တရုပ် လျှို့ဝှက်တိုက်ခိုက်ရေး ရဟတ်ယာဉ် – The Geek Text

တရုပ် လျှို့ဝှက်တိုက်ခိုက်ရေး ရဟတ်ယာဉ် – The Geek Text



Post Views:
9

တရုပ် လျှို့ဝှက်တိုက်ခိုက်ရေး ရဟတ်ယာဉ်

ဒီတခါတော့ တရုပ်တို့ရဲ့ လူသိနည်းသေးတဲ့ လျှို့ဝှက်တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးအကြောင်း တင်ပြလိုက်ပါတယ်။ သူ့အမည်ကတော့ ဇီတန်း (Z-10) ဖြစ်ပါတယ်။

ဇီတန်းကို ၁၉၉၀ ခုနှစ်လယ်လောက်က စတင်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီဇိုင်းပိုင်းကို Eouro Copter နဲ့ Agusta တို့က ပံ့ပိုကူညီထားတယ်လို့ဆိုပါတယ်။

တချို့ကတော့ ရုရှားရဲ့ kamov ဟယ်လီကော်ပတာ ဒီဇိုင်းဗျူရိုက ရယူတာလို့လဲ ဆိုကြပါတယ်။ ဇီတန်းရဲ့ ပထမဆုံးပျံသန်းမှုက ၂၀၀၃ ခုနှစ်ကျမှသာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို Gunship အဖြစ် ပထမဆုံးထုတ်လုပ်ကာ တရုပ်စစ်တပ်ကို ၂၀၀၉-၂၀၁၀ ခုနှစ်မှာ လွှဲပေးခဲ့ပါတယ်။

အခုလောလောဆယ် တရုပ်စစ်တပ်မှာ တွင်ကျယ်စွာ အသုံးပြုနေပါတယ်။ ဒီရဟတ်ယာဉ် ၃ စီးကို ၂၀၁၅ ခုနှစ်မှာ ပါကစ္စတန်ကို ရောင်းချခဲ့ပါတယ်။

ဇီတန်းဟာ AH-2 Rooivolk, Mangusta A-129 တို့နှင့် တတန်းစားထဲဟု သတ်မှတ်နိုင်သော်လည်း AH-64 Apache လောက်တော့ မစွမ်းနိုင်ပေ။ အပါချီ (Apache) တိုက်ခိုက်ရေးရဟတ်ယာဉ်အကြောင်းလည်း Knight News မှာ တင်ပြထားပြီးဖြစ်ပါတယ်။

အစဦးက မြေပြင် သံချပ်ကာယာဉ်များကို စစ်ပွဲအတွင်း ဟန့်တားတိုက်ခိုက်ရေးအတွက် သုံးခဲ့တာ ဖြစ်ပါတယ်။ ဝေဟင်မှဝေဟင် တိုက်ခိုက်ရေးအတွက်က သူ့မှာ အကန့်အသတ်တချို့တော့ ရှိနေပါသေးတယ်။

အနည်းငယ် ကျဉ်းမြောင်းတဲ့ ကိုယ်ထည်နဲ့ ရှေ့နောက်ဆက် ထိုင်ခုံနှစ်ခု တပ်ဆင်ထားပါတယ်။ သေနတ်သမားက ရှေ့ခုံမှာထိုင်ပြီး ပိုင်းလော့က နောက်မှာပါ။

ကိုယ်ထည်ကို ခပ်ကွေးကွေးပုံစံထုတ်ထားပြီး ရေဒါပုံရိပ် သေးငယ်အောင် လုပ်ထားတာပါ။ခေါင်းခန်းတစ်ခုလုံးကို ကျည်ဒါဏ်ခံနိုင်အောင် ကာရံထားပါတယ်။

လက်နက်အနေနဲ့ ၃၀ မီလီမီတာ စက်သေနတ်တပ်ထားပြီး HJ-9, HJ -10 တင့်ဖျက်ဒုံးကျည်တွေ တပ်ဆင်နိုင်ပါတယ်။

ဒီဒုံးတွေက လမ်းညွှန်ပဲ့ထိန်းဒုံးတွေဖြစ်ပြီး TOW-2A နဲ့ ယှဉ်နိုင်တယ်လို့ဆိုပါတယ်။ အသစ်ထွက်တဲ့ HJ-10 ဆိုရင် AGM-114 Hellfire နဲ့တောင်တူညီတဲ့စွမ်းရည်ရှိတယ်ဆိုပါတယ်။ TY-90 ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်လဲ တပ်ဆင်ထားပါသေးတယ်။

အင်ဂျင်နှစ်လုံးတပ်အမျိုးအစားဖြစ်ပြီး ကနေဒါနိုင်ငံထုတ် Pret& Whitney PT6C-76C အင်ဂျင်က မြင်းကောင်ရေ ၁၅၃၀ လောက် ထုတ်ပေးပါတယ်။ခုနောက်ပိုင်း ပြည်တွင်းဖြစ် WZ-9 အင်ဂျင်တွေနဲ့ အစားထိုးဖို့ ကြိုးစားနေပါတယ်။

အီလက်ထရောနစ်စနစ်ကတော့ fly by wire system ကို သုံးပါတယ်။ အပါချီလိုဘဲ Halmet mounted display ရယ် infrared sensor တွေ သုံးထားပါတယ်။ ရန်သူ့ရေဒါကို တန်ပြန်နှောင့်ယှက်နိုင်တဲ့ Radar Humming System ပါဝင်ပါတယ်။

ပြည်ပကို ပို့ဆောင်ဖို့ Z-10 MP အမျိုးအစားကို ထုတ်လုပ်နေပြီး ၂၀၂၃ ခုနှစ်မှာ တင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

ဆက်လက်တင်ပြပါအုံးမယ်။ကျေးဇူးတင်ပါတယ်။

Knight News Team

Crd

Crd

arkarta