တရိပ်ရိပ်ကျဆင်းခဲ့တဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ယနေ့ ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ မကျနိုင်တော့ပါ

တရိပ်ရိပ်ကျဆင်းခဲ့တဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ယနေ့ ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ မကျနိုင်တော့ပါ

တရိပ်ရိပ်ကျဆင်းခဲ့တဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ယနေ့ ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ မကျနိုင်တော့ပါ..

ပြင်ပငွေကြေးဈေးကွက်မှာ ဒီနေ့နံနက် ၁၁ နာရီခွဲအချိန် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်ပြန်ရောက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ပြင်ပဒေါ်လာ အနိမ့်ဆုံးဈေး ၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးမှာတော့ စျေးပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ရည်ညွှန်းဈေးကတော့ ခုချိန်ထိ မပြောင်းလဲသော ၂၁၀၀ ကျပ်စျေးဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးအတက်အကျ မြန်ဆန်စွာဖြစ်ပေါ်နေလို့ ဈေးနှုန်းမခန့်မှန်းနိုင်တော့တဲ့အတွက် ဒေါ်လာဝယ်ရောင်း ရပ်နားထားတဲ့သူတွေရှိနေပါတယ်။

ဒီနေ့ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်မှာတော့ တစ်ဒေါ်လာကို ၂၈၈၀ မှ ၂၉၃၀ ကျပ်ကြား အရောင်းအဝယ်လုပ်ကြပြီး ဈေးတည်ငြိမ်မှုမရှိဘူးလို့ သိရပါတယ်။ ပြင်ပဒေါ်လာလဲလှယ်နှုန်းပြန်တက်လာတဲ့အတွက် ဒေါ်လာနဲ့ချိတ်ဆက်မှုရှိတဲ့ ပြည်တွင်းရွှေဈေးကလည်း ကျပ် ၂၅ သိန်းအထက်ကို ပြန်ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စံချိန်တင်အမြင့်ဆုံးဈေးနှုန်း တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင် ပြင်ပငွေကြေးဈေးကွက်မှာဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကနေ တရိပ်ရိပ်ပြန်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ အစမှာတော့ အနိမ့်ဆုံးဒေါ်လာဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိဖြစ်ပေါ်ခဲ့ပေမယ့် ဈေးကွက်မတည်ငြိမ်တာကြောင့် အောက်တိုဘာ ၃ ရက်မှာတော့ ကျပ် ၂၉၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

အလားတူ ယနေ့ အောက်တိုဘာ ၃ ရက် ပြင်ပရွှေဈေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်းအထက်နဲ့ ဈေးစဖွင့်လာခဲ့တယ်လို့ နံနက် ၁၁ နာရီ ရန်ကုန်မြို့ရွှေဆိုင်တွေရဲ့ပေါက်ဈေးအရ သိရပါတယ်။ ဒီနေ့ နံနက် ၁၁ နာရီ ရွှေဈေးအရ ၁၆ ပဲရည်တစ်ကျပ်သားကို ၂၅၅၀၀၀၀ ကျပ်နဲ့ ဆိုင်ကရောင်းပြီး ကျပ် ၂၅ သိန်းအောက်နဲ့ ဆိုင်ကပြန်ဝယ်ပါတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ ဈေးနှုန်းအရ သိရပါတယ်။

စက်တင်ဘာနောက်ဆုံးအပတ်ကစတင်ပြီး ဆက်တိုက်ကျဆင်းလာတဲ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ၂၃ သိန်းအောက်ထိ ကျဆင်းခဲ့တာဖြစ်ပြီး ဒီနေ့ဈေးကွက်အဖွင့်မှာတော့ ကျပ် ၂၅ သိန်းကျော်အထိ ဈေးထပ်မံမြင့်တက်လာပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းက ရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်ထိ ဈေးမြင့်တက်ခဲ့ပြီး အဲ့ဒီအချိန်က ရွှေဝယ်စုခဲ့သူအများစုက အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်နေသလို ပြည်တွင်းရွှေဈေးကွက်အတွင်း အခုရက်ပိုင်း ရွှေဈေးနှုန်းတရိပ်ရိပ်ကျလာပေမယ့် အရောင်းအဝယ်အေးကာ အခြေအနေစောင့်ကြည့်တဲ့သူများနေပါတယ်။

လက်ရှိရွှေဈေးကွက်ထဲမှာ တက်ဈေးမိထားသူတွေရှိနေပြီး အတက်အကျမြန်ဆန်နေတဲ့ ဈေးကွက်ဖြစ်လို့ အခြေအနေစောင့်ကြည့်သူတွေများနေသလို ဝင်ငွေအဆင်မပြေတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ထုတ်ရောင်းပေမယ့် ရွှေဈေးကျလာတဲ့အတွက် လေလံဆွဲမယ့်သူမရှိလို့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

crd

Crd

arkarta