တရုတ်အတွင်းပိုင်းထိ ပစ်ခတ်နိုင်မည်၊အမေရိကန်ကြည်းတပ်ရဲ့ အာရှတစ်ခုလုံးကို လွှမ်းခြုံထားနိုင်မယ့် Dark Eagle လက်နက်စနစ်

တရုတ်အတွင်းပိုင်းထိ ပစ်ခတ်နိုင်မည်၊အမေရိကန်ကြည်းတပ်ရဲ့ အာရှတစ်ခုလုံးကို လွှမ်းခြုံထားနိုင်မယ့် Dark Eagle လက်နက်စနစ်

အမေရိကန်ကြည်းတပ်က ၎င်းတို့ရဲ့ အသံထက်မြန်လက်နက်စနစ်သစ်ရဲ့ အမည်ကို Dark Eagle လို့ တရားဝင်အမည်ပေးလိုက်ပြီဖြစ်ပါတယ်။
မြေပြင်အခြေစိုက်လက်နက်စနစ်အဖြစ်သာမက အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာပါ တပ်ဖြန့်အသုံးပြုနိုင်မှာဖြစ် တယ်လို့ဆိုပါတယ်။

အဆိုပါလက်နက်စနစ်သစ်အနေနဲ့ ၂၀၂၃ ခုနှစ်မှာ အသုံးချနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့လည်းသိရှိရပါတယ်။
တပ်ဖြန့်ထားမယ်ဆိုရင် အာရှတစ်ခုလုံးကို‌တောင်လွှမ်းခြုံထားနိုင်ပြီး အသံထက်မြန်တဲ့ အဆင့် ၅ နှုန်းနဲ့ တရုတ်အတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

ထိုဒုံးပျံစနစ်ကို အမေရိကန်ရေတပ်နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ဒုံးပျံတွန်းအားပေးစနစ်နဲ့ Common-Hypersonic Glide Body (C-HGB) စနစ်ကို ပေါင်းစပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒုံးပျံဟာ အကွာအဝေး ၁၇၂၃ မိုင်ရောက်ရှိနိုင်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဂျပန်ကနေပစ်ရင် တရုတ်အတွင်းပိုင်းထိ ကောင်းစွာတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။
ကြည်းတပ်အဆိုအရတော့ Dark Eagle ယူနစ်တစ်ခုမှာ ဒုံးပျံ ၈ စင်း၊ ပစ်လွှတ်မှုစနစ်ကိုသယ်ဆောင်ဖို့ ယာဉ် ၄ စီး ပါဝင်မှာဖြစ်ပါတယ်။ C-130J Super Hercules သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့သယ်ဆောင်တပ်ဖြန့်နိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။

အမေရိကန်ရေတပ်ကတော့ ကိုယ်ပိုင်စနစ်နဲ့ ပင်လယ်ပြင်မှာတပ်ဖြန့်ပို့အတွက် အသုံးပြုမှာပါ။ Virginia-class ရေငုပ်သင်္ဘောနဲ့ Zumwalt-class ဖျက်သင်္ဘောတို့မှာ တပ်ဖြန့်အသုံးပြုဖွယ်ရှိတယ်လို့ သိရှိရပါတယ်။
Ref-PMs
crd:ကမ္ဘာ့သတင်းစုံ worldupdate

zawgyi
တ႐ုတ္အတြင္းပိုင္းထိ ပစ္ခတ္နိုင္မည္၊အေမရိကန္ၾကည္းတပ္ရဲ့ အာရွတစ္ခုလုံးကို လႊမ္းျခဳံထားနိုင္မယ့္ Dark Eagle လက္နက္စနစ္

အေမရိကန္ၾကည္းတပ္က ၎တို႔ရဲ့ အသံထက္ျမန္လက္နက္စနစ္သစ္ရဲ့ အမည္ကို Dark Eagle လို႔ တရားဝင္အမည္ေပးလိုက္ၿပီျဖစ္ပါတယ္။
ေျမျပင္အေျခစိုက္လက္နက္စနစ္အျဖစ္သာမက အေမရိကန္ေရတပ္ရဲ့ ဖ်က္သေဘၤာေတြနဲ႔ ေရငုပ္သေဘၤာေတြမွာပါ တပ္ျဖန႔္အသုံးျပဳနိုင္မွာျဖစ္ တယ္လို႔ဆိုပါတယ္။

အဆိုပါလက္နက္စနစ္သစ္အေနနဲ႔ ၂၀၂၃ ခုႏွစ္မွာ အသုံးခ်နိုင္ဖို႔အတြက္ ရည္မွန္းထားတယ္လို႔လည္းသိရွိရပါတယ္။
တပ္ျဖန႔္ထားမယ္ဆိုရင္ အာရွတစ္ခုလုံးကို‌ေတာင္လႊမ္းျခဳံထားနိုင္ၿပီး အသံထက္ျမန္တဲ့ အဆင့္ ၅ ႏႈန္းနဲ႔ တ႐ုတ္အတြင္းပိုင္းအထိ ပစ္ခတ္တိုက္ခိုက္နိုင္မွာျဖစ္ပါတယ္။

ထိုဒုံးပ်ံစနစ္ကို အေမရိကန္ေရတပ္နဲ႔ ပူးေပါင္းထုတ္လုပ္ခဲ့တာျဖစ္ၿပီး ႀကီးမားတဲ့ ဒုံးပ်ံတြန္းအားေပးစနစ္နဲ႔ Common-Hypersonic Glide Body (C-HGB) စနစ္ကို ေပါင္းစပ္ထားတာျဖစ္တယ္လို႔ဆိုပါတယ္။

ဒုံးပ်ံဟာ အကြာအေဝး ၁၇၂၃ မိုင္ေရာက္ရွိနိုင္ၿပီး ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ဂ်ပန္ကေနပစ္ရင္ တ႐ုတ္အတြင္းပိုင္းထိ ေကာင္းစြာတိုက္ခိုက္နိုင္မွာျဖစ္ပါတယ္။
ၾကည္းတပ္အဆိုအရေတာ့ Dark Eagle ယူနစ္တစ္ခုမွာ ဒုံးပ်ံ ၈ စင္း၊ ပစ္လႊတ္မႈစနစ္ကိုသယ္ေဆာင္ဖို႔ ယာဥ္ ၄ စီး ပါဝင္မွာျဖစ္ပါတယ္။ C-130J Super Hercules သယ္ယူပို႔ေဆာင္ေရးေလယာဥ္နဲ႔သယ္ေဆာင္တပ္ျဖန႔္နိုင္မွာျဖစ္တယ္လို႔လည္းဆိုပါတယ္။

အေမရိကန္ေရတပ္ကေတာ့ ကိုယ္ပိုင္စနစ္နဲ႔ ပင္လယ္ျပင္မွာတပ္ျဖန႔္ပို႔အတြက္ အသုံးျပဳမွာပါ။ Virginia-class ေရငုပ္သေဘၤာနဲ႔ Zumwalt-class ဖ်က္သေဘၤာတို႔မွာ တပ္ျဖန႔္အသုံးျပဳဖြယ္ရွိတယ္လို႔ သိရွိရပါတယ္။
Ref-PMs
crd:ကမၻာ့သတင္းစုံ worldupdate