တာလီဘန်တွေ ကွိုင်စတက်နေပြီလို့ကြားပါတယ်

တာလီဘန်တွေ ပြဿနာတတ်နေပီ

“ပြဿနာက ခုမှစမှာ”

အမေရိကန်နဲ့ နေတိုး တပ်တွေ သွားကြပြီ တာလီဘန်တွေ ဆက်လုပ် ရတော့မယ် အာဖဂန်ဟာ ကုန်းတွင်းပိတ် နိုင်ငံ နယ်စပ်ကားလမ်းတွေနဲ့ လေဆိပ်တွေပဲ ထွက်ပေါက်ရှိတယ် လေဆိပ်တွေအရေးပါတယ်

ခက်တာက တာလီဘန်တွေမှာ လေဆိပ်တွေ ထိန်းသိမ်းဖို့ ပညာမရှိဘူး သူတို့မှာ လက်နက်ငယ် လက်နက်လတ်တွေပဲ ကျွမ်းတယ် လက်နက်ကြီးတောင် စနစ်တကျမကိုင်နိုင်ဘူး

သူတို့ဟာ ရှာရီယာလော နဲ့ ဘယ်လိုကွပ်ညှပ်ရမလဲ ဆိုတာပဲ madrassas ​​ကျောင်းတွေမှာ သင်ဖူးတယ် သေရဲတယ် တိုက်ရဲတယ် ဒါပေမဲ့ ကျန်တာသိပ်မရဘူး

ကဘူးလ်က နေ အမေရိကန်တွေ နောက်ဆုံးလေယာဉ်နဲ့ ထွက်သွားတော့ ငါတို့လွတ်လပ်ပြီ ဆိုပြီး သေနတ်တွေထောင်ဖောက်ကြတယ် ကျည်ဆန်ကုန်တဲ့အခါ အားလုံးငြိမ်သွားကြတယ်

ငါတို့ဘာဆက် လုပ်ကြမလဲ ဆိုတဲ့အတွေးကိုယ်စီနဲ့ကုန်းပိတ်နိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်ပြန်ဖွင့်မှရမယ် ဒါပေမဲ့ သူတို့မဖွင့်တတ်ဘူး အေတီစီပညာရပ်တွေ နားမလည်ဘူး အင်မီဂရေးရှင်းကို မလုပ်တတ်ဘူး ဂရောင်းစတတ်ဖ်တွေ မလုပ်တတ်ဘူး အကုန်လုံးနီးပါး အမေရိကန်တွေနဲ့အတူပါသွားပြီ

ဘလက်ဟော့ခ် ရဟတ်ယာဉ်တွေ ဘယ်လိုမောင်းရမလဲ သူတို့ကွိုင်နေပြီ တူရကီနဲ့တော့စကားပြောထားတယ် လေဆိပ်ကို အလုပ်ဖြစ်အောင် တာဝန်ယူပေးဖို့ပေါ့

ဒါပေသိ တူရကီ သမ္မတ အာဒိုဂန်က တာလီဘန်တွေကို မယုံရဲဘူးဆိုတဲ့ပုံပေါ်နေတယ် တာလီဘန်တွေ ဘယ်လိုပင် ဘာအခွင့်အရေးတွေ အာမခံတယ်ပြောနေပေမယ့် ဘယ်တော့စိတ်ထဖောက်မလဲ အာမမခံနိုင်ဘူးဆိုတဲ့အတွေး စွဲထင်နေတယ်

ထွက်ပေါက်မရှိရင် စီးပွားမရှိဘူး စီးပွားမရှိရင်ငတ်သေရုံပဲပေါ့ စာမတတ်တဲ့ သူတွေ အာဏာရလာတာကို အာဖဂန်ဟာ နဖူးတွေ့ ဒူးတွေ့ စတွေ့နေတယ်လို့ဆိုပါတယ် သေနတ်တွေဟာ တာလီဘန်တွေကို အာဏာရ အောင်လုပ်ပေးနိုင်တာမှန်ပေမဲ့ ဆက်လက်အုပ်စိုးဖို့ မတတ်နိုင်ဘူးလို့ဆိုနေကြပါတယ်

လေဆိပ်ကို မောင်းနှင်ဖို့ နိုင်ငံတကာလေကြောင်းတွေလာဖို့ လုံခြုံရေး တာဝန်ယူဖို့ တာလီဘန်တွေ သင်ကြားရပါဦးမယ် တာလီဘန်တွေ ကွိုင်စတက်နေပြီလို့ကြားပါတယ်
Pi Lon
Ref Aljazeeras

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တာလီဘန်တွေ တာလီဘန်တွေ ကွိုင်စတက်နေပြီလို့ကြားပါတယ်

“ပြဿနာက ခုမှစမှာ”







ဒါပေသိ တူရကီ သမ္မတ အာဒိုခန်က တာလီဘန်တွေကို မယုံရဲဘူးဆိုတဲ့ပုံပေါ်နေတယ် တာလီဘန်တွေ ဘယ်လိုပင် ဘာအခွင့်အရေးတွေ အာမခံတယ်ပြောနေပေမယ့် ဘယ်တော့စိတ်ထဖောက်မလဲ အာမမခံနိုင်ဘူးဆိုတဲ့အတွေး စွဲထင်နေတယ်

ထွက်ပေါက်မရှိရင် စီးပွားမရှိဘူး စီးပွားမရှိရင်ငတ်သေရုံပဲပေါ့ စာမတတ်တဲ့ သူတွေ အာဏာရလာတာကို အာဖဂန်ဟာ နဖူးတွေ့ ဒူးတွေ့ စတွေ့နေတယ်လို့ဆိုပါတယ် သေနတ်တွေဟာ အာဏာရ အောင်လုပ်ပေးနိုင်တာမှန်ပေမဲ့ ဆက်လက်အုပ်စိုးဖို့ မတတ်နိုင်ဘူးလို့ဆိုနေကြပါတယ်

Pi Lon
Ref Aljazeeras