တရုတ်ကိုထုဖို့ ဟောင်ဝဇ္ဇာစနစ်တွေ ရှယ်ပလန်နဲ့ ဝယ်နေတဲ့ ထိုင်ဝမ်

U.S. Department of Defense ဌာနရဲ့ ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ချက် အရ ထိုင်ဝမ်နိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၇၅၀ ဖိုးတန်ကြေးရှိတဲ့ 155mm M109A6 Paladin Medium tracked Self-Propelled Howitzer System စနစ်တွေရောင်းချပေးဖို့ သဘောတူလိုက်တယ်လို့ သိရှိရပါတယ်။

စုစုပေါင်း ၄၀ ယူနစ်စာဝယ်ယူမှာဖြစ်ပြီး အဆိုပါဝယ်ယူမှုမှာ အမြောက်စနစ် ၄၀ စာအပြင် M992A2 Field Artillery Ammunition Support Vehicles (FAASV) ၂၀ စီး၊ Advanced Field Artillery Tactical Data System (AFATDS) ၁ ခု၊ M88A2 Hercules vehicle ၅ စီး၊

M2 Chrysler Mount .50 caliber machine gun ၅ လက်၊ Precision Guidance Kits (PGK) ၁၆၉၈ ခု နဲ့ ပြုပြင်ထိန်းသိမ်းရေးကိရိယာတွေကအစ ပါဝင်မယ်လို့ဆိုပါတယ်။

ယခုကဲ့သို့ ရောင်းချပေးမှုဟာ ထိုင်ဝမ် တပ်မတော်ရဲ့ လိုအပ်နေတဲ့ ဟောင်ဝဇ္ဇာ အမြောက် တပ်ဖွဲ့ကို အထောက်အကူ ဖြစ်စေမှာပါ။ Self-Propelled Howitzer Systems ကိုထောက်ပံ့ဖို့အတွက် BAE System ကနေ အဓိက ဆောင်ရွက် ပေးမယ်လို့သိရှိရပါတယ်။

M109A6 ဟာ M109A1 စနစ်အပေါ်အခြေခံတည်ဆောက်ထားတာပါ။ တပ်ဖွဲ့ဝင် ၄ ဦးလိုက်ပါတာဝန်ထမ်းဆောင်နိုင်ပါတယ်။

လက်နက်ငယ်ကျည်ဆံ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင် တည်ဆောက် ထားပါတယ်။ ၁၅၅ မမကျည်ကို ၃၆ ကနေ ၃၉ တောင့်အထိ ထည့်သွင်း နိုင်အောင်ပြုလုပ်ထားပါတယ်။

၄၀ ကီလိုမီတာ အမြင့်ဆုံးပစ်ခတ်နိုင်စွမ်း ရှိကြောင်းသိရှိရပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

တ႐ုတ္ကိုထုဖို႔ ေဟာင္ဝဇၨာစနစ္ေတြ ရွယ္ပလန္နဲ႔ ဝယ္ေနတဲ့ ထိုင္ဝမ္
U.S. Department of Defense ဌာနရဲ့ ဩဂုတ္လ ၄ ရက္ေန႔က ထုတ္ျပန္ခ်က္ အရ ထိုင္ဝမ္နိုင္ငံကို အေမရိကန္ေဒၚလာ သန္း ၇၅၀ ဖိုးတန္ေၾကးရွိတဲ့ 155mm M109A6 Paladin Medium tracked Self-Propelled Howitzer System စနစ္ေတြေရာင္းခ်ေပးဖို႔ သေဘာတူလိုက္တယ္လို႔ သိရွိရပါတယ္။

စုစုေပါင္း ၄၀ ယူနစ္စာဝယ္ယူမွာျဖစ္ၿပီး အဆိုပါဝယ္ယူမႈမွာ အေျမာက္စနစ္ ၄၀ စာအျပင္ M992A2 Field Artillery Ammunition Support Vehicles (FAASV) ၂၀ စီး၊ Advanced Field Artillery Tactical Data System (AFATDS) ၁ ခု၊ M88A2 Hercules vehicle ၅ စီး၊

M2 Chrysler Mount .50 caliber machine gun ၅ လက္၊ Precision Guidance Kits (PGK) ၁၆၉၈ ခု နဲ႔ ျပဳျပင္ထိန္းသိမ္းေရးကိရိယာေတြကအစ ပါဝင္မယ္လို႔ဆိုပါတယ္။

ယခုကဲ့သို႔ ေရာင္းခ်ေပးမႈဟာ ထိုင္ဝမ္ တပ္မေတာ္ရဲ့ လိုအပ္ေနတဲ့ ေဟာင္ဝဇၨာ အေျမာက္ တပ္ဖြဲ႕ကို အေထာက္အကူ ျဖစ္ေစမွာပါ။ Self-Propelled Howitzer Systems ကိုေထာက္ပံ့ဖို႔အတြက္ BAE System ကေန အဓိက ေဆာင္ရြက္ ေပးမယ္လို႔သိရွိရပါတယ္။

M109A6 ဟာ M109A1 စနစ္အေပၚအေျခခံတည္ေဆာက္ထားတာပါ။ တပ္ဖြဲ႕ဝင္ ၄ ဦးလိုက္ပါတာဝန္ထမ္းေဆာင္နိုင္ပါတယ္။

လက္နက္ငယ္က်ည္ဆံ ဒဏ္ကိုလည္း ခံနိုင္ရည္ရွိေအာင္ တည္ေဆာက္ ထားပါတယ္။ ၁၅၅ မမက်ည္ကို ၃၆ ကေန ၃၉ ေတာင့္အထိ ထည့္သြင္း နိုင္ေအာင္ျပဳလုပ္ထားပါတယ္။

၄၀ ကီလိုမီတာ အျမင့္ဆုံးပစ္ခတ္နိုင္စြမ္း ရွိေၾကာင္းသိရွိရပါတယ္။

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။