တရုတ်အစိုးရကိုထဲ့စိန်ခေါ်လိုက်တဲ့ ပြင်သစ်(ပြင်သစ်ကတော့ ပြတ်သားတယ် ၊ ဘိုင်ဒန်နဲ့ ကွာတယ်)

တရုတ်အစိုးရကိုထဲ့စိန်ခေါ်လိုက်တဲ့ ပြင်သစ်(ပြင်သစ်ကတော့ ပြတ်သားတယ် ၊ ဘိုင်ဒန်နဲ့ ကွာတယ်)

တရုတ်အစိုးရသတိပေးနေတဲ့ကြားက ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တိုင်ဝမ်ကိုရောက်ရှိလာ

တိုင်ဝမ်ခရီးစဉ်ကိုဖျက်သိမ်းဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်သတိပေးနေပေမယ့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟောင်း အထက်လွှတ်တော်အမတ် Alain Richard ဦးဆောင်တဲ့ ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ တိုင်ဝမ်ကိုရောက်ရှိလာပါတယ်။

ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ညပိုင်းမှာ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ ရန်စမှုတွေအပေါ် ဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။ တိုင်ဝမ်လေပိုင်နက်အနီးကို တရုတ်စစ်လေယာဉ်တွေနေ့စဉ်အင်းအားပြ ခြိမ်းခြောက်နေချိန်မှာ ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာတဲ့အပေါ် အားရဝမ်းသာမိကြောင်း တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Wu က ပြောပါတယ်။

တိုင်ဝမ်သမ္မတ Tsai Ing-wen ကလည်း အခုလို ခြိမ်းခြောက်ခံနေရချိန်မှာ လာရောက်လည်ပတ်တဲ့ ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေကို ဝမ်းမြောက်စွာကြိုဆိုကြောင်း ပြောပါတယ်။ ပြင်သစ်-တိုင်ဝမ်ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း တိုင်ဝမ်သမ္မတ Tsai Ing-wen ကပြောပါတယ်။

ပြင်သစ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်မဖျက်သိမ်းရင်၂ နိုင်ငံဆက်ဆံရေးထိခိုက်မယ်လို့ တရုတ်အစိုးရကသတိပေးခဲ့သလို တိုင်ဝမ်လေပိုင်နက်အနီးမှာ စစ်လေယာဉ်တွေနဲ့နေ့စဉ်အင်အားပြနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်အစိုးရကရော လွှတ်တော်ကိုယ်စားလှယ်တွေကပါ တရုတ်ရဲ့ သတိပေးမှုကို ထဲ့သွင်းမစဉ်းစားပဲ စီစဉ်ထားတဲ့အတိုင်း တိုင်ဝမ်ကို ဒီကနေ့ရောက်လာတာပဲဖြစ်ပါတယ်။

BNN
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တ႐ုတ္အစိုးရကိုထဲ့စိန္ေခၚလိုက္တဲ့ ျပင္သစ္(ျပင္သစ္ကေတာ့ ျပတ္သားတယ္ ၊ ဘိုင္ဒန္နဲ႔ ကြာတယ္)

တ႐ုတ္အစိုးရသတိေပးေနတဲ့ၾကားက ျပင္သစ္လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ တိုင္ဝမ္ကိုေရာက္ရွိလာ

တိုင္ဝမ္ခရီးစဥ္ကိုဖ်က္သိမ္းဖို႔ တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္သတိေပးေနေပမယ့္ ျပင္သစ္ကာကြယ္ေရးဝန္ႀကီးေဟာင္း အထက္လႊတ္ေတာ္အမတ္ Alain Richard ဦးေဆာင္တဲ့ ျပင္သစ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဒီကေန႔ တိုင္ဝမ္ကိုေရာက္ရွိလာပါတယ္။

ျပင္သစ္ကိုယ္စားလွယ္အဖြဲ႕ဟာ ဒီကေန႔ညပိုင္းမွာ တိုင္ဝမ္နိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆုံခဲ့ၿပီး တ႐ုတ္ရဲ့ ရန္စမႈေတြအေပၚ ေဆြးေႏြးခဲ့ၾကတယ္ဆိုပါတယ္။ တိုင္ဝမ္ေလပိုင္နက္အနီးကို တ႐ုတ္စစ္ေလယာဥ္ေတြေန႔စဥ္အင္းအားၿပ ၿခိမ္းေျခာက္ေနခ်ိန္မွာ ျပင္သစ္ကိုယ္စားလွယ္အဖြဲ႕ ေရာက္ရွိလာတဲ့အေပၚ အားရဝမ္းသာမိေၾကာင္း တိုင္ဝမ္နိုင္ငံျခားေရးဝန္ႀကီး Wu က ေျပာပါတယ္။

တိုင္ဝမ္သမၼတ Tsai Ing-wen ကလည္း အခုလို ၿခိမ္းေျခာက္ခံေနရခ်ိန္မွာ လာေရာက္လည္ပတ္တဲ့ ျပင္သစ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဝမ္းေျမာက္စြာႀကိဳဆိုေၾကာင္း ေျပာပါတယ္။ ျပင္သစ္-တိုင္ဝမ္ဆက္ဆံေရး ပိုမိုတိုးျမႇင့္သြားနိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း တိုင္ဝမ္သမၼတ Tsai Ing-wen ကေျပာပါတယ္။

ျပင္သစ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ခရီးစဥ္မဖ်က္သိမ္းရင္၂ နိုင္ငံဆက္ဆံေရးထိခိုက္မယ္လို႔ တ႐ုတ္အစိုးရကသတိေပးခဲ့သလို တိုင္ဝမ္ေလပိုင္နက္အနီးမွာ စစ္ေလယာဥ္ေတြနဲ႔ေန႔စဥ္အင္အားျပေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ျပင္သစ္အစိုးရကေရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကပါ တ႐ုတ္ရဲ့ သတိေပးမႈကို ထဲ့သြင္းမစဥ္းစားပဲ စီစဥ္ထားတဲ့အတိုင္း တိုင္ဝမ္ကို ဒီကေန႔ေရာက္လာတာပဲျဖစ္ပါတယ္။

BNN
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။