တရုတ်ရန်ကို ကာကွယ်တန်ပြန်ဖို့ထိုင်ဝမ်နဲ့ ဂျပန်ပူးပေါင်း

ဂျပန်နှင့် ထိုင်ဝမ်တို့၏ အာဏာရပါတီများသည် ယင်းတို့၏ ပထမဆုံးသော နှစ်ဦးနှစ်ဘက်ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အဆိုပါ ဂျပန်နှင့် ထိုင်ဝမ်တို့သည် ပိုမိုရန်လိုလာနေသည့် တရုတ်ကို တန်ပြန်ရန်အတွက် ဆက်ဆံ‌ရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းနေကြတာပါ။

ပိုမို နက်ရှိုင်းသော တိုင်ပင်ဆွေးနွေးမှု လုပ်ရန် လိုအပ်ကြောင်း၊ အကြောင်းမှာ ထိုင်ဝမ်၏ အနာဂတ်သည် ဂျပန်၏ လုံခြုံရေးနှင့် စီးပွားရေးတို့အပေါ် “ကြီးလေး‌သည့် သက်ရောက်မှု” တစ်ခု ရှိနေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်းဂျပန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ နိုင်ငံခြားရေးရာ ကိစ္စများကို ဆောင်ရွက်သည့် ပါလီမန်အမတ်တစ်ဦးဖြစ်သည့် မာဆာဟီဆာ ဆာတိုက သြဂုတ် ၂၄ ရက်က Financial Times နှင့် အင်တာဗျူးတစ်ခုမှာ“ဒါကတော့ လက်ရှိအချိန်မှာ ထိုင်ဝမ် အခြေအနေက ဘယ်လောက်တောင် အရေးကြီးသလဲ ဆိုတာအပေါ် ကျွန်တော်တို့ ခံစားသိရှိနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်” ဟု ဆာတိုက ပြောပါတယ်။

အွန်လိုင်း အစည်းအဝေး၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ထားပါတယ်။
ဂျပန်နှင့် ထိုင်ဝမ်တို့သည် သံတမန် ဆက်ဆံရေး မရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ ပါတီ တာဝန်ရှိသူများအကြား ဆွေးနွေးမှုက ဝန်ကြီးအဆင့် ဆွေးနွေးမှုများ၏ အစားထိုးမှုတစ်ခုလည်း ဖြစ်ပါတယ်။

ရှေ့အနာဂတ်တွင် LDP ပါတီအနေဖြင့် ထိုင်ဝမ်အစိုးရတာဝန်ရှိသူများနှင့်အကြား အဆင့်မြင့်လယ်ဗယ် ဆွေးနွေးပွဲများ ပြုလုပ်ရန် ရည်မှန်းထားသည်ဟုလည်း ဆာတိုက ပြောခဲ့သည်။တရုတ်နှင့် ထိုင်ဝမ်အကြား ဖြစ်နိုင်ခြေရှိ ပဋိပက္ခတစ်ခုအတွက် အမေရိကန်နှင့် ဂျပန် စစ်ဘက် တာဝန်ရှိသူများအကြား ခြေခြေမြစ်မြစ် ရှိသော အစီအစဥ်ရေးဆွဲမှု စတင်ခြင်းနှင့် အထက်ပါ ဆွေးနွေးမှုက တိုက်ဆိုင်နေတာပါ။

တိုကျိုသည် ယခင်နှစ်များစွာအကြာက ရှိခဲ့သည့် သာဓကထုံးကို စွန့်ပယ်လျက်ဖြင့် မကြာသေးခင်က ကာကွယ်ရေး စက္ကူဖြူစာတမ်းတစ်ခုတွင် ထိုင်ဝမ်၏ လုံခြုံရေးကို ယင်း၏ ကိုယ်ပိုင်လုံခြုံရေးနှင့် တိုက်ရိုက် ချိတ်ဆက်ထားခဲ့တာလည်းဖြစ်ပါတယ်။
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





crd