တရုတ်အပေါ် အမျက်ဒေါသထွက်နေသည့် နိုင်ငံများအနေဖြင့် ရှီကျင့်ဖျင်၏ ပျော့ကွက်ကို အသုံးချသွား၍ ရနိုင်ဟု ဆို

တရုတ်အပေါ် အမျက်ဒေါသထွက်နေသည့် နိုင်ငံများအနေဖြင့် ရှီကျင့်ဖျင်၏ ပျော့ကွက်ကို အသုံးချသွား၍ ရနိုင်ဟု ဆို

ယူကေနှင့် အခြားသော ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ ပျော့ကွက်အပေါ် အခွင့်ကောင်းယူ အသုံးချသွား၍ ရနိုင်ကြောင်း ယူကေ အောက်လွှတ်တော် ကာကွယ်ရေးဆိုင်ရာ အထူးကော်မတီ ဥက္ကဋ္ဌ၊ ကွန်ဆာတေးဗစ်အမတ် တိုဘိုင်ယာ့စ် အယ်လ်ဝု(ဒ်)က အခိုင်အမာ ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းနှင့် နိုင်ငံတကာအလယ်တွင် ပြုမူလုပ်ဆောင်ချက်များမှာ လက်သင့်ခံနိုင်စရာ မရှိကြောင်းနှင့် အဆိုပါ ကွန်မြူနစ်နိုင်ငံကို ယင်း၏လမ်းကြောင်းအတိုင်း ဆက်သွားနေခြင်းကနေ တားဆီးရလိမ့်မည်ဖြစ်ကြောင်း မစ္စတာ အယ်လ်၀ုဒ်က Express.co.uk နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ယင်းကို လုပ်ဆောင်ရန် အကြီးမားဆုံး နည်းလမ်းတစ်ခုမှာ တရုတ်၏ စီးပွားရေးကို လွှမ်းမိုးရန်ပင်ဖြစ်ကြောင်း အဆိုပါ ကွန်ဆာတေးဗစ်ပါတီ၀င် လွှတ်တော်အမတ်က ပြောသည်။

တရုတ်သည် ကုန်သွယ်မှုအတွက် ကမ္ဘာ့နိုင်ငံများအပေါ် ဆက်လက်အမှီအခိုပြုနေရဆဲဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောသည်။
ယင်းကို အာရုံပြုလျက်ဖြင့် တရုတ်တို့ ဒဏ်ခတ်မခံရဘဲဖြင့် ယင်း၏ သဘောဆန္ဒများအတိုင်း လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ခြင်း မရှိစေရန် ကမ္ဘာလုံးဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ ကုန်သွယ်မှု စည်းမျဥ်းသစ်များ ထူထောင်ရမည်ဖြစ်ကြောင်း ၎င်းက အကြံပြုပြောဆိုခဲ့သည်။

“ဖြစ်နိုင်ခြေရှိ စစ်အေးတိုက်ပွဲတစ်ခုဆီ ကျွန်တော်တို့ ဦးတည်နေစဥ်မှာ အလေးပေး ပြောရမယ့် တရုတ်ရဲ့ အကြီးဆုံး ပျော့ကွက်ကတော့ ကျွန်တော် ထင်ပါတယ်၊ ကုန်သွယ်မှုပဲ ဖြစ်ပါတယ်” ဟု မစ္စတာ အယ်လ်ဝု(ဒ်)က ပြောခဲ့သည်။

“တရုတ်အနေနဲ့ ယင်းရဲ့ ကြီးထွားလာနေတဲ့ အလယ်အလတ်တန်းစားတွေကို ကျွေးမွေးဖို့အလို့ငှာ ကုန်သွယ်မှုပြုဖို့အတွက် ကမ္ဘာ့ကျန်နိုင်ငံတွေနဲ့အကြား ဆက်ဆံရေးတစ်ခု ရှိဖို့ လိုအပ်ပါတယ်”
“အရမ်းကို အမှီအခိုကင်းခဲ့ပြီး အရမ်းကို မိမိဘာသာအားဖြည့်ခဲ့တဲ့ ဆိုဗီယက် ယူနီယံနဲ့ မတူပဲ ယင်းရဲ့ စီးပွားရေးကို အောင်မြင်စည်ပင်ခွင့်ပြုတာ ဖြစ်ပါတယ်”

“ကျွန်တော်တို့ တရုတ်ကို ဦးတည်ရာ လှည့်စေအောင် လုပ်နိုင်မယ်ဆိုရင် တရုတ်ဟာ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ပါဘူး၊ ဒါက တရုတ်ရဲ့ ရာစုနှစ်ပါပဲ” ဟု မစ္စတာ အယ်လ်၀ုဒ်က ပြောသွားခဲ့သည်။

“ပြီးတော့ ကျွန်တော်တို့ လုပ်သွားရမှာက ကမ္ဘာ့ဂျီဒီပီ အများစုကို ကိုယ်စားပြုမယ့် နိုင်ငံတွေ ပါ၀င်အတည်ပြုဖို့ လိုအပ်မယ့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနဲ့ လုံခြုံရေးစည်းမျဥ်းတွေ ထူထောင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

Mizzima

zawgyi

တ႐ုတ္အေပၚ အမ်က္ေဒါသထြက္ေနသည့္ နိုင္ငံမ်ားအေနျဖင့္ ရွီက်င့္ဖ်င္၏ ေပ်ာ့ကြက္ကို အသုံးခ်သြား၍ ရနိုင္ဟု ဆို

ယူေကႏွင့္ အျခားေသာ ကမၻာ့နိုင္ငံမ်ားအေနျဖင့္ တ႐ုတ္နိုင္ငံ၏ ေပ်ာ့ကြက္အေပၚ အခြင့္ေကာင္းယူ အသုံးခ်သြား၍ ရနိုင္ေၾကာင္း ယူေက ေအာက္လႊတ္ေတာ္ ကာကြယ္ေရးဆိုင္ရာ အထူးေကာ္မတီ ဥကၠ႒၊ ကြန္ဆာေတးဗစ္အမတ္ တိုဘိုင္ယာ့စ္ အယ္လ္ဝု(ဒ္)က အခိုင္အမာ ေျပာဆိုလိုက္သည္။

တ႐ုတ္နိုင္ငံ၏ ျပည္တြင္းႏွင့္ နိုင္ငံတကာအလယ္တြင္ ျပဳမူလုပ္ေဆာင္ခ်က္မ်ားမွာ လက္သင့္ခံနိုင္စရာ မရွိေၾကာင္းႏွင့္ အဆိုပါ ကြန္ျမဴနစ္နိုင္ငံကို ယင္း၏လမ္းေၾကာင္းအတိုင္း ဆက္သြားေနျခင္းကေန တားဆီးရလိမ့္မည္ျဖစ္ေၾကာင္း မစၥတာ အယ္လ္၀ုဒ္က Express.co.uk ႏွင့္ အင္တာဗ်ဴးတစ္ခုတြင္ ေျပာခဲ့သည္။

ယင္းကို လုပ္ေဆာင္ရန္ အႀကီးမားဆုံး နည္းလမ္းတစ္ခုမွာ တ႐ုတ္၏ စီးပြားေရးကို လႊမ္းမိုးရန္ပင္ျဖစ္ေၾကာင္း အဆိုပါ ကြန္ဆာေတးဗစ္ပါတီ၀င္ လႊတ္ေတာ္အမတ္က ေျပာသည္။

တ႐ုတ္သည္ ကုန္သြယ္မႈအတြက္ ကမၻာ့နိုင္ငံမ်ားအေပၚ ဆက္လက္အမွီအခိုျပဳေနရဆဲျဖစ္ေၾကာင္း ၎က အခိုင္အမာ ေျပာသည္။
ယင္းကို အာ႐ုံျပဳလ်က္ျဖင့္ တ႐ုတ္တို႔ ဒဏ္ခတ္မခံရဘဲျဖင့္ ယင္း၏ သေဘာဆႏၵမ်ားအတိုင္း လြတ္လြတ္လပ္လပ္ လုပ္ကိုင္နိုင္ျခင္း မရွိေစရန္ ကမၻာလုံးဆိုင္ရာႏွင့္ လုံျခဳံေရးဆိုင္ရာ ကုန္သြယ္မႈ စည္းမ်ဥ္းသစ္မ်ား ထူေထာင္ရမည္ျဖစ္ေၾကာင္း ၎က အႀကံျပဳေျပာဆိုခဲ့သည္။

“ျဖစ္နိုင္ေျခရွိ စစ္ေအးတိုက္ပြဲတစ္ခုဆီ ကၽြန္ေတာ္တို႔ ဦးတည္ေနစဥ္မွာ အေလးေပး ေျပာရမယ့္ တ႐ုတ္ရဲ့ အႀကီးဆုံး ေပ်ာ့ကြက္ကေတာ့ ကၽြန္ေတာ္ ထင္ပါတယ္၊ ကုန္သြယ္မႈပဲ ျဖစ္ပါတယ္” ဟု မစၥတာ အယ္လ္ဝု(ဒ္)က ေျပာခဲ့သည္။

“တ႐ုတ္အေနနဲ႔ ယင္းရဲ့ ႀကီးထြားလာေနတဲ့ အလယ္အလတ္တန္းစားေတြကို ေကၽြးေမြးဖို႔အလို႔ငွာ ကုန္သြယ္မႈျပဳဖို႔အတြက္ ကမၻာ့က်န္နိုင္ငံေတြနဲ႔အၾကား ဆက္ဆံေရးတစ္ခု ရွိဖို႔ လိုအပ္ပါတယ္”
“အရမ္းကို အမွီအခိုကင္းခဲ့ၿပီး အရမ္းကို မိမိဘာသာအားျဖည့္ခဲ့တဲ့ ဆိုဗီယက္ ယူနီယံနဲ႔ မတူပဲ ယင္းရဲ့ စီးပြားေရးကို ေအာင္ျမင္စည္ပင္ခြင့္ျပဳတာ ျဖစ္ပါတယ္”
“ကၽြန္ေတာ္တို႔ တ႐ုတ္ကို ဦးတည္ရာ လွည့္ေစေအာင္ လုပ္နိုင္မယ္ဆိုရင္ တ႐ုတ္ဟာ ဘယ္ေနရာကိုမွ သြားစရာ မရွိေတာ့ပါဘူး၊ ဒါက တ႐ုတ္ရဲ့ ရာစုႏွစ္ပါပဲ” ဟု မစၥတာ အယ္လ္၀ုဒ္က ေျပာသြားခဲ့သည္။

“ၿပီးေတာ့ ကၽြန္ေတာ္တို႔ လုပ္သြားရမွာက ကမၻာ့ဂ်ီဒီပီ အမ်ားစုကို ကိုယ္စားျပဳမယ့္ နိုင္ငံေတြ ပါ၀င္အတည္ျပဳဖို႔ လိုအပ္မယ့္ ကမၻာလုံးဆိုင္ရာ ကုန္သြယ္မႈနဲ႔ လုံျခဳံေရးစည္းမ်ဥ္းေတြ ထူေထာင္ဖို႔ ျဖစ္ပါတယ္” ဟု ၎က ေျပာသြားခဲ့သည္။

Mizzima