တရုတ်က မျောက်တွေကို အာကာသ ပို့ပြီး မိတ်လိုက်ခိုင်းဖို့ စီစဉ်နေ

တရုတ် သိပ္ပံပညာရှင်တွေက Tiangong အာကာသစခန်းထံ မျောက်တွေကို ပို့ပြီး မိတ်လိုက်၊ မျိုးပွားဖို့အတွက် စီစဉ်နေတယ်လို့ South China Morning Post က ရေးသားထားပါတယ်။ အာကာသမှာ လူသားတွေ အခြေချနေထိုင်ဖို့အတွက် တိရိစ္ဆာန်တွေကို အာကာသကို လွှတ်ကာ မျိုးပွားဖို့အတွက် စမ်းသပ်တာ ဖြစ်ပါတယ်။
မျောက်တွေကို မိတ်လိုက် စမ်းသပ်မှုကို Tiangong အာကာသ စခန်းရဲ့ အကြီးမားဆုံး Capsule ဖြစ်တဲ့ Wentian မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘေဂျင်းက တရုတ် သိပ္ပံ အကယ်ဒမီမှ သုတေသနပညာရှင် Zhang Lu က “ အရွယ်သေး တိရိစ္ဆာန်တွေရဲ့ အာကာသမှာ မျိုးပွားနိုင်မှု စွမ်းရည်ကို လေ့လာမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေ ဆွဲအား ကင်းမဲ့တဲ့ အာကာသမှာ တိရိစ္ဆာန်တွေ ရပ်တည် ရှင်သန်နိုင်မှုကို ပိုမို သိလာရမှာပါ။ “ လို့ ပြောပါတယ်။
အာကာသမှာ မျောက်တွေ မိတ်လိုက်ဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အရင်ဆုံး မျောက်တွေ မိတ်လိုက်ချင်အောင် အာကာသယာဉ်မှူးတွေဟာ မျောက်တွေကို စိတ်ပျော်ရွှင်အောင်ထားရမှာပါ။ ဒါ့အပြင် အာကာသမှာ သွေးဖိအားကျဆင်းစေတဲ့အတွက် လိင်တံ မာကျောမှု အားနည်းတာကလည်း ပြဿနာ ၁ ခု ဖြစ်ပါတယ်။
Ref : futurism
Crd
8
Crd