တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည်

တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည်

ကျင်းပမယ့် ရက် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ အိုလံပစ် အားကစားပွဲတော်တွေကို လာမယ့် ဇူလိုင်လမှာ ကျင်းပချိန်မှာ အားကစား ပရိတ်သတ် အများစုကို လာရောက် ကြည့်ရှုခွင့် ပိတ်ပင်မယ့် အကြောင်း အားကစားပွဲတော် စီစဉ်သူတွေနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC တို့က စနေနေ့မှာ ကြေညာလိုက်ပါတယ်။ IOC ၊ အားကစားပွဲ စီစဉ်သူတွေ၊ ဂျပန် အစိုးရ၊ တိုကျို အုပ်ချုပ်ရေး အဖွဲ့နဲ့ နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နွေရာသီ အားကစားပွဲတွေမှာ ပြည်ပက ပရိတ်သတ်တွေကို လာရောက် ကြည့်ရှုခွင့် တားမြစ်မယ့် အကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့တာပါ။

အားကစားပွဲမှာ ပါဝင်မယ့်သူတွေ အားလုံးရဲ့ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် တိုကျို ၂၀၂၀ အိုလံပစ်နဲ့ Paralympic အားကစားပွဲတွေမှာ ပြည်ပက အာကစား ပရိတ်သတ်ကို လာရောက်ခွင့် မပေးရေး ဆုံးဖြတ်ချက်ကို လက်ခံခဲ့တာ ဖြစ်ကြောင်းနဲ့ အားကစားပွဲ အတွက် လက်မှတ် ဝယ်ထားသူ အားလုံးကို ငွေပြန် အမ်းပေးမှာ ဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ အကြီးအကဲ Thomas Bach က စနေနေ့မှာ ပြောဆိုခဲ့တာပါ။COVID-19 ရောဂါ မဖြစ်ခင် လွန်ခဲ့တဲ့ တနှစ်ကျော် အိုလံပစ် ပွဲတော်ကို ရက်မရွှေ့ခင်ကတော့ တိုကျို အိုလံပစ် ပွဲတော် အတွက် လက်မှတ် ၇ သန်း ၈ သိန်းကျော် ရောင်းချမယ့် အကြောင်း စီစဉ်သူတွေက ပြောဆိုခဲ့တာပါ။

တိုကျို အိုလံပစ် ပွဲတော်ကိုတော့ ဇူလိုင် ၂၃ ရက်ကနေ သြဂုတ် ၈ ရက်နေ့ အထိ ကျင်းပဖို့ စီစဉ်ထားပြီး Paralympics – မသန်စွမ်းအားကစားပွဲတွေကိုတော့ သြဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ၅ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

DVB