■ဦးခေါင်းက ငှက်တစ်ကောင်နဲ့ပင်ဆင်တူပြီး ထူးဆန်းတဲ့ ရှားပါးငါးတစ်ကောင်

ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ သဘာဝကမ္ဘာကြီးက တစ်ခါတစ်ရံမှာ လူသားများကို အပြည့်အဝရှင်းပြလို့မရတဲ့ အံ့ဖွယ်အမှုများနဲ့ ပြည့်နေပါတယ် ။

ဥပမာအားဖြင့် မကြာသေးမီက ငါးရဲ့ပုံသဏ္ဍာန်ဟာ ငါးကြင်းလို ဆိုကြပေမဲ့ ဦးခေါင်းကငှက်နဲ့ပင် တူနေပါတယ် ။ ရေထဲမှာ တခါမှမတွေ့ဖူးတဲ့ ငါးရဲ့ပုံသဏ္ဌာန်ကြောင့် ချက်ချင်းဆိုသလိုပဲ အင်တာနက်အသုံးပြုသူတွေဟာ ဒီထူးဆန်းတဲ့ပုံသဏ္ဍာန်ငါးရဲ့ မူလအစနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ အများအပြားကို ဖွင့်ခဲ့ကြပါတယ်။

အင်တာနက်အသုံးပြုသူအချို့က ၎င်းဟာငါးကြင်းနဲ့လင်းပိုင်ကြားမှ ပေါင်းစပ်မှုတစ်ခုဖြစ်တယ်လို့ဆိုကြပြီး အချို့က၎င်းရဲ့ဦးခေါင်းဟာ သာမန်ငှက်လိုမဟုတ်ဘဲ ပင်ဂွင်းနဲ့တူတယ်လို့ အချို့သော အင်တာနက်အသုံးပြုသူများက ပြောကြပါတယ် ။

အဆိုပါငါးက တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်မှာ တစ်ချိန်က ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံစံတူငါးတစ်ကောင်ရဲ့ ပုံပန်းသဏ္ဌာန်ကိုလည်း လူအများက ထင်မြင်စေသည်။

အရင်တစ်ခါကလည်း ဒေသခံများက ခိုတစ်ကောင်နဲ့တူတဲ့ ဦးခေါင်းရှိသော ငါးတစ်ကောင်ကို မတော်တဆဖမ်းမိခဲ့ပါသေးတယ်။ မကြာသေးမီနှစ်များအတွင်းမှာလဲ မြွေအရေခွံနဲ့တူတဲ့မိကျောင်းခေါင်းနဲ့ ထူးဆန်းတဲ့ငါးတစ်ကောင်ကို ဖမ်းမိခဲ့ခဲ့ပါတယ် ။ အဆိုပါငါးများဟာ သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စိတ်လှုပ်ရှားမှုအတွက် သက်သေဖြစ်ပါတယ် ။

crd