တရုတ်၏ စစ်ရေးလှုပ်ရှားမှု မြင့်တက်လာမှု‌‌ကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲရန် စီစဉ်

တရုတ်၏ စစ်ရေးလှုပ်ရှားမှု မြင့်တက်လာမှု‌‌ကြောင့် ထိုင်ဝမ်က တိုက်လေယာဉ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲရန် စီစဉ်

လာမည့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုတွင် အသင့်အတင့် အရှိန်အဟုန်တစ်ခု ရှိမည်ဟု ထိုင်ဝမ်က သြဂုတ် ၂၆ ရက်တွင် ကြေညာခဲ့သော်လည်း တိုက်လေယာဉ်သစ်များအတွက်မူ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။ ပေကျင်းဘက်မှ တိုးမြှင့်ဖိအားပေးမှုနှင့် ရင်ဆိုင်ရစဉ် ထိုင်ဝမ်ကျွန်းအနေဖြင့် ယင်း၏ တပ်ဖွဲ့များကို ‌အထောက်အပံ့ပြု အားဖြည့်လုပ်ဆောင်နေသည်။

တရုတ်သည် ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်ကျွန်းအနီး တိုက်ခိုက်ချေမှုန်းမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းအပါအဝင် ထိုင်ဝမ်အနီး ယင်း၏ စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်တင်ထားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ယင်း၏ ထိန်းချုပ်မှုအောက် သွတ်သွင်းရမည့် နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းပိုက်ရမည်ဟု ဆိုထားသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် အစိုးရသည် ဇန်နဝါရီတွင် စတင်မည့် နှစ်အတွက် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံခန့် သုံးစွဲမည်ဟု အဆိုပြုထားရာ ယင်းက ယခုနှစ် ဘတ်ဂျက် ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံကနေ မြင့်တက်သွားခြင်း ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။
ထို အသုံးစရိတ် ကိန်းဂဏန်းများထဲတွင် တိုက်လေယာဉ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အသုံးစရိတ်လည်း ပါဝင်သည်။

အ‌သေးစိတ်အချက်အလက်များကို အစိုးရက ထုတ်ဖော်ခြင်း မရှိသော်လည်း ယင်းသည် F-16 တိုက်လေယာဉ်များ ဖြစ်ဖွယ် ရှိသည်။အမေရိကန်သည် ထိုင်ဝမ်ကို ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များ ရောင်းချမှုတစ်ရပ်ကို ၂၀၁၉ ခုနှစ်က အတည်ပြုထားခဲ့ရာ ယင်းသဘောတူညီချက်အရ ထိုင်ဝမ်ကျွန်း၏ အဆိုပါ တိုက်လေယာဉ်စုစုပေါင်းအရေအတွက်ကို အစင်း ၂၀၀ ကျော်အထိ ရှိသွားစေမည်ဖြစ်ရာ ယင်းက အာရှဒေသတွင် အကြီးဆုံး F-16 အုပ်စုလည်း ဖြစ်လိမ့်မည်ဖြစ်သည်။

နှုန်းထား တိုးမြှင့်မှုက ယခုနှစ်အတွက် အသုံးစရိတ်သတ်မှတ်ခဲ့မှု ၁၀ ရာခိုင်နှုန်း မြင့်တက်မှုထက် ပိုမို သေးငယ်နေလိမ့်မည် ဖြစ်ကြောင်း အစိုးရဒေတာများအပေါ် အခြေပြုပြီး ရိုက်တာ၏ တွက်ချက်မှုများအရ သိရသည်။မတ်က မတ်လက ပြောကြားရာတွင် ယင်း၏ ၂၀၂၁ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၀ ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်မည်ဟု ပြောခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဂယက်ရိုက်မှုများကနေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုင်ဝမ်၏ အဆိုပြုထားသည့် ကာကွယ်ရေးဘတ်ဂျက်သည် လာမည့်နှစ်အတွက် တတိယအကြီးဆုံး အစိုးရ အသုံးစရိတ် ဖြစ်ပြီး ယင်း၏ အထက်တွင် လူမှုဖူလုံရေး အသုံးစရိတ်နှင့် ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုတို့အတွက် စုစုပေါင်း အသုံးစရိတ်တို့ ရှိနေသည်။ဘတ်ဂျက်ကို ပါလီမန်က အတည်ပြုပေးရလိမ့်မည် ဖြစ်ပြီး ပါလီမန်တွင် သမ္မတဆိုင်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက အမတ်အများစု ရှိနေရာ ယင်းကို အတည်ပြုမှုမှာ အလွယ်တကူ ရှိနေမည် ဖြစ်သည်။

သမ္မတ ဆိုင်သည် ထိုင်ဝမ်၏ စစ်တပ်ကို လက်နက်ကောင်းစွာ တပ်ဆင်ပြီး ခေတ်မီအောင် လုပ်ဆောင်နေကာ ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးအဖြစ် တိုးမြှင့်လုပ်ဆောင်ထားသော်လည်း ယင်းသည် တရုတ်၏ စစ်တပ်နှင့် ယှဉ်ပါက သေးငယ်နေသည်။သမ္မတ ဆိုင်၏ ကြိုးပမ်းလုပ်ဆောင်နေမှု၏ တစိတ်တ‌ဒေသမှာ တရုတ်၏ ကျူးကျော်မှုကို တတ်နိုင်သမျှ ခက်ခဲစေရေးအတွက် ထိုင်ဝမ်ကို အဆင့်မြင့်ပြီး ရွေ့လျားနိုင်မှု မြင့်မားသည့် လက်နက်များ တင်ဆင်ထားသည့် “ဖြူကောင်” သဖွယ် ဖန်တီးခြင်းပင် ဖြစ်သည်။
Crd..MOE WIN OO
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
တ႐ုတ္၏ စစ္ေရးလႈပ္ရွားမႈ ျမင့္တက္ေနစဥ္ ထိုင္ဝမ္က တိုက္ေလယာဥ္သစ္မ်ားအတြက္ ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ သုံးစြဲရန္ စီစဥ္

လာမည့္ႏွစ္အတြက္ ကာကြယ္ေရးအသုံးစရိတ္ သုံးစြဲမႈတြင္ အသင့္အတင့္ အရွိန္အဟုန္တစ္ခု ရွိမည္ဟု ထိုင္ဝမ္က ၾသဂုတ္ ၂၆ ရက္တြင္ ေၾကညာခဲ့ေသာ္လည္း တိုက္ေလယာဥ္သစ္မ်ားအတြက္မူ ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ သုံးစြဲမည္ျဖစ္ေၾကာင္း သိရသည္။ ေပက်င္းဘက္မွ တိုးျမႇင့္ဖိအားေပးမႈႏွင့္ ရင္ဆိုင္ရစဥ္ ထိုင္ဝမ္ကၽြန္းအေနျဖင့္ ယင္း၏ တပ္ဖြဲ႕မ်ားကို ‌အေထာက္အပံ့ျပဳ အားျဖည့္လုပ္ေဆာင္ေနသည္။

တ႐ုတ္သည္ ၿပီးခဲ့သည့္အပတ္က ထိုင္ဝမ္ကၽြန္းအနီး တိုက္ခိုက္ေခ်မႈန္းမႈဆိုင္ရာ စစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္ျခင္းအပါအဝင္ ထိုင္ဝမ္အနီး ယင္း၏ စစ္ေရးလႈပ္ရွားမႈမ်ားကို အရွိန္ျမႇင့္တင္ထားခဲ့သည္။ တ႐ုတ္သည္ ထိုင္ဝမ္ကို ယင္း၏ ထိန္းခ်ဳပ္မႈေအာက္ သြတ္သြင္းရမည့္ နယ္ေျမတစ္ခုအျဖစ္ ရႈျမင္ထားၿပီး လိုအပ္ပါက အင္အားသုံး သိမ္းပိုက္ရမည္ဟု ဆိုထားသည္။

ထိုင္ဝမ္သမၼတ ဆိုင္အင္ဝမ္ အစိုးရသည္ ဇန္နဝါရီတြင္ စတင္မည့္ ႏွစ္အတြက္ စစ္ေရးအသုံးစရိတ္ ေဒၚလာ ၁၆ ဒသမ ၉ ဘီလီယံခန႔္ သုံးစြဲမည္ဟု အဆိုျပဳထားရာ ယင္းက ယခုႏွစ္ ဘတ္ဂ်က္ ေဒၚလာ ၁၆ ဒသမ ၂ ဘီလီယံကေန ျမင့္တက္သြားျခင္း ျဖစ္ေၾကာင္း ထိုင္ဝမ္အစိုးရ၏ ထုတ္ျပန္ခ်က္တစ္ခုတြင္ ေျပာသည္။
ထို အသုံးစရိတ္ ကိန္းဂဏန္းမ်ားထဲတြင္ တိုက္ေလယာဥ္သစ္မ်ားအတြက္ ေဒၚလာ ၁ ဒသမ ၄ ဘီလီယံ အသုံးစရိတ္လည္း ပါဝင္သည္။

အ‌ေသးစိတ္အခ်က္အလက္မ်ားကို အစိုးရက ထုတ္ေဖာ္ျခင္း မရွိေသာ္လည္း ယင္းသည္ F-16 တိုက္ေလယာဥ္မ်ား ျဖစ္ဖြယ္ ရွိသည္။အေမရိကန္သည္ ထိုင္ဝမ္ကို ေဒၚလာ ၈ ဘီလီယံတန္ဖိုးရွိ F-16 တိုက္ေလယာဥ္မ်ား ေရာင္းခ်မႈတစ္ရပ္ကို ၂၀၁၉ ခုႏွစ္က အတည္ျပဳထားခဲ့ရာ ယင္းသေဘာတူညီခ်က္အရ ထိုင္ဝမ္ကၽြန္း၏ အဆိုပါ တိုက္ေလယာဥ္စုစုေပါင္းအေရအတြက္ကို အစင္း ၂၀၀ ေက်ာ္အထိ ရွိသြားေစမည္ျဖစ္ရာ ယင္းက အာရွေဒသတြင္ အႀကီးဆုံး F-16 အုပ္စုလည္း ျဖစ္လိမ့္မည္ျဖစ္သည္။

ႏႈန္းထား တိုးျမႇင့္မႈက ယခုႏွစ္အတြက္ အသုံးစရိတ္သတ္မွတ္ခဲ့မႈ ၁၀ ရာခိုင္ႏႈန္း ျမင့္တက္မႈထက္ ပိုမို ေသးငယ္ေနလိမ့္မည္ ျဖစ္ေၾကာင္း အစိုးရေဒတာမ်ားအေပၚ အေျချပဳၿပီး ရိုက္တာ၏ တြက္ခ်က္မႈမ်ားအရ သိရသည္။မတ္က မတ္လက ေျပာၾကားရာတြင္ ယင္း၏ ၂၀၂၁ ကာကြယ္ေရးအသုံးစရိတ္သည္ ၂၀၂၀ ကထက္ ၆ ဒသမ ၈ ရာခိုင္ႏႈန္း ျမင့္တက္မည္ဟု ေျပာခဲ့သည္။ ကမၻာ့ဒုတိယအႀကီးဆုံး စီးပြားေရးနိုင္ငံသည္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ၏ ဂယက္ရိုက္မႈမ်ားကေန ထြက္ေပၚလာခဲ့ၿပီ ျဖစ္သည္။

ထိုင္ဝမ္၏ အဆိုျပဳထားသည့္ ကာကြယ္ေရးဘတ္ဂ်က္သည္ လာမည့္ႏွစ္အတြက္ တတိယအႀကီးဆုံး အစိုးရ အသုံးစရိတ္ ျဖစ္ၿပီး ယင္း၏ အထက္တြင္ လူမႈဖူလုံေရး အသုံးစရိတ္ႏွင့္ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈတို႔အတြက္ စုစုေပါင္း အသုံးစရိတ္တို႔ ရွိေနသည္။ဘတ္ဂ်က္ကို ပါလီမန္က အတည္ျပဳေပးရလိမ့္မည္ ျဖစ္ၿပီး ပါလီမန္တြင္ သမၼတဆိုင္၏ ဒီမိုကရက္တစ္ တိုးတက္ေရးပါတီက အမတ္အမ်ားစု ရွိေနရာ ယင္းကို အတည္ျပဳမႈမွာ အလြယ္တကူ ရွိေနမည္ ျဖစ္သည္။

သမၼတ ဆိုင္သည္ ထိုင္ဝမ္၏ စစ္တပ္ကို လက္နက္ေကာင္းစြာ တပ္ဆင္ၿပီး ေခတ္မီေအာင္ လုပ္ေဆာင္ေနကာ ကာကြယ္ေရးအသုံးစရိတ္ကို ဦးစားေပးအျဖစ္ တိုးျမႇင့္လုပ္ေဆာင္ထားေသာ္လည္း ယင္းသည္ တ႐ုတ္၏ စစ္တပ္ႏွင့္ ယွဥ္ပါက ေသးငယ္ေနသည္။သမၼတ ဆိုင္၏ ႀကိဳးပမ္းလုပ္ေဆာင္ေနမႈ၏ တစိတ္တ‌ေဒသမွာ တ႐ုတ္၏ က်ဴးေက်ာ္မႈကို တတ္နိုင္သမၽွ ခက္ခဲေစေရးအတြက္ ထိုင္ဝမ္ကို အဆင့္ျမင့္ၿပီး ေရြ႕လ်ားနိုင္မႈ ျမင့္မားသည့္ လက္နက္မ်ား တင္ဆင္ထားသည့္ “ျဖဴေကာင္” သဖြယ္ ဖန္တီးျခင္းပင္ ျဖစ္သည္။
Crd..MOE WIN OO
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။