်မောင်းသူမဲ့ယာဉ်များကိုမြင်တွေ့ရတော့မည်

တောင်ကိုရီးယားတပ်မတော်၌ မောင်းသူမဲ့တင့်ကားနှင့် အမြောက်တင်ထားသည့် မောင်းသူမဲ့ယာဉ်များကို မြင်တွေ့ရတော့မည်

တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော Hyundai Rotem က တောင်ကိုရီးယား ကြည်းတပ်၏ ပင်မတိုက်ပွဲဝင်တင့်နှင့် ဟောင်ဝဇ္ဇာအမြောက်တင်ဆောင်ထား သည့်မောင်းသူမဲ့ကားများကို ထုတ်လုပ်ပေးရန် တင်ဒါ ၂ ခုကို လက်ခံရရှိခဲ့သည် ဟု ဒီဇင်ဘာလကုန်ခါနီးအချိန်ခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

ကုမ္ပဏီအနေဖြင့် တန်ကြေး အမေရိကန်ဒေါ်လာ ၁၃.၉၈ သန်း လက်ခံရရှိခဲ့ပြီး အပိုင်း ၂ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်ဟုဆိုသည်။ ပထမအပိုင်းတွင် ကုမ္ပဏီအနေဖြင့် တောင်ကိုရီးယားကြည်းတပ်၏ တိုက်ခိုက်ရေးတပ်ဖွဲ့အတွက် အဝေးထိန်းနှင့် မောင်းသူမဲ့ဆိုင်ရာ ဘုံနည်းပညာများကို တီထွင်ထုတ်လုပ်မည်ဖြစ်သည်။

ဒုတိယအပိုင်းတွင်မူ အဆိုပါနည်းပညာများကို K1 ပင်မတိုက်ပွဲဝင်တင့်ကား အပေါ်၌ တပ်ဆင်အသုံးပြုမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၌ စတင်စမ်းသပ်ရန် စီစဉ်ထားပေသည်။
K1 စနစ်ကို အဆိုပါကုမ္ပဏီကပင် တီထွင်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သလို K1A1 အဖြစ် အဆင့်မြှင့်တင်မှုအတွက် ဆောင်ရွက်ပေးမှု၌လည်း ၎င်းပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယားကြည်းတပ်နှင့် မရိမ်းတပ်ဖွဲ့အတွက် အစီးရေ ထောင်ကျော် ဆောင်ရွက်ပေးခဲ့ခြင်းလည်းဖြစ်သည်။

စီမံကိန်းရရှိကြောင်းကို ဒီဇင်ဘာ ၃၁ က ကြေညာခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့စနစ်များအတွက် နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်အုတ်မြစ်ချလိမ့်မည်ဟု ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် စစ်သည်များ၏ အသက်ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်ရန် အတွက် မောင်းသူမဲ့စနစ်များကို တင့်ကားများနှင့် ကျည်ကာယာဉ်စနစ်များ တွင်အသုံးပြုနိုင်ရန် နိုင်ငံအများအပြားနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ၂ တန်ခန့်ရှိသော မောင်းသူမဲ့ယာဉ်ကို ဝန်၊ လူနာသယ်မှုအတွက် တီထွင်ထုတ်လုပ်ထားပြီး ၎င်း၌ အဝေးထိန်းလက်နက်စနစ်များကိုလည်း တပ်ဆင်
ထားကြောင်း သိရှိရသည်။

Ref-DB
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi