တစ်နေ့တစ်မျိုးမရိုးရသော ဖက်ရှင်ဝတ်စားဆင်ယင်မှုအမျိုးမျိုးတို့ ဝတ်ဆင်ကာ သခင်ဖြစ်သူစျေးရောင်းကောင်းအောင် ကူညီပေးနေသည့် ခွေးလိမ္မာလေး





Rain (For Ialinks)

Zawgyi

တစ်နေ့တစ်မျိုးမရိုးရသော ဖက်ရှင်ဝတ်စားဆင်ယင်မှုအမျိုးမျိုးတို့ ဝတ်ဆင်ကာ သခင်ဖြစ်သူစျေးရောင်းကောင်းအောင် ကူညီပေးနေသည့် ခွေးလိမ္မာလေး

ခွေးလေးများသည် သစ္စာအရှိဆုံးနဲ့ သိတတ်လိမ္မာဆုံးသော တိရစ္ဆာန်လေးတွေဖြစ်ကြပြီး သခင်ဖြစ်သူ သွားလေရာသို့ မပျင်းရိပဲ တကောက်ကောက်ပက်လိုက်တတ်၍ ကာကွယ်စောင့်ရှောက်ပေးကာ အကူအညီလည်းပေးတတ်ကြသည်။

ယခုတွင်လည်း ထိုင်ဝမ်နိုင်ငံရှိ လမ်းဘေးတစ်နေရာတွင် ဟင်းသီးဟင်းရွက်လေးတွေရောင်းရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေရသော အဖွားအိုတစ်ဦးရဲ့ အိမ်မှာမွေးထားသော ရနှစ်အရွယ် ခွေးလေးတစ်ကောင်သည် လိမ္မာပါးနပ်ပြီး သခင်ဖြစ်သူအပေါ်မှာလည်း ကျေးဇူးသိတတ်သည်။

အဖွားအိုသည် ခွေးလေးကို သားသမီးရင်းလေးလို သဘောထားပြီး ချစ်ပေးကာ အဝတ်အစားတွေ တစ်နေ့တစ်မျိုးဝတ်ဆင်ပေးပြီးတော့ ဟင်းသီးဟင်းရွက်အရောင်းဆိုင်သို့ ခေါ်သွားခဲ့ရာ ဖြတ်သွားဖြတ်လာသူများသည် စျေးမရောင်းကောင်း၍ ညှိုးမှိုင်နေသောမျက်နှာနှင့် ငုတ်တုတ်လေးထိုင်နေသည့် ခွေးလေးကို ကြည့်ရင်း သဘောကျနေခဲ့ကြသည်။

ခွေးလေးသည် ရာသီအလိုက် ထွက်ပေါ်သော သီးနှံတို့ကို ဖက်ရှင်အဖြစ် ဝတ်စားဆင်ယင်ထားတာကြောင့် ဖောက်သည်တွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ရာ အဖွားအိုလည်း ခွေးလေးကြောင့် စျေးရောင်းအားမြှင့်တက်လာခဲ့သည်။

Rain (For Ialinks)

Crd