တရုတ်သည်ဗီယက်နမ်နှင့်မြန်မာနယ်စပ်တံတိုင်းများ ပြန်လည်တည်ဆောက်မည်ဟုဆို

ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် တရုတ်သည် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် မြန်မာတို့နှင့် နယ်စပ်နံရံများအား ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

“ဒါကအမျိုးသားရေးအဆင့် အစီအစဉ်တစ်ခုနဲ့တူတယ်”ဟု UNSW Canberra မှ အရှေ့တောင်အာရှ ကျွမ်းကျင်သူနှင့် ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer က ဆိုသည်။
တရုတ်အစိုးရပိုင် မီဒီယာ ဆင်ဟွာသတင်းများအရ ဗီယက်နမ်နိုင်ငံရှိ စီမံကိန်းတွင် Beilun မြစ်တစ်လျှောက်တွင် ဆူးဝါယာကြိုးဖြင့်ပြည့်နေသည့် ၄.၅ မီတာမြင့်သော သံခြံစည်းရိုး ပါဝင်သည်။ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား တည်ဆောက်ခဲ့သော ဒေါ်လာ ၂၉ သန်းတန် စီမံကိန်းသည် ၁၂ ကီလိုမီတာရှည်လျားပြီး ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် လူများအား မှောင်ခိုလုပ်ခြင်းကို တားဆီးရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်အကြားရှိ တရုတ်၏ ကီလိုမီတာ ၂၀၀၀ ရှည်လျားသော နယ်စပ်တလျှောက်တွင် ၆၅၉ ကီလိုမီတာရှည်သော ခြံစည်းရိုးကို ပြီးစီးခဲ့ပြီဖြစ်ကြောင်း သတင်းမီဒီယာများ၏ သတင်းပေးပို့ချက်အရ သိရသည်။
ကိုဗစ်-၁၉ ပြန့်ပွားမှုကို ရပ်တန့်ရန်နှင့် မှောင်ခိုလုပ်ငန်းကို တားဆီးရန် တရုတ်၏ လိုအပ်ချက်ကို Global Times သတင်းစာက ထောက်ပြခဲ့ပြီး အချို့ကိစ္စများတွင် နံရံများသည် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ရန်သာမက လူများကိုလည်း မဝင်စေရန် ဒီဇိုင်းပြုလုပ်ထားသည်။

ပါမောက္ခ Thayer ၏ အဆိုအရ မှောင်ခိုလုပ်ခြင်းသည် တရုတ်နိုင်ငံ၏ မကြာသေးမီက နယ်စပ်တိုးမြှင့်ခြင်း၏ နောက်ကွယ် အဓိကအကြောင်းရင်း မဟုတ်သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုသည် တရုတ်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား စစ်ပွဲရပ်စဲသွားသည့် ၁၉၇၉ ခုနှစ်မှ စ၍ နှစ်နိုင်ငံလုံးအတွက် အကြီးမားဆုံး ခေါင်းကိုက်ရသည့် ကိစ္စဖြစ်သည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ နှစ်ဖက်စလုံးက တရားမဝင် မှောင်ခိုရောင်းဝယ်သူတွေရဲ့ ပြစ်မှုဆိုင်ရာကွန်ယက်က ဗီယက်နမ်အမျိုးသမီးတွေကို တရုတ်ကို တရားမဝင် လူကုန်ကူးမှု အပါအဝင် ပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့တယ်”ဟု Professor Thayerက ဆိုသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်သူများအား ရပ်တန့်ရန် အရေးတကြီးလိုအပ်ချက်ကို နံရံဆောက်လုပ်ရေးအတွက် တရုတ်၏ မကြာသေးမီက ရှင်းလင်းချက်က ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၁၅၀၀ နှင့် သေဆုံးသူ ၃၅ ဦး ရှိခဲ့ပြီး တရုတ်နိုင်ငံတွင် ဖြစ်ပွားမ ၉၈,၀၀၀ နှင့် သေဆုံးသူ ၄,၇၉၈ ဦး ရှိခဲ့သည်။
သို့သော် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၁၃၀,၀၀၀ ကျော်နှင့် သေဆုံးမှု ၃၀၀၀ နီးပါးရှိကြောင်း သိရသည်။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပွားမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကူးစက်ခဲ့သည်။

မြန်မာနှင့် တရုတ်နယ်စပ်မြို့ ဝန်ဒင်းနယ်စပ်တစ်ဝိုက် A’Mu အနီး တရုတ်နိုင်ငံမှ YouTuber တင်ထားသော ဗီဒီယိုကလစ်များတွင် မီတာပေါင်းများစွာတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာများ အပါအဝင် အဆင့်မြှင့်တင်နေသည်ကို တွေ့ခဲ့ရသည်။

ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ရန် လိုအပ်ခြင်းအပြင် ဗီယက်နမ်နယ်စပ်တွင် တရုတ်၏ နံရံများတည်ဆောက်ခြင်းသည် ရွှေ့ပြောင်း၏ စီးဆင်းမှုသည် တစ်လမ်းအစား နှစ်လမ်းဖြစ်လာသဖြင့် စီးပွားရေးအရ စိုးရိမ်ပူပန်မှုများ တိုးပွားလာကြောင်းစေကြောင်း ကျွမ်းကျင်သူများက ဖော်ပြကြသည။
Deakin တက္ကသိုလ်မှ နိုင်ငံတကာဘွဲ့ရအလုပ်အကိုင်ကို လေ့လာနေသောပါမောက္ခ Tran Ly က တရုတ်ရွှေ့ပြောင်းလုပ်သားများ ဗီယက်နမ်သို့ ပြောင်းရွှေ့လာခြင်း၏ အကြောင်းအရင်းမှာ အမျိုးမျိုးရှိသည်ဟု ပြောကြားခဲ့သည်။

“သူတို့ရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံများအနက် ဗီယက်နမ်ရဲ့ အလုပ်အကိုင်အလားအလာ သာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ကိုဗစ်-၁၉ ကို ထိရောက်စွာ စီမံခန့်ခွဲမှုတို့နဲ့ သက်ဆိုင်တဲ့ ဘဝအခွင့်အလမ်းများကလည်း သူတို့ကိုဆွဲနေတယ်”ဟု သူမက ဆိုသည်။
“ဗီယက်နမ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အဆင်ပြေပြီး လုံခြုံတဲ့ ဈေးကွက်အခြေအနေ ဖန်တီးထားပြီး မူလက တရုတ်အခြေစိုက် ကုန်ထုတ်လုပ်မှုကုမ္ပဏီတွေကို ဗီယက်နမ်ကိုပြောင်းရွှေ့ဖို့ ဆွဲဆောင်နေခဲ့တယ်”ဟု သူမက ထပ်လောင်း ပြောကြားခဲ့သည်။

တရားမဝင် ဝင်လာနေထိုင်ခြင်းသည် နှစ်နိုင်ငံလုံးအတွက် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဗီယက်နမ်သည် တရုတ်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၂၉ ဦး ကို ပြန်ပို့ခဲ့သည်ဟု ဗီယက်နမ်ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည့် ဗီယက်နမ်လူမျိုး ၁၀၀ ကျော်တို့သည်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလ လေးရက်တာ ကာလအတွင်း ဗီယက်နမ်သို့ တရားမဝင် ပြန်လာခဲ့ကြောင်း တွေ့ရှိရသည်။
ဗီယက်နမ်၏ အခွင့်ကောင်းသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အပြင် ပထဝီနိုင်ငံရေးအချက်များသည် အလုပ်အကိုင်ဈေးကွက်အတွက် နေရာပြောင်းရွှေ့ခြင်းနှင့် ပြောင်းလဲမှုကို သက်ရောက်စေကြောင်း ပါမောက္ခ Ly က ထောက်ပြသည်။

ကျွမ်းကျင်သောလုပ်သားအချို့သည် ရွှေ့ပြောင်းရန် တရားဝင်နည်းလမ်းကို ရှာဖွေတွေ့ရှိသော်လည်း အလုပ်သမား အများအပြားသည် နယ်စပ်ကိုတရားမဝင် ဖြတ်ကျော်သွားလာခဲ့ကြသည်ဟု ပါမောက္ခ Ly က ပြောကြားခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဗီယက်နမ်သို့ ရောက်ရှိပြီးနောက် အလုပ်ရှာဖွေရာတွင် အတားအဆီးများနှင့် ရင်ဆိုင်ရသည်။

Ref-Abc.net
Mizzima မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

zawgyi
တရုတ်သည် ဗီယက်နမ်နှင့် မြန်မာနယ်စပ်တံတိုင်းများ ပြန်လည်တည်ဆောက်မည်ဟုဆို