



Post Views:
11


လေသံထုတ်နေတာက ရုရှ






crd
Pi Lon

Unicode
တနျူထဲနျူဆိုပြီး လေသံထုတ်နေတာက ရုရှ တကယ်စလုပ်မှာက မြောက်ကိုရီးယား ဆိုတာလိုဖြစ်တော့မလား..?

လေသံထုတ်နေတာက ရုရှ
တကယ်စလုပ်မှာက မြောက်ကိုရီးယား ဆိုတာလိုဖြစ်တော့မလားပဲ
ရုရှဟာ နယ်မြေ၄ခုကိုသူ့နိုင်ငံထီးရိပ်ထဲကောက်ထည့်လိုက်ပြီး မကြာဘူး လီမန်မြို့ကြီး ယူကရိန်းတွေဆီပြန်ကျတယ်
အခု ၄ နယ်မြေမှာ ၂ နယ်မြေကို ယူကရိန်းကထိုးဖောက်သိမ်းပိုက်လာနေတယ်

ဒါဟာ ရုရှထီးရိပ်ကို ချိုးလိုက်တာပေမဲ့ ရုရှဟာပြောသလောက် မလုပ်ပြသေးတာတွေ့ရတယ်
ချေချင်းညာ ခေါင်းဆောင်ကတော့ တနျူထဲနျူခိုင်းနေပါတယ်
သည်ကြားထဲမှာ နျူလက်နက်တွေတင်ထားတယ်ဆိုတဲ့ ရေငုပ်သင်္ဘောကြီးက စောင့်ကြည့်နေရင်းနဲ့ နေတိုးမျက်စေ့အောက်က ပျောက်သွားလို့ ဖင်ကြားခဲခုကုန်ကြပြန်သတဲ့

အဲ့တာကြီးက အာတိတ်သမုဒ္ဒရာကဆိပ်ကမ်းမှာထားထားတဲ့ နျူအားသုံး ရေငုပ်သင်္ဘောပါ
အဲ့သည့်ရေငုပ်သင်္ဘောကြီးပေါ်မှာ ကမ္ဘာ့ကမ်းခြေတွေကို ဆူနာမီလှိုင်းတွေလာရိုက်ခတ်စေအောင်ဖန်တီးနိုင်တဲ့ doomsday လက်နက်ဆိုတဲ့
ပိုဆီဒွန်ဒရုန်းလက်နက်ပါလာသတဲ့

အဲ့သည်လိုတွေ ပွဲဖြစ်နေတုန်း ပြုံယမ်းက
တိုက်ချင်းပစ်ဒုံးပျံကို ဂျပန်နိုင်ငံမြို့ကြီးတွေပေါ်ကဖြတ်ပစ်ထည့်လိုက်တော့ တခါထဲလေကြောင်းရန်ကာကွယ်ရေး ဝမ်နိမ်တွေ အလန့်တကြားနဲ့ဖြစ်ကုန်ကြပါသတဲ့
တကယ်ပစ်တာတောင်မဟုတ်သေးပါဘူး

အခုပစ်လိုက်တော့ အမေရိကန်က တောင်ကိုရီးယားနဲ့ ဂျပန်ကို သူအစွမ်းကုန်ကာကွယ်မယ်မပူနဲ့လို့ပြောလိုက်ပြီး မြောက်ကိုရီးယားကို အေးဆေးစကားပြောဖို့ တံခါးဖွင့်ထားဆဲပါငါ့လူရလို့ ပြောလိုက်ပြန်ပါသတဲ့
ဘယ်သူကတကယ်စမယ်တော့မသိဘူး

မျက်မြင်ထထပြနေတာကတော့ မြောက်ကိုရီးယားကပါပဲ
ခုတလောမှာတင်ငါးခါရှိနေပြီ ပိုက်ဆန်အတော်ကုန်မှာတော့သေချာတယ်
ဘာပြန်ရမလဲ ကြည့်ကြရမှာပါ

crd
Pi Lon
Ref Reuters and Sources

Crd

Crd

arkarta