တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ၌ ပြင်ပဝင်ရောက်စွတ်ဖက် မှုများရှိနေကြောင်း အာဆီယံကိုသတိပေး

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ၌ ပြင်ပဝင်ရောက်စွတ်ဖက် မှုများရှိနေကြောင်း အာဆီယံကိုသတိပေးတရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဝမ်ရီက မြန်မာနိုင်ငံအပေါ်တွင် ပြင်ပမှ ဝင်ရောက်စိုးမိုးခြယ်လှယ်မှုများ ရှိနေခြင်းနှင့်ပတ်သက်၍ အာဆီယံကို သတိထားကြရန် ပြောကြားခဲ့ကြောင်း SCMP သတင်းဌာနက အစီရင်ခံ ရေးသားဖော်ပြခဲ့သည်။

အဆိုပါပြောကြားချက်ကို Fujian ၌ပြုလုပ်သော မလေးရှား၊ အင်ဒို၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် အစည်းအဝေးအပြီး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်းလည်းဖြစ်ပေသည်။ဝမ်ရီက အခြေအနေတွေ ပိုရှုပ်ထွေးအောင် လုပ်နေကြခြင်းဖြစ်သည့်အပေါ် မှတ်ချက်ပေးခဲ့ခြင်းလည်းဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်နေကြမည့်အစားရင်ကြားစေ့ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုသည်ဟုလည်းဆိုသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကူအညီပေးခြင်းများ ပြုလုပ်စေလိုသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။အကြမ်းဖက်မှုများကိုရပ်တန့်ရန်နှင့်အရပ်သားများထိခိုက်သေဆုံးမှုကိုပိုမိုဆိုးရွားစေသည့် နောက်ထပ်သွေးထွက်သံယို ကိစ္စရပ်များကိုတားဆီးရန် နှင့် အစွမ်းကုန်ထိန်းသိမ်းရန် မြန်မာပြည်ရှိပါတီများအားလုံးကိုတိုက်တွန်းလိုက် သည်ဟုလည်းဆိုသည်။၎င်းအနေဖြင့် ဖွဲ့စည်းပုံဥပဒေနှင့်အညီ နားလည်မှုညှိနှိုင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုသည်ဟု ပါတီများကို ဆိုထားကြောင်း သိရှိရသည်။

SCMP