♦♦♦တရုတ်နိုင်ငံက အမေရိကန်အပေါ် အကြီးမားဆုံး နျူကလီးယား ခြိမ်းခြောက်မှုအန္တရယ်ပေးလာနိုင်မဲ့ နိုင်ငံဖြစ်လာတော့မည်

♦♦♦တရုတ်နိုင်ငံက အမေရိကန်အပေါ် အကြီးမားဆုံး နျူကလီးယား ခြိမ်းခြောက်မှုအန္တရယ်ပေးလာနိုင်မဲ့ နိုင်ငံဖြစ်လာတော့မည်

နျူကလီးယားလက်နက်တွေကို ဦးစားပေးတည်ဆောက်နေတဲ့တရုတ်နိုင်ငံဟာ များမကြာမီအချိန်အတွင်းမှာပင် ရုရှားနိုင်ငံကိုကျော်ဖြတ်ပြီး အမေရိကန် အပေါ်အကြီးမားဆုံးနျူးကလီးယားခြိမ်းခြောက်မှုပြုလာနိုင်မဲ့နိုင်ငံဖြစ်လာလိမ့်မယ်လို့ အမေရိကန်စစ်တပ်ရဲ့ ထိပ်သီးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီလိုပြောကြားခဲ့ရခြင်းရဲ့အကြောင်းရင်းအစစ်အမှန်ဟာ အမေရိကန်နဲ့ တရုတ်တို့အကြား နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီး သဘောတူ ညှိနှိုင်းမှုယူထားခြင်းတစ်စုံတစ်ရာမရှိခြင်းကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

အကယ်၍၎င်းတို့ ၂ နိုင်ငံအကြား နားလည်မှုလွဲမှားစေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပွားလာခဲ့ပါက အဲ့ဒီအခြေအနေကို ရှောင်လွှဲနိုင်မဲ့ နည်းလမ်းတွေလည်း ရှိမနေကြောင်း သတိပေးပြောဆိုခဲ့ပါသေးတယ်။

တရုတ်နိုင်ငံရဲ့ တရှိန်ထိုးတိုးတက်နေတဲ့စီးပွားရေးနဲ့စစ်အင်အားကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် အမေရိကန်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်ဖို့ကြိုး စားလျက်ရှိနေပါတယ်။

ရှေ့ဆက်ရင်ဆိုင်ရမဲ့အန္တရယ်ဟာ ရုရှားရဲ့ခြိမ်းခြောက်မှုမဟုတ်ဘဲ တရုတ်ရဲ့ခြိမ်းခြောက်မှုတွေ ပိုမိုများပြားလာနိုင်ဖွယ်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ထိုသို့ ပြောဆိုမှုဟာ တရုတ်တို့ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူး အရေအတွက် တစ်ခုတည်းအပေါ် အခြေခံတွက် ချက်ထားခြင်း မဟုတ်ဘဲ မြေပြင်မှာလက်တွေ့လုပ်ဆောင်မှုကဏ္ဍအပေါ်ကိုလည်း အခြေခံ ပြောဆိုထားကြောင်း သိရပါတယ်။

တရုတ်နိုင်ငံဟာ ဒုံးကျည်လက်နက်တွေကိုပစ်လွှတ်ဘို့ အသင့်အနေအထားပြင်ဆင်ထားတဲ့ မြေအောက်စခန်းတွေကို ရာနဲ့ချီပြီးဆောက်လုပ်နေတဲ့ ဂြိုဟ်တုဓာတ်ပုံများကိုအခြေခံပြီး အမေရိကန်ကျွမ်းကျင်သူများအဖွဲ့က အခုလိုသတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။
Crd..worldupdate