တရုတ်ကန့်ကွက်နေလဲ အမေရိကန် ဒုံးခွင်းဒုံးစနစ်တွေ တောင်ကိုရီးယားကိုရောက်ရှိ – The Geek Text

တရုတ်ကန့်ကွက်နေလဲ အမေရိကန် ဒုံးခွင်းဒုံးစနစ်တွေ တောင်ကိုရီးယားကိုရောက်ရှိ – The Geek Text



Post Views:
8

“တရုတ်က ကန့်ကွက်နေသည့်ကြားက အမေရိကန်ဒုံးခွင်းဒုံးစနစ်တွေ တောင်ကိုရီးယားကို ရောက်ရှိလာ”

၈/၁၀/၂၀၂၂

အမေရိကန်ရဲ့ နောက်ဆုံးပေါ် ဒုံးခွင်းဒုံးစနစ်တွေ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းကိုအောက်တိုဘာ ၇ ရက်နေ့က ရောက်ရှိလာကြောင်း တောင်ကိုရီးယားသတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်လုပ် THAAD (Terminal High Altitude Area Defense) ဒုံးခွင်းဒုံးစနစ်တွေ တိုးချဲ့ မတပ်ဆင်ဖို့ တရုတ်က အကြိမ်ကြိမ် တောင်းဆိုနေတဲ့ကြားက THAAD ဒုံးစနစ်နဲ့ PAC-3 (Patriot Advanced Capability -3) ဒုံးစနစ် နှစ်ခုပေါင်းစပ် အသုံးပြုမဲ့ စနစ်တွေ တောင်ကိုရီးယားကို ရောက်ရှိလာတာလို့ သတင်းတွေက ဖော်ပြပါတယ်။

စနစ်နှစ်ခု ပေါင်းစပ်ထားတဲ့ ဒုံးခွင်းဒုံး စနစ်တွေကို ဆိုးလ်မြို့တောင်ဘက် ၂၉၆ ကီလိုမီတာအကွာက စစ်စခန်းမှာ တပ်ဆင်မှာဖြစ်ပြီး အခုလကုန်မှာ စတင်အသုံးပြုဖို့ ရည်ရွယ်တယ်လို့ တောင်ကိုရီး ယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကီလိုမီတာ ၁၅၀ အကွာက ဒုံးကျည်တွေကို ကြားဖြတ် ပစ်ခတ်နိုင်သလို ကီလိုမီတာ ၄၀ အောက် ရောက်လာတဲ့ ဒုံးကျည်တွေကိုလည်း အမြန်ပစ်ချနိုင်မယ် ဆိုပါတယ်။

အခုလို အဆင့်မြင့် ဒုံးခွင်းဒုံး တပ်ဆင်ဖို့ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရသလို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကနေ တောင်ကိုရီးယားနိုင်ငံသားတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


မူလရှိပြီးသား ဒုံးကျည် ကာကွယ်ရေးစနစ်တွေကို အမေရိကန်ကို ပြန်လည်ပေးပို့မှာဖြစ်ပြီး အခုရောက်ရှိလာတဲ့ ဒုံးခွင်းဒုံးစနစ် အသစ်တွေကိုပဲ အစားထိုး သုံးစွဲသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ဒုံးခွင်းဒုံးတွေဟာ တရုတ်ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်တဲ့အတွက် တောင်ကိုရီးယားမှာ အသစ်တိုးချဲ့ မတပ်ဆင်ဖို့ တရုတ်က အကြိမ်ကြိမ် တောင်းဆိုထားတာဖြစ်ပါတယ်။

#BNN
#BurmaNewsNetwork
#NorthKorea #THAAD #China
#THAAD #TerminalHighAltitudeAreaDefense
#PAC_3 #PatriotAdvancedCapability

crd Moe win oo

Crd

arkarta