(ရုရှားဆိုတော့ အသံတောင်မထွက်ဘူး တခြားသူဆိုအသံဗြဲကြီးနဲ့တိုင်မှာ)တရုတ်စစ်တပ်ဂြိုဟ်တု Yunhai 1-02 ရုရှားဒုံးပျံရဲ့လက်ချက်ကြောင့်ထူးဆန်းစွာပျက်စီး

တရုတ်စစ်တပ်ဂြိုဟ်တု Yunhai 1-02 ထူးဆန်းစွာပျက်စီးရခြင်းဟာ ရုရှားဒုံးပျံရဲ့လက်ချက်ကြောင့်ဖြစ်တယ်လို့ တွေ့ရှိ။

Yunhai 1-02 ဟာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်နေ့က ထူးထူ းခြားခြားထိခိုက်မှုရှိခဲ့ပြီး လက်သည်ရှာမရခဲ့ပါဘူး။

အမေရိကန် US Space Force ရဲ့ Space Control Squadron ရဲ့လေ့လာဆန်းစစ်မှုအရ မတ်လ ၁၈ ရက်နေ့ UTC 0741 မှာ Yunhai 1-02 အနား တစ်ကီလိုမီတာအကွာအတွင်းကိုရုရှားဒုံးပျံ Zenit-2 ရဲ့အစအနဖြတ်သန်းသွားတာကိုတွေ့ခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာပဲ တရုတ်စစ်တပ်ဂြိုဟ်တု Yunhai 1-02 မှာပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
“ဒါဟာဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပထမဦးဆုံးအဓိကတိုက်မိခဲ့မှုပါ။”
ဒါဟာပေါ့သေးသေးကိစ္စတစ်ခုမဟုတ်ပါ။

ဒိုမီနိုဆင့်ပွားဖြစ်စဉ်နဲ့ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်သွားနိုင်ပါတယ်။
ဧပြီလတုန်းကလည်း Elon Musk ရဲ့ SpaceX ဟာ OneWeb အာကာသယာဉ်အနီး မီတာ ၆၀ အတွင်းကိုဝင်လာခဲ့ပါတယ်။

NASA သိပ္ပံပညာရှင် ဒေါ်နယ်ကက်စလာရဲ့ ၁၉၇၈ ခုနှစ်က ကြိုမြင်ခဲ့တဲ့ Domino effect ကို သိထားဖို့လိုပါတယ်။

အကယ်လို့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ အာကာသယာဉ်အချင်းချင်းမတော်တဆတိုက်မိခဲ့ရင် တစ်စစီပေါက်ကွဲထွက်သွားမယ့် မရေမတွက်နိုင်တဲ့အပျက်အစီးအစအနတွေဟာ ကျန်အာကာသယာဉ်တွေကိုပါ ဆင့်ပွားပေါက်ကွဲမှုတွေဖြစ်စေပါလိမ့်မယ်။

အဲ့ဒီကနေ ပေါက်ကွဲမှုတစ်ခုကနေ မရေမတွက်နိုင်သောပေါက်ကွဲမှုတွေ ဆက်တိုက်ဆင့်ပွားတွေဖြစ်ကာ ကမ္ဘာပတ်လမ်းထဲမှာ အစအနမျိုးစုံ space debris တွေဖြစ်ပြီး ဂြိုလ်တုအားလုံးပျက်ကျကုန်မယ့်အပြင် ကမ္ဘာပတ်လမ်းထဲကို နောက်ထပ်အာကာသယာဉ်တွေတက်ရတာ အလွန့်အလွန်အန္တရာယ်ဖြစ်စေနိုင်ပါလိမ့်မယ်။

၂၀၃၀ ခုနှစ်မှာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ဂြိုလ်တုပေါင်း ၁၀၀၀၀၀ နီးပါးဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။

တရုတ်ပြည်လို အစိုးရစည်းကမ်းထိန်းချုပ်မှု government regulations for space programs မရှိတဲ့နိုင်ငံတွေရယ်၊ SpaceX တို့ OneWeb တို့ Blue Origin တို့လို ကမ္ဘာပတ် ခရီးစဉ် ယာဉ်ပျံတွေရယ် တိုးပွားလာမှုတွေကြောင့် အနာဂတ်မှာ ကမ္ဘာ့ပတ်လမ်းအတွင်း တိုက်မိပေါက်ကွဲတဲ့ ပြဿနာတွေတိုးပွားလာမှာကို စိုးရိမ်ရပါကြောင်း။
credit:Richard Myo Thant
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
(႐ုရွားဆိုေတာ့ အသံေတာင္မထြက္ဘူး တျခားသူဆိုအသံျဗဲႀကီးနဲ႔တိုင္မွာ)တ႐ုတ္စစ္တပ္ၿဂိဳဟ္တု Yunhai 1-02 ႐ုရွားဒုံးပ်ံရဲ့လက္ခ်က္ေၾကာင့္ထူးဆန္းစြာပ်က္စီး

တ႐ုတ္စစ္တပ္ၿဂိဳဟ္တု Yunhai 1-02 ထူးဆန္းစြာပ်က္စီးရျခင္းဟာ ႐ုရွားဒုံးပ်ံရဲ့လက္ခ်က္ေၾကာင့္ျဖစ္တယ္လို႔ ေတြ႕ရွိ။

Yunhai 1-02 ဟာ ၿပီးခဲ့တဲ့မတ္လ ၁၈ ရက္ေန႔က ထူးထူ းျခားျခားထိခိုက္မႈရွိခဲ့ၿပီး လက္သည္ရွာမရခဲ့ပါဘူး။

အေမရိကန္ US Space Force ရဲ့ Space Control Squadron ရဲ့ေလ့လာဆန္းစစ္မႈအရ မတ္လ ၁၈ ရက္ေန႔ UTC 0741 မွာ Yunhai 1-02 အနား တစ္ကီလိုမီတာအကြာအတြင္းကို႐ုရွားဒုံးပ်ံ Zenit-2 ရဲ့အစအနျဖတ္သန္းသြားတာကိုေတြ႕ခဲ့ရပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ တ႐ုတ္စစ္တပ္ၿဂိဳဟ္တု Yunhai 1-02 မွာေပါက္ကြဲမႈျဖစ္ခဲ့တာပါ။
“ဒါဟာဆယ္စုႏွစ္တစ္ခုအတြင္း ကမၻာပတ္လမ္းေၾကာင္းထဲမွာ ပထမဦးဆုံးအဓိကတိုက္မိခဲ့မႈပါ။”
ဒါဟာေပါ့ေသးေသးကိစၥတစ္ခုမဟုတ္ပါ။

ဒိုမီနိုဆင့္ပြားျဖစ္စဥ္နဲ႔ ေပါက္ကြဲမႈအႀကီးအက်ယ္ျဖစ္သြားနိုင္ပါတယ္။
ဧၿပီလတုန္းကလည္း Elon Musk ရဲ့ SpaceX ဟာ OneWeb အာကာသယာဥ္အနီး မီတာ ၆၀ အတြင္းကိုဝင္လာခဲ့ပါတယ္။

NASA သိပၸံပညာရွင္ ေဒၚနယ္ကက္စလာရဲ့ ၁၉၇၈ ခုႏွစ္က ႀကိဳျမင္ခဲ့တဲ့ Domino effect ကို သိထားဖို႔လိုပါတယ္။

အကယ္လို႔ ကမၻာပတ္လမ္းေၾကာင္းထဲမွာ အာကာသယာဥ္အခ်င္းခ်င္းမေတာ္တဆတိုက္မိခဲ့ရင္ တစ္စစီေပါက္ကြဲထြက္သြားမယ့္ မေရမတြက္နိုင္တဲ့အပ်က္အစီးအစအနေတြဟာ က်န္အာကာသယာဥ္ေတြကိုပါ ဆင့္ပြားေပါက္ကြဲမႈေတြျဖစ္ေစပါလိမ့္မယ္။

အဲ့ဒီကေန ေပါက္ကြဲမႈတစ္ခုကေန မေရမတြက္နိုင္ေသာေပါက္ကြဲမႈေတြ ဆက္တိုက္ဆင့္ပြားေတြျဖစ္ကာ ကမၻာပတ္လမ္းထဲမွာ အစအနမ်ိဳးစုံ space debris ေတြျဖစ္ၿပီး ၿဂိဳလ္တုအားလုံးပ်က္က်ကုန္မယ့္အျပင္ ကမၻာပတ္လမ္းထဲကို ေနာက္ထပ္အာကာသယာဥ္ေတြတက္ရတာ အလြန႔္အလြန္အႏၲရာယ္ျဖစ္ေစနိုင္ပါလိမ့္မယ္။

၂၀၃၀ ခုႏွစ္မွာ ကမၻာပတ္လမ္းေၾကာင္းထဲမွာ ၿဂိဳလ္တုေပါင္း ၁၀၀၀၀၀ နီးပါးျဖစ္လာလိမ့္မယ္လို႔ဆိုပါတယ္။

တ႐ုတ္ျပည္လို အစိုးရစည္းကမ္းထိန္းခ်ဳပ္မႈ government regulations for space programs မရွိတဲ့နိုင္ငံေတြရယ္၊ SpaceX တို႔ OneWeb တို႔ Blue Origin တို႔လို ကမၻာပတ္ ခရီးစဥ္ ယာဥ္ပ်ံေတြရယ္ တိုးပြားလာမႈေတြေၾကာင့္ အနာဂတ္မွာ ကမၻာ့ပတ္လမ္းအတြင္း တိုက္မိေပါက္ကြဲတဲ့ ျပႆနာေတြတိုးပြားလာမွာကို စိုးရိမ္ရပါေၾကာင္း။
credit:Richard Myo Thant
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။