တရုတ်က အာဖရိကကို ခေတ်သစ်ကိုလိုနီပြုခြင်း ( သို့မဟုတ် ) သာကောက ဇမ်ဘီးယားအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အကြွေးနဲ့သိမ်းဖို့ပြင်…..

တရုတ်နဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးရတာက ဖားကို ရေထဲထည့်ပြုပ်တဲ့ ဖြစ်ရပ်လိုပါပဲ။ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ဖားကို ထည့်လိုက်ရင် ခုန်ထွက်သွားမှာပါ။ ဒါပေမယ့် ဖားကို ရေထဲအရင်ထည့်ပြီး အောက်ကနေ တဖြည်းဖြည်း အပူပေးလိုက်ရင်တော့ ဖားလည်းခုန်မထွက်တော့ဘဲ ဖားရဲ့ ခန္ဓာကိုယ် အပူချိန်က နွေးလာတဲ့ ရေအပူချိန်ကို လိုက်ပြီး ချိန်ညှိပေးရင်း နောက်ဆုံး မခံနိုင်တဲ့အခါ သေဆုံးသွားမှာပါ။ ခေါင်းဆောင်တွေရဲ့

လျစ်လျူရှုမှုတွေနဲ့ အတ္တဆန်တဲ့ ကိုယ်ကျိုးစီ းပွားတွေက အာဖရိကကို တရုတ်ရဲ့ ကိုလိုနီအဖြစ် သွတ်သွင်းခံရပုံက ရင်နင့်စဖွယ်ပါပဲ။ ဒီနေ့မှာ တရုတ်တွေဟာ အာဖရိကကို သွားရည်ယိုစရာ အခွင့်အရေးတွေ ပေးနေတယ်။ အမြင်အားဖြင့် ကုန်သွယ်ရေးမှာ စွဲမက်ဖွယ် ကောင်းပြီးလက်တွေ့မှာ အင်မတန်အန္တရယ်များတဲ့ ခေတ်မမီ ပျောက်ကွယ်နေပြီဖြစ်တဲ့ ကုန်စည်ချင်း ဖလှယ်တဲ့စနစ် အရောင်းအဝယ်တွေ ကို တရုတ်ဘက်က ပေးနေပါတယ်။ ဇမ်ဘီးယားအစိုးရက တရုတ်တွေနဲ့ စာချုပ်တွေချုပ်ဆိုခဲ့ပြီး

အဲ့ဒီစာချုပ်တွေက ဇမ်ဘီးယားကို အခွင့်အရေးပေးသလိုလိုနဲ့ တကယ်တော့ ခေတ်သစ် ကိုလိုနီအဖြစ် သွတ်သွင်းခံရသလိုဖြစ်သွားစေပါတယ်။ တရုတ်က အခုအချိန်မှာ ဇမ်ဘီးယားအစိုးရက အကြွေးတွေ အချိန်မီ ပြန်မဆပ်လို့ ဇမ်ဘီးယားအစိုးရပိုင် Kenneth Kaunda အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လွှဲယူဖို့ အဆိုပြု တောင်းယူနေပါပြီ။ လေဆိပ်ကို အကြွေးနဲ့ သိမ်းတော့မယ့်သဘောပါ။

ဇမ်ဘီးယားအနေနဲ့ အကြွေးတွေကို ပြန်ပေးနိုင်တဲ့ စီးပွားရေးအင်အား ရှိသလား ပိုင်ဆိုင်သလားဆိုတာက အရေးကိစ္စဖြစ်လာနေပါတယ်။ ဒါဟာ တရုတ်ရဲ့ ဗျူဟာပါပဲ။ ဇမ်ဘီးယားနိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို တရုတ်က ပိုင်ဆိုင်နေတာကလည်း ဇမ်ဘီးယား ရင်ဆိုင်နေရတဲ့ အကြပ်အတည်းပါ။ တရုတ်တွေအနေနဲ့ ဇမ်ဘီးယားတွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ်မှာ ဆုံးဖြတ်နိုင်တဲ့ အာဏာရှိလာပြီဆိုတဲ့သဘောပါပဲ။

အလားတူပါပဲ ဂါနာနိုင်ငံကလည်း ဇမ်ဘီးယားလိုပဲ လမ်းကြောင်းလိုက်ပြီး တရုတ်တွေနဲ့ စာချုပ်တွေ လက်မှတ်ထိုးလိုက်ပြီးပါပြီ။ တရုတ်ပိုင် STARTTME ကုမ္မဏီဟာ တဖြည်းဖြည်းနဲ့ ဂါနာရဲ့ အဖွဲ့အစည်းတွေ၊ ဂါနာရဲ့ အကြီးဆုံးသော တူးဖော်ရေးလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းတွေကို သိပ်မကြာခင်မှာ သိမ်းပိုက်မယ့်အခြေအနေပါပဲ။ ဒီခေတ်မှာ ကျွန်စနစ် မရှိတော့ဘူးဆိုရင် အဲ့ဒါကို ဘာခေါ်လို့ရပါသလဲ။ ၂၁ ရာစု အာဖရိကမှာ ကျွန်တွေ မရှိတော့ဘဲ အကြွေးတွေနဲ့ နစ်နေမယ့် အာဖရိကဖြစ်လာပါပြီ။ဒါတွေက ခေါင်းဆောင်တွေရဲ့ လျစ်လျူရှုမှုနဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် ဖြစ်လာတာမို့ ရင်နင့်စရာပါပဲ။

(စက်တင်ဘာလ ၆ ရက်နေ့ Daily Rent Ghana ပါ ဆောင်းပါးရှင် Richard Krah ၏ China to take over Zambian international Airport for debt repayment default; Neocolonialism? ကို ဆီလျှော်အောင် ဘာသာပြန်သည်)

crd-သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တ႐ုတ္က အာဖရိကကို ေခတ္သစ္ကိုလိုနီျပဳျခင္း ( သုိ့မဟုတ္ ) သာေကာက ဇမ္ဘီးယားအစိုးရရဲ႕ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို အေႂကြးနဲ႔သိမ္းဖို႔ျပင္…..

တ႐ုတ္နဲ႔ စာခ်ဳပ္ေတြ လက္မွတ္ေရးထိုးရတာက ဖားကို ေရထဲထည့္ျပဳပ္တဲ့ ျဖစ္ရပ္လိုပါပဲ။ ပြက္ပြက္ဆူေနတဲ့ ေရေႏြးအိုးထဲကို ဖားကို ထည့္လိုက္ရင္ ခုန္ထြက္သြားမွာပါ။ ဒါေပမယ့္ ဖားကို ေရထဲအရင္ထည့္ၿပီး ေအာက္ကေန တျဖည္းျဖည္း အပူေပးလိုက္ရင္ေတာ့ ဖားလည္းခုန္မထြက္ေတာ့ဘဲ ဖားရဲ႕ ခႏၶာကိုယ္ အပူခ်ိန္က ေႏြးလာတဲ့ ေရအပူခ်ိန္ကို လိုက္ၿပီး ခ်ိန္ညႇိေပးရင္း ေနာက္ဆုံး မခံႏိုင္တဲ့အခါ ေသဆုံးသြားမွာပါ။ ေခါင္းေဆာင္ေတြရဲ႕

လ်စ္လ်ဴရႈမႈေတြနဲ႔ အတၱဆန္တဲ့ ကိုယ္က်ိဳးစီ းပြားေတြက အာဖရိကကို တ႐ုတ္ရဲ႕ ကိုလိုနီအျဖစ္ သြတ္သြင္းခံရပုံက ရင္နင့္စဖြယ္ပါပဲ။ ဒီေန႔မွာ တ႐ုတ္ေတြဟာ အာဖရိကကို သြားရည္ယိုစရာ အခြင့္အေရးေတြ ေပးေနတယ္။ အျမင္အားျဖင့္ ကုန္သြယ္ေရးမွာ စြဲမက္ဖြယ္ ေကာင္းၿပီ းလက္ေတြ႕မွာ အင္မတန္အႏၲရယ္မ်ားတဲ့ ေခတ္မမီ ေပ်ာက္ကြယ္ေနၿပီျဖစ္တဲ့ ကုန္စည္ခ်င္း ဖလွယ္တဲ့စနစ္ အေရာင္းအဝယ္ေတြ ကို တ႐ုတ္ဘက္က ေပးေနပါတယ္။ ဇမ္ဘီးယားအစိုးရက တ႐ုတ္ေတြနဲ႔ စာခ်ဳပ္ေတြခ်ဳပ္ဆိုခဲ့ၿပီး

အဲ့ဒီစာခ်ဳပ္ေတြက ဇမ္ဘီးယားကို အခြင့္အေရးေပးသလိုလိုနဲ႔ တကယ္ေတာ့ ေခတ္သစ္ ကိုလိုနီအျဖစ္ သြတ္သြင္းခံရသလိုျဖစ္သြားေစပါတယ္။ တ႐ုတ္က အခုအခ်ိန္မွာ ဇမ္ဘီးယားအစိုးရက အေႂကြးေတြ အခ်ိန္မီ ျပန္မဆပ္လို႔ ဇမ္ဘီးယားအစိုးရပိုင္ Kenneth Kaunda အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို လႊဲယူဖို႔ အဆိုျပဳ ေတာင္းယူေနပါၿပီ။ ေလဆိပ္ကို အေႂကြးနဲ႔ သိမ္းေတာ့မယ့္သေဘာပါ။

ဇမ္ဘီးယားအေနနဲ႔ အေႂကြးေတြကို ျပန္ေပးႏိုင္တဲ့ စီးပြားေရးအင္အား ရွိသလား ပိုင္ဆိုင္သလားဆိုတာက အေရးကိစၥျဖစ္လာေနပါတယ္။ ဒါဟာ တ႐ုတ္ရဲ႕ ဗ်ဴဟာပါပဲ။ ဇမ္ဘီးယားႏိုင္ငံပိုင္ ႐ုပ္သံထုတ္လႊင့္ေရး ေကာ္ပိုေရးရွင္းရဲ႕ ရွယ္ယာ ၆၀ ရာခိုင္ႏႈန္းကို တ႐ုတ္က ပိုင္ဆိုင္ေနတာကလည္း ဇမ္ဘီးယား ရင္ဆိုင္ေနရတဲ့ အၾကပ္အတည္းပါ။ တ႐ုတ္ေတြအေနနဲ႔ ဇမ္ဘီးယားေတြရဲ႕ ပိုင္ဆိုင္မႈေတြအေပၚမွာ ဆုံးျဖတ္ႏိုင္တဲ့ အာဏာရွိလာၿပီဆိုတဲ့သေဘာပါပဲ။

အလားတူပါပဲ ဂါနာႏိုင္ငံကလည္း ဇမ္ဘီးယားလိုပဲ လမ္းေၾကာင္းလိုက္ၿပီး တ႐ုတ္ေတြနဲ႔ စာခ်ဳပ္ေတြ လက္မွတ္ထိုးလိုက္ၿပီးပါၿပီ။ တ႐ုတ္ပိုင္ STARTTME ကုမၼဏီဟာ တျဖည္းျဖည္းနဲ႔ ဂါနာရဲ႕ အဖြဲ႕အစည္းေတြ၊ ဂါနာရဲ႕ အႀကီးဆုံးေသာ တူးေဖာ္ေရးလုပ္ငန္းေတြ အပါအဝင္ လုပ္ငန္းေတြကို သိပ္မၾကာခင္မွာ သိမ္းပိုက္မယ့္အေျခအေနပါပဲ။ ဒီေခတ္မွာ ကြၽန္စနစ္ မရွိေတာ့ဘူးဆိုရင္ အဲ့ဒါကို ဘာေခၚလို႔ရပါသလဲ။ ၂၁ ရာစု အာဖရိကမွာ ကြၽန္ေတြ မရွိေတာ့ဘဲ အေႂကြးေတြနဲ႔ နစ္ေနမယ့္ အာဖရိကျဖစ္လာပါၿပီ။ဒါေတြက ေခါင္းေဆာင္ေတြရဲ႕ လ်စ္လ်ဴရႈမႈနဲ႔ ကိုယ္က်ိဳးစီးပြားေတြေၾကာင့္ ျဖစ္လာတာမို႔ ရင္နင့္စရာပါပဲ။

(စက္တင္ဘာလ ၆ ရက္ေန႔ Daily Rent Ghana ပါ ေဆာင္းပါးရွင္ Richard Krah ၏ China to take over Zambian international Airport for debt repayment default; Neocolonialism? ကို ဆီေလွ်ာ္ေအာင္ ဘာသာျပန္သည္)

crd-သာလြန္ေဇာင္းထက္(ရန္ကုန္ေခတ္သစ္)

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။