“တစ္ႏိုင္ငံလုံးကို အေရးေပၚေၾကညာခ်က္ ထုတ္ျပန္လိုက္ရသည့္ ဂ်ပန္ႏိုင္ငံေပၚက ျဖတ္သန္းသြားတဲ့ ေျမာက္ကိုရီးယားဒုံးက်ည္ ”

“တစ္ႏိုင္ငံလုံးကို အေရးေပၚေၾကညာခ်က္ ထုတ္ျပန္လိုက္ရသည့္ ဂ်ပန္ႏိုင္ငံေပၚက ျဖတ္သန္းသြားတဲ့ ေျမာက္ကိုရီးယားဒုံးက်ည္ ”



Post Views:
9

“တစ္ႏိုင္ငံလုံးကို အေရးေပၚေၾကညာခ်က္ ထုတ္ျပန္လိုက္ရသည့္ ဂ်ပန္ႏိုင္ငံေပၚက ျဖတ္သန္းသြားတဲ့ ေျမာက္ကိုရီးယားဒုံးက်ည္ ”

၄/၁၀
ေအာက္တိုဘာ ၄ ရက္ ဒီကေန႔မနက္ပိုင္းက ပစိဖိတ္သမုဒၵရာထဲကို စမ္းသပ္ပစ္ခတ္တဲ့ ေျမာက္ကိုရီးယားပဲ့ထိမ္းဒုံးက်ည္ဟာ ဂ်ပန္ႏိုင္ငံေပၚက ျဖတ္ေက်ာ္သြားတဲ့အတြက္ ဒုံးက်ည္ျဖတ္သန္းရာ ဂ်ပန္ ေဒသေတြမွာ ေလေၾကာင္းရန္ကာကြယ္ေရး အခ်က္ ေပးသံေတြနဲ႔ သတိေပးခဲ့ရေၾကာင္း ဂ်ပန္ သတင္းေတြက ေဖၚျပပါတယ္။

အခုစမ္းသပ္ပစ္ခတ္တဲ့ ဒုံးက်ည္ဟာ မိုင္ေပါင္း ၃ ေထာင္နီးပါးအထိေရာက္ႏိုင္တဲ့ ပဲ့ထိမ္း ဒုံးက်ည္ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံပိုင္နက္ကိုျဖတ္ေက်ာ္စမ္းသပ္ပစ္ခတ္တာဟာ ၅ ႏွစ္အတြင္းမွာ ပထမဆုံး အႀကိမ္လို႔ ဆိုပါတယ္။

အေမရိကန္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားစစ္ေရးေလ့က်င့္မႈေတြဟာ ႏိုင္ငံေတာ္လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ ဟု ေျမာက္ကိုရီးယားက စြပ္စြဲထားၿပီး အခုလို အေဝးပစ္ဒုံး က်ည္ စမ္းသပ္ပစ္ခတ္တာလို႔ ေျမာက္ကိုရီးယားအစိုးရ သတင္းက ေဖၚျပပါတယ္။

ေျမာက္ကိုရီးယားက အခုလို ဒုံးက်ည္စမ္းသပ္မႈလုပ္ၿပီး မိနစ္ပိုင္းမွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္ေလယာဥ္ေတြက ေျမာက္ကိုရီးယားေရပိုင္နက္အနီးမွာ ဗုံးႀကဲေလ့က်င့္မႈေတြနဲ႔ တုန္႔ျပန္ခဲ့တယ္ လို႔ ေတာင္ကိုရီးယားသတင္းေတြကဆိုပါတယ္။

ေျမာက္ကိုရီးယားဟာ ဒုံးက်ည္စမ္းသပ္မႈေတြ တိုးျမႇင့္လုပ္လာသလို ယူကရိန္းသိမ္းပိုက္နယ္ေျမ ေတြကို ႐ုရွားပိုင္လုပ္တဲ့ သမၼတပူတင္ရဲ႕ လုပ္ေဆာင္ခ်က္ကို လူသိထင္ရွားေထာက္ခံထားတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။
crd

Unicode
“တစ်နိုင်ငံလုံးကို အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ရသည့် ဂျပန်နိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ မြောက်ကိုရီးယားဒုံးကျည် ”

၄/၁၀
အောက်တိုဘာ ၄ ရက် ဒီကနေ့မနက်ပိုင်းက ပစိဖိတ်သမုဒ္ဒရာထဲကို စမ်းသပ်ပစ်ခတ်တဲ့ မြောက်ကိုရီးယားပဲ့ထိမ်းဒုံးကျည်ဟာ ဂျပန်နိုင်ငံပေါ်က ဖြတ်ကျော်သွားတဲ့အတွက် ဒုံးကျည်ဖြတ်သန်းရာ ဂျပန် ဒေသတွေမှာ လေကြောင်းရန်ကာကွယ်ရေး အချက် ပေးသံတွေနဲ့ သတိပေးခဲ့ရကြောင်း ဂျပန် သတင်းတွေက ဖေါ်ပြပါတယ်။

အခုစမ်းသပ်ပစ်ခတ်တဲ့ ဒုံးကျည်ဟာ မိုင်ပေါင်း ၃ ထောင်နီးပါးအထိရောက်နိုင်တဲ့ ပဲ့ထိမ်း ဒုံးကျည်ဖြစ်ပြီး ဂျပန်နိုင်ငံပိုင်နက်ကိုဖြတ်ကျော်စမ်းသပ်ပစ်ခတ်တာဟာ ၅ နှစ်အတွင်းမှာ ပထမဆုံး အကြိမ်လို့ ဆိုပါတယ်။

အမေရိကန် ဂျပန်နဲ့ တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုတွေဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဟု မြောက်ကိုရီးယားက စွပ်စွဲထားပြီး အခုလို အဝေးပစ်ဒုံး ကျည် စမ်းသပ်ပစ်ခတ်တာလို့ မြောက်ကိုရီးယားအစိုးရ သတင်းက ဖေါ်ပြပါတယ်။

မြောက်ကိုရီးယားက အခုလို ဒုံးကျည်စမ်းသပ်မှုလုပ်ပြီး မိနစ်ပိုင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်လေယာဉ်တွေက မြောက်ကိုရီးယားရေပိုင်နက်အနီးမှာ ဗုံးကြဲလေ့ကျင့်မှုတွေနဲ့ တုန့်ပြန်ခဲ့တယ် လို့ တောင်ကိုရီးယားသတင်းတွေကဆိုပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှုတွေ တိုးမြှင့်လုပ်လာသလို ယူကရိန်းသိမ်းပိုက်နယ်မြေ တွေကို ရုရှားပိုင်လုပ်တဲ့ သမ္မတပူတင်ရဲ့ လုပ်ဆောင်ချက်ကို လူသိထင်ရှားထောက်ခံထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
crd

Crd

Crd

arkarta