တစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးဖို့ လိုအပ်သည့် ခင်ပွန်းဖြစ်ကို ကိုယ်တိုင် ကျောပိုးကာ ဆေးရုံသို့ လိုက်ပို့ပေးနေသည့် ဇနီးသည်


Post Views:
99

အီဂျစ်နိုင်ငံ Cairoမြို့တွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် ခင်ပွန်းဖြစ်သူမှာ အဌားယာဥ်မောင်းသမားအဖြစ် လုပ်ကိုင်ရင်း ဇနီးသည်ကလည်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာခဲ့၍ သားသမီးတွေကို မျက်နှာမငယ်အောင် ထားနိုင်ခဲ့သည်။

သို့သော်လည်း ခင်ပွန်းဖြစ်သူသည် ရုတ်တရက်ကြီး ကားမောင်းရင်းက မူးလာ၍ ဆေးခန်းသို့သွားပြရာတွင် အသည်းနှင့် ကျောက်ကပ်ပိုင်းဆိုင်ရာ ရောဂါကို တွေ့ရှိခဲ့ချိန် အလုပ်မှ အနားယူခဲ့ရသည်။

ခင်ပွန်းဖြစ်သူမှ အလုပ်မလုပ်ရတော့သည့်အတွက် မိသားစု စားဝတ်နေရေးအတွက်ကို ဇနီးသည်မှ တာဝန်ယူကာ တစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးရမည့် ခင်ပွန်းကို ကားခချွေတာရန်အတွက် ကိုယ်တိုင်ပဲ ကျောပိုးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဇနီးဖြစ်သူသည် စားဝတ်နေရေးအတွက် ရှာဖွေစားရသည့်အထဲ ရောဂါသည်ခင်ပွန်းကိုပါ ပြုစုပေးနေရကာ ပင်ပန်းလွန်းသော်လည်း ခင်ပွန်းသည်ကို သစ္စာရှိရှိနဲ့ မေတ္တာမပြတ်ဂရုစိုက်ပေးပြီး အနားမှာရှိပေးသွားမည်ဟု အခိုင်အမာဆုံးဖြတ်ထားခဲ့သည်။

Rain (For Ialinks)

Zawgyi

တစ္ပတ္တစ္ခါ ေက်ာက္ကပ္ေဆးဖို႔ လိုအပ္သည့္ ခင္ပြန္းျဖစ္ကို ကိုယ္တိုင္ ေက်ာပိုးကာ ေဆး႐ုံသို႔ လိုက္ပို႔ေပးေနသည့္ ဇနီးသည္

အီဂ်စ္ႏိုင္ငံ Cairoၿမိဳ႕တြင္ ေနထိုင္ေသာ ဇနီးေမာင္ႏွံႏွစ္ဦးသည္ ခင္ပြန္းျဖစ္သူမွာ အဌားယာဥ္ေမာင္းသမားအျဖစ္ လုပ္ကိုင္ရင္း ဇနီးသည္ကလည္း တစ္ဖက္တစ္လမ္းကေန ဝင္ေငြရွာခဲ့၍ သားသမီးေတြကို မ်က္ႏွာမငယ္ေအာင္ ထားႏိုင္ခဲ့သည္။

သို႔ေသာ္လည္း ခင္ပြန္းျဖစ္သူသည္ ႐ုတ္တရက္ႀကီး ကားေမာင္းရင္းက မူးလာ၍ ေဆးခန္းသို႔သြားျပရာတြင္ အသည္းႏွင့္ ေက်ာက္ကပ္ပိုင္းဆိုင္ရာ ေရာဂါကို ေတြ႕ရွိခဲ့ခ်ိန္ အလုပ္မွ အနားယူခဲ့ရသည္။

ခင္ပြန္းျဖစ္သူမွ အလုပ္မလုပ္ရေတာ့သည့္အတြက္ မိသားစု စားဝတ္ေနေရးအတြက္ကို ဇနီးသည္မွ တာဝန္ယူကာ တစ္ပတ္တစ္ခါ ေက်ာက္ကပ္ေဆးရမည့္ ခင္ပြန္းကို ကားခေခြၽတာရန္အတြက္ ကိုယ္တိုင္ပဲ ေက်ာပိုးကာ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည္။

ဇနီးျဖစ္သူသည္ စားဝတ္ေနေရးအတြက္ ရွာေဖြစားရသည့္အထဲ ေရာဂါသည္ခင္ပြန္းကိုပါ ျပဳစုေပးေနရကာ ပင္ပန္းလြန္းေသာ္လည္း ခင္ပြန္းသည္ကို သစၥာရွိရွိနဲ႔ ေမတၱာမျပတ္ဂ႐ုစိုက္ေပးၿပီး အနားမွာရွိေပးသြားမည္ဟု အခိုင္အမာဆုံးျဖတ္ထားခဲ့သည္။

Rain (For Ialinks)