■အတူလေ့ကျင့်နေသည့် တိုက်လေယာဉ်ကို ကျည်စစ်ကျည်မှန်ဖြင့် ပစ်ချခဲ့သည့် ရုရှားတိုက်လေယာဉ်မှူး စစ်တရားရုံးတွင် အမှုရင်ဆိုင်နေရ

စစ်ရေးလေ့ကျင့်နေစဉ်အတွင်း မိမိနှင့်အတူလေ့ကျင့်နေသော အခြားတိုက်လေယာဉ်တစ်စင်းကို ကျည်စစ် ကျည်မှန်ဖြင့်ပစ်ချခဲ့သော Su-35 တိုက်လေယာဉ်မှူးဗိုလ်မှူးဗာဆီလီဆာဗီးလက်ဗ်၏ အမှုကို ထဗားမြို့ မြို့စောင့်တပ်ရှိ စစ်တရားရုံးသို့ အောက်တိုဘာလ ၂၁ ရက်နေ့က လွှဲပြောင်းပေးလိုက်ကြောင်းသိရသည်။

ရုရှားတိုက်လေယာဉ်မှူးသည် ရုရှားနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၅၁ အရ တိုက်လေယာဉ်တစ်စင်း၏ စစ် ဆင်ရေးနှင့် တိုက်ခိုက်ရေးစည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်းစွပ်စွဲခံထားရပြီး ပြစ်မှုကျူးလွန်ကြောင်းထင် ရှားပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမည်ဖြစ်သည်။
ယင်းဖြစ်စဉ်မှာ မော်စကိုမြို့နှင့် ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) ခန့်ဝေးကွာသော Tver Oblast ရှိ ဘိုရီဆော့ဗ်ကီ ခိုတီလိုဗို လေတပ်အခြေစိုက်စခန်း ကောင်းကင်ယံတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

Su-35S တိုက်လေယာဉ်နှစ်စင်းနှင့် Su-30M2 တိုက်လေယာဉ်တစ်စင်းတို့သည် ကောင်းကင်တွင် တိုက်ပွဲဝင် လေ့ကျင့်ခန်းများ ပျံသန်းလေ့ကျင့်နေကြပြီး လေ့ကျင့်ခန်းအရ Su-35S တိုက်လေယာဉ်နှစ်စင်းကို Su-30 တိုက် လေယာဉ်က တိုက်ခိုက်သည့် သဏ္ဍန်တူလေ့ကျင့်ခန်းကို လေ့ကျင့်နေကြသည်။
လေယာဉ်များတွင် လေ့ကျင့်ခန်းအတွက် သဏ္ဍန်တူပစ်ခတ်ရန် အထူးသေနတ်ကင်မရာများတပ်ဆင်ထားပြီး တိုက်လေယာဉ်မှူးများက ယင်းသေနတ်ကင်မရာများဖြင့် ပစ်ခတ်လေ့ကျင့်ရခြင်းဖြစ်သည်။ ယင်းကင်မရာများ ကို တကယ့်လက်နက်အစစ်အတိုင်း ပစ်ခတ်ရန် ခလုတ်များတပ်ဆင်ထားပြီး လေ့ကျင့်ပစ်ခတ်လိုက်သည့်အခါ ယင်းကင်မရာများက ဓာတ်ပုံရိုက်ယူထားလိုက်ခြင်းဖြစ်သည်။

သို့သော် တန်ပြန်တိုက်ခိုက်မှုလေ့ကျင့်ခန်းများပြုလုပ်နေစဉ်အတွင်း Su-35 တိုက်လေယာဉ်တစ်စင်းကို မောင်း နှင်သည့် ဗိုလ်မှူးဆာဗီးလက်ဗ်သည် ၎င်းလေယာဉ်တွင်တပ်ဆင်ထားသည့် GSh-30-1 စက်အမြောက်မှ ၃၀ မမ စစ်အမြောက်ကျည်များကို တရစပ်ပစ်ခတ်ခဲ့သည်။
စက်အမြောက်ကျည်များသည် Su-30 တိုက်လေယာဉ်၏ ညာဘက်တောင်ပံကိုထိမှန်ကာ ကြီးမားစွာပျက်စီး သွားပြီးနောက် လေယာဉ်ကို ထိန်းသိမ်း၍မရတော့သည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ လေယာဉ် ပျက်မကျမီ Su-30 တိုက်လေယာဉ်မှူးနှစ်ဦးစလုံး လေယာဉ်မှ ခုန်ထွက်နိုင်ခဲ့ကြသည်။
ရုရှားတပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာ ရုရှားဖက်ဒရေးရှင်း စုံစမ်းစစ်ဆေးရေးကော်မ တီ၏ တပ်မတော်စုံစမ်းစစ်ဆေးရေးညွှန်ကြားရေးမှူးက ဗိုလ်မှူးဆာဗီးလက်ဗ်တွင် အပြစ်ရှိကြောင်း အစီရင်ခံခဲ့ သည်။

ရုရှားလေတပ်၏ လုပ်ထုံးလုပ်နည်းများအရ လေ့ကျင့်ခန်းဆင်းမည့် လေယာဉ်များတွင် သေနတ်အစစ်များကို ဖြုတ်ထားပြီး သေနတ်ကင်မရာများကို တပ်ဆင်ထားရမည်ဖြစ်သည်။ ကျည်စစ်ကျည်မှန်များနှင့် ပစ်ခတ်သည့် လက်နက်စနစ်တစ်ခုလုံးကိုအသက််မဲ့အောင် (ပစ်ခတ်၍မရအောင်) ပြုလုပ်ထားရမည်ဖြစ်သည်။ ၎င်းအပြင် လေ့ကျင့်ခန်းမစမီ တိုက်လေယာဉ်မှူးသည် ၎င်းလေယာဉ်တွင်တပ်ဆင်ထားသည့် (သေနတ်ကင်မရာ) လက် နက်ကို ဘေးကင်းလုံခြုံသည့်နေရာတစ်ခုခုသို့ စမ်းသပ်ပစ်ခတ်ခြင်းဖြင့် ထပ်မံစစ်ဆေးကြည့်ရမည်ဖြစ်သည်။
ဗိုလ်မှူးဆာဗီးလက်ဗ်သည် စစ်ဆင်ရေးစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ကြေညာခံထားရသည့် ထပ်မံစစ်ဆေးမှုများကို ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ကော်မတီက အစီရင်ခံခဲ့သည်။

သို့သော် မြေပြင်တပ်ဖွဲ့ဝင်များ (စက်မှုလက်မှုစစ်သည်များ) က စက်အမြောက်ကျည်ခါးပတ်ကိုဖြုတ်ပစ်ရမည် ဖြစ်သလို လက်နက်စနစ်တစ်ခုလုံးကိုလည်း ဖြုတ်ထားရမည်ဖြစ်ကြောင်း ပြန်လည်တင်ပြရင်း တိုက်လေယာဉ် မှူးဗိုလ်မှူးဆာဗီးလက်ဗ်က စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့၏ ဆုံးဖြတ်ချက်ကို အသနားခံတင်ပြခဲ့သည်။

လေ့ကျင့်ခန်းကို တတ်နိုင်သမျှ တကယ့်တိုက်ပွဲဖြစ်စဉ်နီးပါးတူအောင် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သဖြင့် နောက်ဆက်တွဲစစ်ဆေး မှုများကိုလည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဗိုလ်မှူးဆာဗီးလက်ဗ်ကပြောသည်။
ဗိုလ်မှူးဆာဗီးလက်ဗ်က အသနားခံတင်ပြခဲ့ပြီးနောက် ၎င်း၏အမှုကို ထဗားမြို့ မြို့စောင့်တပ်ရှိ စစ်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အမှုစီရင်ချက်ချမည့်နေ့ကို မသိရသေးကြောင်း Kommersant သတင်းစာတွင်ရေး သားဖော်ပြထားသည်။

Ref: Russian pilot who shot down partner to face military trial
crd