တရုတ်က အမေရိကန်စနစ်နဲ့ယှဉ်နိုင်မယ့် ပြည်တွင်းထုတ် HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးကျည်စနစ်များကို တိဘက်ဒေသ၌ စမ်းသပ်စစ်ရေး လေ့ကျင့်

တရုတ်က အမေရိကန်စနစ်နဲ့ယှဉ်နိုင်မယ့် ပြည်တွင်းထုတ် HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးကျည်စနစ်များကို တိဘက်ဒေသ၌ စမ်းသပ်စစ်ရေး လေ့ကျင့်

ဇူလှိုင် ၃၀၊ နိုင်ငံတကာ

Global Times သတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ Liu Xuanzun ၏ အစီရင်ခံဖော်ပြချက်အရ တရုတ်နိုင်ငံဟာ ပြည်တွင်းထု် HJ-12 တင့်ဖျက်ဒုံး ကျည်စနစ်ကိုတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

ပြည်ပကိုရောင်းချဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ Chinese People’s Liberation Army (PLA) မှာ အသုံးပြုနေတယ်လို့လည်းဆိုပါတယ်။

ထိုစနစ်တွေကို မကြာသေးမီက တိဘက်ဆိုင်ရာစစ်ဌာနချုပ်မှာ စမ်းသပ်ပစ် ခတ်လေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။

၎င်းစနစ်ဟာ အမေရိကန်တို့ရဲ့ နာမည်ကျော် Javelin စနစ်နဲ့တောင် တန်းယှဉ် နိုင်မှာဖြစ်သလို မည်သည့်ပင်မတိုက်ပွဲဝင်တင့်ကားကိုမဆို ကောင်းစွာချေမှုန်း ဖျက်ဆီးတိုက်ခိုက်နိုင်မှာလို့ဆိုပါတယ်။

စစ်သည်တစ်ဦးချင်းစီအနေနဲ့တောင် သယ်ဆောင်တိုက်ခိုက်နိုင်မှာ ဖြစ်တာကြောင့် ယခင်တင့်ဖျက်စနစ်တွေထက် ရန်သူကို ကောင်းစွာ ချေမှုန်းတိုက်ခိုက်နိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါကြောင့်လည်း HJ-12 ဟာ PLA ကြည်းတပ်ရဲ့ တင့်ဖျက်စွမ်းရည်ကို ခိုင်မာတောင့်တင်းစေခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါစနစ်ကို တရုတ်အစိုးရပိုင် China North Industries Group Corporation (NORINCO) က တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး HJ-12 သို့မဟုတ် Red Arrow 12 လို့လည်း ခေါ်ကြပါတယ်။

၎င်းစနစ်ကို ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာကျင်းပပြု လုပ်ခဲ့တဲ့ Airshow China ပြပွဲမှာထုတ်ဖော်ပြသခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
စနစ်အနေနဲ့ ၁၁၀၀ မီလီမီတာအထူ ရှိတဲ့ ကျည်ကာစနစ်ကိုတောင် ထိုးဖောက်နိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် Jamming စနစ်ပိုင်းဆိုင်ရာ ခုခံကာကွယ်နိုင်စွမ်းမြင့်မားပြီး ဘန်ကာ၊ ရန်သူ့အခိုင်အမာစခန်းနဲ့အဆောက်အဦတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
Ref-AR
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။