
တလ မြန်မာငွေ ၂၉ သိန်း ရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လည်ခေါ်ယူ ဖြစ်တဲ့ ကိုရီးယား နိုင်ငံ

ကိုဗစ် ကူးစက်ရောဂါကြောင့် ၂ နှစ်ခန့် ပြည်ဝင်ခွင့် ပိတ်ထားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက EPS စနစ်နဲ့ မြန်မာလုပ်သား (၁၂၈) ဦး ပြန်လည်စတင်ခေါ်ယူခဲ့ပြီး ၊ ဧပြီ ၂၈ ရက်နေ့မှာ အင်ချွန်းအပြည်ပြည်ဆိုင်ဂာ လေဆိပ်မှတဆင့် ရောက်ရှိလာတယ်လို့ သိရပါတယ်။ မြန်မာအလုပ်သမားတွေခေါ်ယူရာမှာ

Re-entry လုပ်သား (၄၅) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၇၂) ဦးနှင့် ဆောက်လုပ်ရေး လုပ်သားသစ် (၁၁) ဦး စုစုပေါင်း (၁၂၈) ဦးတို့ကို ခေါ်ယူခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့သွားရောက်အလုပ်လုပ်ကိုင်နေတဲ့

မြန်မာအလုပ်သမားဦးရေ စုစုပေါင်း (၃၀၀၀၀) ကျော် ရှိနေတယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွက် အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီလျှင် ၉၁၆၀ ဝမ် ရရှိကာ တစ်လလုပ်ခလစာ

ဝမ် သိန်း ၂၀ ခန့် (မြန်မာငွေ ၂၉ သိန်း‌) ရှိနေသည့်အတွက် သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားဦးရေ နှစ်စဉ်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

crd-Myanmar Embassy in SEOUL

ယူနိကုတ်





crd-Myanmar Embassy in SEOUL