တစ်ချိန်က အရှေ့တောင်အာရှမှာ ရုပ်ရှင်လုပ်ငန်း အအောင်မြင်ဆုံး ဖြစ်ခဲ့သည့် မြန်မာပြည်

တစ်ချိန်က အရှေ့တောင်အာရှမှာ ရုပ်ရှင်လုပ်ငန်း အအောင်မြင်ဆုံး ဖြစ်ခဲ့သည့် မြန်မာပြည်



Post Views:
16

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ျမန္မာႏိုင္ငံသည္ တခ်ိန္က အေရွ႕ေတာင္အာရွတြင္ ႐ုပ္ရွင္လုပ္ငန္းအေအာင္ျမင္ဆုံးဟု ပညာရွင္မ်ားသတ္မွတ္ထားၿပီး တစ္ႏိုင္ငံလုံးတြင္ ႐ုပ္ရွင္႐ုံေပါင္း ၃၀၀ အထိရွိခဲ့သည္။

ရန္ကုန္ၿမိဳ႕ရွိ အေစာဆုံး႐ုပ္ရွင္႐ုံသည္ ဗိုလ္ခ်ဴပ္လမ္းက ဝဇီရာ႐ုပ္ရွင္႐ုံ ျဖစ္သည္။ ဝဇီရာ႐ုံ၏ မူလနာမည္မွာ Excelsior ျဖစ္ပါသည္။

၁၉၈၅ ခုႏွစ္ ဝဇီရာ႐ုပ္ရွင္႐ုံကို ျပဇတ္ပေဒ သာကပြဲ႐ုံသို႔ ေျပာင္းလဲခဲ့ၿပီး ဘိုကေလးတင့္ေအာင္၊ ဒဂုန္တင္ဝင္းမ်ား ျပဇတ္ကခဲ့ၾကသည္။

၁၉၉၀ နဝတစစ္အစိုးရလက္ထက္မွာ ဝဇီရာျပဇတ္႐ုံကို ႐ုပ္ရွင္႐ုံအျဖစ္ ျပန္ေျပာင္းလဲခဲ့သည္။ ျမန္မာ့႐ုပ္ရွင္သမိုင္းဝင္ ေရွးေဟာင္းအေမြအနစ္စာရင္းဝင္ ဝဇီရာ႐ုပ္ရွင္႐ုံကို

႐ုပ္ရွင္အစည္းအ႐ုံး အေမရိကန္ယဥ္ေက်းမႈဌာနႏွင့္ ေဒါက္တာသန္႔ျမင့္ဦး (YHT -Yangon Heritage Trust) တို႔၏ ပံ့ပိုးကူညီမူျဖင့္ ထိမ္းသိမ္းေစာင့္ေရွာက္ရန္ ေဆာင္႐ြက္လွ်က္ရွိသည္။

႐ုပ္ရွင္ေခတ္ေကာင္းခဲ့စဥ္က ဗိုလ္ခ်ဴပ္ေအာင္ဆန္းလမ္းမွာ ႐ုပ္ရွင္႐ုံ ၇ ႐ုံအထိရွိခဲ့ၿပိး ၁၉၂၀ ခုႏွစ္ကတည္ေဆာက္ခဲ့သည့္ ဝဇီရာ႐ုံသည္ ထိပ္ဆုံးမွာတည္ရွိခဲ့ပါသည္။

မဆလဗိုလ္ေနဝင္းလက္ထက္ ျပည္သူပိုင္သိမ္းခံခဲ့ရေသာ ႐ုပ္ရွင္႐ုံမ်ား၏ မူလနာမည္ႏွင့္ နာမည္အသစ္ (ဖတ္မိသမွ်)။ ပပဝင္း (Palladium)၊ ဂုဏ္ (Globe)၊ ရဲရင့္ (Ritz)၊ ေတာ္ဝင္ (Royal)၊ ယုဇန (Carlton)၊

ဘုရင့္ (King)၊ သြင္၊ ဆုထူးပန္၊ ၿမိဳ႕မ၊ ေ႐ႊဂုံ၊ ေရွ႕ေဆာင္၊ ေနျပည္ေတာ္ တို႔ျဖစ္သည္။ ရန္ကုန္ၿမိဳ႕တြင္ ႐ုပ္ရွင္႐ုံမ်ားအတြဲလိုက္စီတန္းတည္ရွိမႈသည္ တခ်ိန္က အာရွတြင္ အလြန္ေက်ာ္ၾကားခဲ့ပါသည္။

ရန္ကင္းမွာ ႐ုပ္ရွင္႐ုံ ႏွစ္႐ုံရွိခဲ့ပါသည္။ သနက (၄) ႏွင့္ ေဘာက္ေထာ္အေျမာက္တပ္ တပ္တြင္း႐ုပ္ရွင္႐ုံမ်ား ထည့္ေပါင္းလွ်င္

ရန္ကင္းမွာ စုစုေပါင္း႐ုပ္ရွင္႐ုံ ၄ ႐ုံရွိခဲ့သည္။ ကံဘဲ့ေအာင္သီရိ႐ုံ၌ အၾကည့္မ်ားၿပီး ေအာင္ေဇယ်႐ုံတြင္ ၁ ကား ၂ ကားမွ်သာ ၾကည့္ဖူးသည္။

သနက (၄) တပ္တြင္း႐ုံတြင္ အၾကည့္မ်ားၿပီး အေျမာက္တပ္႐ုံ၌ ႐ုပ္ရွင္ ၂ ကားမွ်ၾကည့္ဖူးပါသည္။ ေက်ာင္းေျပးၿပီး

ကံဘဲ့ေအာင္သီရိ႐ုံကို က်ေနာ္တို႔လူငယ္ေတြ သြားၾကည့္ၾကပါသည္။ တြံေတးသိန္းတန္ပါေသာ ႐ုပ္ရွင္ျဖစ္ၿပီး ကားနာမည္ကို ေမ့ေနပါၿပီ။

ခိုးၾကည့္ၾကေသာေၾကာင့္ ႐ုပ္ရွင္ျပၿပီး ေမွာင္ေနခ်ိန္ၾကမွ ႐ုံထဲဝင္ခဲ့ၾကပါသည္။ ႐ုပ္ရွင္တစ္ပိုင္းျပၿပီး ေခတၱအနားေပးခ်ိန္တြင္ ႐ုံထဲမွ မီးမ်ားလင္းလာပါသည္။

႐ုံထဲတြင္ရန္ကင္းထဲမွ စုံတြဲ ၃-၄ တြဲ ထိုင္ေနၾကသည္ကို ေတြ႕ရပါသည္။ က်ေနာ္တို႔ျမင္လို႔သူတို႔ ခိုးလို႔ခုလုျဖစ္ေနၾကတာမွတ္မိသည္။

အခ်ိဳ႕အတြဲက႐ုံထဲမီးလင္းလာလို႔ ရွက္လို႔ မ်က္နာကြယ္ၿပီး ၿငိမ္ေနၾကပါသည္။ က်ေနာ္တို႔ လက္မွတ္က ငါးမူးတန္းျဖစ္ပါသည္။

အေနာက္ဘက္ ၁ က်ပ္တန္း ၂ က်ပ္တန္း ခုံလြတ္ေနပါသည္။ မီးျပန္ပိတ္၍ ႐ုပ္ရွင္ျပန္ျပေသာအခါ

က်ေနာ္တို႔အုပ္စု အေနာက္ဘက္ ၂ က်ပ္ အတန္းဆီ ေျပာင္းထိုင္ၾကပါသည္။ ႐ုံေစာင့္က ကေလးေတြျဖစ္ၿပီး ျပခ်ိန္တစ္ဝက္ေက်ာ္ေနလို႔ ဘာမွမေျပာခဲ့ပါ။

ရန္ကုန္ၿမိဳ႕၏ ပထမဆုံး႐ုပ္ရွင္႐ုံ ဝဇီရာ႐ုံကို ကိုလိုနီေခတ္က ျမင္ေတြ႕ရစဥ္။

လြင္ဦး (ရန္ကင္း) Credit

Unicode

မြန်မာနိုင်ငံသည် တချိန်က အရှေ့တောင်အာရှတွင် ရုပ်ရှင်လုပ်ငန်းအအောင်မြင်ဆုံးဟု ပညာရှင်များသတ်မှတ်ထားပြီး တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၃၀၀ အထိရှိခဲ့သည်။

ရန်ကုန်မြို့ရှိ အစောဆုံးရုပ်ရှင်ရုံသည် ဗိုလ်ချူပ်လမ်းက ဝဇီရာရုပ်ရှင်ရုံ ဖြစ်သည်။ ဝဇီရာရုံ၏ မူလနာမည်မှာ Excelsior ဖြစ်ပါသည်။

၁၉၈၅ ခုနှစ် ဝဇီရာရုပ်ရှင်ရုံကို ပြဇတ်ပဒေ သာကပွဲရုံသို့ ပြောင်းလဲခဲ့ပြီး ဘိုကလေးတင့်အောင်၊ ဒဂုန်တင်ဝင်းများ ပြဇတ်ကခဲ့ကြသည်။

၁၉၉၀ နဝတစစ်အစိုးရလက်ထက်မှာ ဝဇီရာပြဇတ်ရုံကို ရုပ်ရှင်ရုံအဖြစ် ပြန်ပြောင်းလဲခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းဝင် ရှေးဟောင်းအမွေအနစ်စာရင်းဝင် ဝဇီရာရုပ်ရှင်ရုံကို

ရုပ်ရှင်အစည်းအရုံး အမေရိကန်ယဉ်ကျေးမှုဌာနနှင့် ဒေါက်တာသန့်မြင့်ဦး (YHT -Yangon Heritage Trust) တို့၏ ပံ့ပိုးကူညီမူဖြင့် ထိမ်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက်လျှက်ရှိသည်။

ရုပ်ရှင်ခေတ်ကောင်းခဲ့စဉ်က ဗိုလ်ချူပ်အောင်ဆန်းလမ်းမှာ ရုပ်ရှင်ရုံ ၇ ရုံအထိရှိခဲ့ပြိး ၁၉၂၀ ခုနှစ်ကတည်ဆောက်ခဲ့သည့် ဝဇီရာရုံသည် ထိပ်ဆုံးမှာတည်ရှိခဲ့ပါသည်။

မဆလဗိုလ်နေဝင်းလက်ထက် ပြည်သူပိုင်သိမ်းခံခဲ့ရသော ရုပ်ရှင်ရုံများ၏ မူလနာမည်နှင့် နာမည်အသစ် (ဖတ်မိသမျှ)။ ပပဝင်း (Palladium)၊ ဂုဏ် (Globe)၊ ရဲရင့် (Ritz)၊ တော်ဝင် (Royal)၊ ယုဇန (Carlton)၊

ဘုရင့် (King)၊ သွင်၊ ဆုထူးပန်၊ မြို့မ၊ ရွှေဂုံ၊ ရှေ့ဆောင်၊ နေပြည်တော် တို့ဖြစ်သည်။ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံများအတွဲလိုက်စီတန်းတည်ရှိမှုသည် တချိန်က အာရှတွင် အလွန်ကျော်ကြားခဲ့ပါသည်။

ရန်ကင်းမှာ ရုပ်ရှင်ရုံ နှစ်ရုံရှိခဲ့ပါသည်။ သနက (၄) နှင့် ဘောက်ထော်အမြောက်တပ် တပ်တွင်းရုပ်ရှင်ရုံများ ထည့်ပေါင်းလျှင်

ရန်ကင်းမှာ စုစုပေါင်းရုပ်ရှင်ရုံ ၄ ရုံရှိခဲ့သည်။ ကံဘဲ့အောင်သီရိရုံ၌ အကြည့်များပြီး အောင်ဇေယျရုံတွင် ၁ ကား ၂ ကားမျှသာ ကြည့်ဖူးသည်။

သနက (၄) တပ်တွင်းရုံတွင် အကြည့်များပြီး အမြောက်တပ်ရုံ၌ ရုပ်ရှင် ၂ ကားမျှကြည့်ဖူးပါသည်။ ကျောင်းပြေးပြီး

ကံဘဲ့အောင်သီရိရုံကို ကျနော်တို့လူငယ်တွေ သွားကြည့်ကြပါသည်။ တွံတေးသိန်းတန်ပါသော ရုပ်ရှင်ဖြစ်ပြီး ကားနာမည်ကို မေ့နေပါပြီ။

ခိုးကြည့်ကြသောကြောင့် ရုပ်ရှင်ပြပြီး မှောင်နေချိန်ကြမှ ရုံထဲဝင်ခဲ့ကြပါသည်။ ရုပ်ရှင်တစ်ပိုင်းပြပြီး ခေတ္တအနားပေးချိန်တွင် ရုံထဲမှ မီးများလင်းလာပါသည်။

ရုံထဲတွင်ရန်ကင်းထဲမှ စုံတွဲ ၃-၄ တွဲ ထိုင်နေကြသည်ကို တွေ့ရပါသည်။ ကျနော်တို့မြင်လို့သူတို့ ခိုးလို့ခုလုဖြစ်နေကြတာမှတ်မိသည်။

အချို့အတွဲကရုံထဲမီးလင်းလာလို့ ရှက်လို့ မျက်နာကွယ်ပြီး ငြိမ်နေကြပါသည်။ ကျနော်တို့ လက်မှတ်က ငါးမူးတန်းဖြစ်ပါသည်။

အနောက်ဘက် ၁ ကျပ်တန်း ၂ ကျပ်တန်း ခုံလွတ်နေပါသည်။ မီးပြန်ပိတ်၍ ရုပ်ရှင်ပြန်ပြသောအခါ

ကျနော်တို့အုပ်စု အနောက်ဘက် ၂ ကျပ် အတန်းဆီ ပြောင်းထိုင်ကြပါသည်။ ရုံစောင့်က ကလေးတွေဖြစ်ပြီး ပြချိန်တစ်ဝက်ကျော်နေလို့ ဘာမှမပြောခဲ့ပါ။

ရန်ကုန်မြို့၏ ပထမဆုံးရုပ်ရှင်ရုံ ဝဇီရာရုံကို ကိုလိုနီခေတ်က မြင်တွေ့ရစဉ်။

လွင်ဦး (ရန်ကင်း) Credit

Crd

Crd

arkarta