တရုတ်နဲ့ရုရှားက အမေရိကန်တွေ အာဖဂန်ကနေ ထွက်သွားတာကို လှောင်ပြောင်ခဲ့

အာဖဂန်နစ္စတန်ထဲက အမေရိကန်တပ်တွေ ထွက်ရတာဟာ အရှက်ရစရာကောင်းတယ်လို့ ရုရှားနဲ့ တရုတ်အစိုးရမီဒီယာတွေက ပြောနေကြပါတယ်။

အာဖဂန်က အမေရိကန် ရှုံးနိမ့်မှုဟာ “အမေရိကန်အစိုးရအတွက် အရှက်ရစရာ” ဖြစ်ပြီး ဒါကို တကမ္ဘာလုံးက သိနေကြတယ်လို့ ရုရှားအစိုးရပိုင် Rossiyskaya Gazeta နေ့စဉ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ပြီးတော့ အာဖဂန်နစ္စတန်အတွက် ယူကျုံးမရစရာဆိုပြီး အမေရိကန်ကြောင့် အာဖဂန်နစ္စတန်မှာ လူသေတာတွေ၊ ဆင်းရဲငတ်ပြတ်တာတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်နေရတယ်လို တရုတ်အစိုးရပိုင် တရုတ်သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့ပါတယ်။

သူတို့ အစိုးရရဲ့ သဘောထားတွေကို ထင်ဟပ်ဖော်ပြပေးနေတဲ့ ရုရှားနဲ့ တရုတ်သတင်းဌာနတွေက လတ်တလော ကာဘူးလ်မြို့မှာ ဖြစ်နေတဲ့ကိစ္စတွေဟာ အမေရိကန်ကြောင့်လို့ ပြစ်တင် ဝေဖန်တာတွေ လည်း လတ်တလောမှာ လုပ်ခဲ့ကြပါတယ်။

သြဂုတ် ၂၆ ရက် က ကာဘူးလ်လေဆိပ်အပြင်ဘက်မှာ အသေခံဗုံးခွဲခံရမှုဖြစ်ပြီးနောက် အမေရိကန် မရိမ်းတပ်သားတွေ ပစ်ခတ်နေတာကိုလည်း “ကြောက်လန့်ပြီး လက်နက်မဲ့ပြည်သူတွေကို ရမ်းသန်းပစ်နေတယ်” လို့ Rossiya 1 ရုရှားအစိုးရပိုင် တီဗီသတင်းဌာန သတင်း ထောက်တစ်ယောက်က ပြောထားတာလည်း ရှိပါသေးတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
အာဖဂန္နစၥတန္ထဲက အေမရိကန္တပ္ေတြ ထြက္ရတာဟာ အရွက္ရစရာေကာင္းတယ္လို႔ ႐ုရွားနဲ႔ တ႐ုတ္အစိုးရမီဒီယာေတြက ေျပာေနၾကပါတယ္။

အာဖဂန္က အေမရိကန္ ရႈံးနိမ့္မႈဟာ “အေမရိကန္အစိုးရအတြက္ အရွက္ရစရာ” ျဖစ္ၿပီး ဒါကို တကမၻာလုံးက သိေနၾကတယ္လို႔ ႐ုရွားအစိုးရပိုင္ Rossiyskaya Gazeta ေန႔စဥ္သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။

ၿပီးေတာ့ အာဖဂန္နစၥတန္အတြက္ ယူက်ဳံးမရစရာဆိုၿပီး အေမရိကန္ေၾကာင့္ အာဖဂန္နစၥတန္မွာ လူေသတာေတြ၊ ဆင္းရဲငတ္ျပတ္တာေတြနဲ႔ ေသနတ္ပစ္ခတ္မႈေတြ ျဖစ္ေနရတယ္လို တ႐ုတ္အစိုးရပိုင္ တ႐ုတ္သတင္းေအဂ်င္စီကလည္း ေဖာ္ျပခဲ့ပါတယ္။

သူတို႔ အစိုးရရဲ့ သေဘာထားေတြကို ထင္ဟပ္ေဖာ္ျပေပးေနတဲ့ ႐ုရွားနဲ႔ တ႐ုတ္သတင္းဌာနေတြက လတ္တေလာ ကာဘူးလ္ၿမိဳ႕မွာ ျဖစ္ေနတဲ့ကိစၥေတြဟာ အေမရိကန္ေၾကာင့္လို႔ ျပစ္တင္ ေဝဖန္တာေတြ လည္း လတ္တေလာမွာ လုပ္ခဲ့ၾကပါတယ္။

ၾသဂုတ္ ၂၆ ရက္ က ကာဘူးလ္ေလဆိပ္အျပင္ဘက္မွာ အေသခံဗုံးခြဲခံရမႈျဖစ္ၿပီးေနာက္ အေမရိကန္ မရိမ္းတပ္သားေတြ ပစ္ခတ္ေနတာကိုလည္း “ေၾကာက္လန႔္ၿပီး လက္နက္မဲ့ျပည္သူေတြကို ရမ္းသန္းပစ္ေနတယ္” လို႔ Rossiya 1 ႐ုရွားအစိုးရပိုင္ တီဗီသတင္းဌာန သတင္း ေထာက္တစ္ေယာက္က ေျပာထားတာလည္း ရွိပါေသးတယ္။
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။