တရုတ်ရထားလမ်းအသစ်ကြီးနဲ့ ပျော်နေတဲ့လာအိုတွေလည်း မပျော်နိုင်ရှာတော့ပြီ

တရုတ်ရထားလမ်းအသစ်ကြီးနဲ့ ပျော်နေတဲ့လာအိုတွေလည်း မပျော်နိုင်ရှာတော့ပြီ
၂၂ ဒီဇင်ဘာ ၂၀၂၁

ကိုဗစ်အကြောင်းပြချက်နဲ့ ၂ နိုင်ငံနယ်စပ်ဂိတ်ကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်တဲ့အတွက် လာအိုနိုင်ငံဘက်က ကုန်တင်ကားတွေ ဝင်မးအဲအခက်တွေ့နေရတယ်လို့ လာအိုနိုင်ငံသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ ထောင်ချီရှိတဲ့ လာအိုကုန်တင်ကားတန်းဟာ တရုတ်နယ်စပ်ကနေ ကီလို ၂၀ လောက်အထိ ရှိနေတယ်လို့ Luang Namtha ပြည်နယ်တာဝန်ခံတွေက ပြောပါတယ်။ တရုတ်ဘက်က နယ်စပ်အဝင်ဂိတ်ကို ပြီးခဲ့တဲ့သောကြာနေ့ကတည်းက ကန့်သတ်ခဲ့ပြီး အခု ရုတ်တရက်ပိတ်ချလိုက်တယ်ဆိုပါတယ်။ လာအိုရဲ့ သတင်းစီးဆင်းမှုအားနဲချက်ကြောင့် နယ်စပ်ဂိတ်ပိတ်ထားတာကို မသိတဲ့ ကုန်တင်ကားတွေက အခုထိလာနေတာမို့ အခြေအနေက ပိုဆိုးနေတယ်လို့ လာအို Luang Namtha ပြည်နယ် ယာဉ်ထိမ်းရဲအရာရှိတွေကပြောပါတယ်။

တရုတ်ကိုတင်ပို့တဲ့ကုန်ပစ္စည်းအများစုဟာ စိုက်ပျိုးသီးနှံတွေဖြစ်လို့ အကုန်ပျက်စီးဆုံးရှူံးရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတယ်ဆိုပါတယ်။ နယ်စပ်ကုန်သွယ်ရေးသဘောတူညီချက်တွေအရဆိုရင် ဂိတ်တွေကို ကြိုတင်ဆွေးနွေးညှိနိူင်းပြီးမှ ပိတ်လေ့ရှိကြပေမယ့် တရုတ်နိုင်ငံကတော့ သူ့အလိုကျ ပိတ်ချင်တဲ့အချိန်ရုတ်တရက် ထပိတ်လေ့ရှိတာမို့ အိမ်နီးချင်းနိုင်ငံငယ်လေးတွေ မကြာခန ထိခိုက်ဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နယ်စပ်ဂိတ်ကို ပိတ်ပင်ကန့်သတ်ထားပေမယ့် တရုတ်ချေးငွေနဲ့ ဆောက်ထားပြီး မကြာသေးခင်ကမှ ဖွင့်လှစ်ထားတဲ့ တရုတ်-လာအို အမြန်ရထားလမ်းကိုတော့ ပိတ်ပင်တာမရှိဘူးလို့ လာအိုအခြေစိုက်သတင်းတွေက ဖေါ်ပြပါတယ်။

photo @ the Laotian Times

crd-burmanewsnetwork