တစ်လအတွင်း တစ်ကျပ်သားကို ကျပ်၅သိန်းနီးပါးပြန်ကျလာတဲ့ ပြည်တွင်းရွှေဈေးနှင့် တည်ငြိမ်နေတဲ့ဒေါ်လာဈေး

တစ်လအတွင်း တစ်ကျပ်သားကို ကျပ်၅သိန်းနီးပါးပြန်ကျလာတဲ့ ပြည်တွင်းရွှေဈေးနှင့် တည်ငြိမ်နေတဲ့ဒေါ်လာဈေး

တစ်လအတွင်း တစ်ကျပ်သားကို ကျပ်၅သိန်းနီးပါးပြန်ကျလာတဲ့ ပြည်တွင်းရွှေစျေးနှင့် တည်ငြိမ်နေတဲ့ဒေါ်လာစျေး

တစ်လအတွင်း တစ်ကျပ်သားကို ကျပ်၅သိန်းနီးပါးပြန်ကျလာတဲ့ ပြည်တွင်းရွှေစျေးနှင့် တည်ငြိမ်နေတဲ့ဒေါ်လာစျေး
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းမှုနဲ့အတူပြည်တွင်းရွှေဈေးနှုန်းတွေပါကျလာခဲ့ပြီးဒီနေ့ရွှေအဖွင့်ဈေး အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၂၇ သိန်းကျော်ဝန်းကျင်နဲ့ရန်ကုန်မြို့ကရွှေဆိုင်တွေအရောင်းအဝယ်လုပ်တယ်လို့သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် နံနက် ၁၁နာရီခွဲအချိန် ရွှေဈေးအရအခေါက်ရွှေတစ်ကျပ်သားကို ၂၇၈၀၀၀၀ ကျပ်နဲ့ရောင်းပြီး ၂၇၄၀၀၀၀ ကျပ်နဲ့ ဆိုင်ပြန်ဝယ်ဈေးရှိကာအရောင်းအဝယ်တည်ငြိမ်တယ်လို့ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားပါတယ်။

စက်တင်ဘာလအစက ရွှေဈေး ၃၂ သိန်းဝန်းကျင်အထိအမြင့်ဆုံးရောက်ခဲ့ပြီးတရိပ်ရိပ်ပြန်ကျလာခဲ့ကာ တစ်လအတွင်းရွှေဈေးကျပ် ၅ သိန်းနီးပါးပြန်ကျလာတယ်လို့ ပြင်ပရွှေဈေးကွက်ကနေသိရပါတယ်။ပြင်ပရွှေဈေးနှုန်းတွေအနေနဲ့ စက်တင်ဘာ ၃ ရက်နေ့ကအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂ သိန်းဝန်းကျင်၊

စက်တင်ဘာ ရ ရက်နေ့မှာကျပ် ၃၁ သိန်းဝန်းကျင်၊စက်တင်ဘာ ၁၄ ရက်နေ့မှာကျပ် ၂၈ သိန်းဝန်းကျင်နဲ့ စက်တင်ဘာ ၂၀ရက်နေ့မှာကျပ် ၂၈ သိန်းအောက်ပြန်ကျလာခဲ့ပြီးဒီနေ့ပြင်ပရွှေဈေးအဖွင့်ကလည်း ကျပ် ၂၈ သိန်းအောက်နဲ့ဈေးဖွင့်လာခဲ့တာဖြစ်ပြီး

ယနေ့နေ့လည် ၂နာရီခွဲအချိန်တွင် တစ်ကျပ်သားကိုအခေါက်ရွှေ အရောင်း ကျပ်၂၇သိန်း၆သောင်း၊ဝယ်စျေးကျပ်၂၇သိန်း၃သောင်းဖြင့် အောင်သမာဓိရွှေဆိုင်မှ ရောင်းစျေးဝယ်စျေး ကျပ် ၃သောင်း ခွာထားကြောင်းသိရပါတယ်။၁၅ပဲရည်ရွှေ တစ်ကျပ်သားကို ၂၆သိန်းအောက်ဖြင့်ရောင်းနေတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ စက်တင်ဘာ ၂၆ ရက် ရွှေအဖွင့်ဈေးကတော့ ၁၉၃၄၀၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်ထရိုင်အောင်စကို ၁၆၄၀ ဒေါ်လာအထိ ကျဆင်းနေတယ်လို့သိရပါတယ်။

ဒါအပြင်ဒီနေ့ ပြင်ပဒေါ်လာဈေးကွက်ပြန်ဖွင့်ချိန် အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင်မှာပဲ အရောင်းအဝယ်ဆက်ဖြစ်နေတယ်လို့ ပြင်ပဒေါ်လာငွေကြေးရောင်းဝယ်သူတွေဆီကလည်းသိရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီ ပြင်ပဒေါ်လာဈေးမှာကျပ် ၃၁၆၀ ကနေ ၃၁၉၀ကျပ်ကြားဖြစ်ပေါ်နေပြီးငွေလဲကောင်တာအများစုမှာအရောင်းအဝယ်မလုပ်ကြဘဲပြင်ပဈေးကွက်မှာပဲ အရောင်းအဝယ်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြင်ပငွေလဲနှုန်းတွေအနေနဲ့ စက်တင်ဘာ ၆ ရက် အမေရိကန်တစ်ဒေါ်လာရောင်းဈေး ၃၅၅၀ ကျပ်ဝယ်ဈေး ၃၃၅၀ ကျပ်၊စက်တင်ဘာ ရ ရက်နေ့ရောင်းဈေး ၃၆၀၀ ဝယ်ဈေး ၃၄၀၀ ကျပ်နဲ့စက်တင်ဘာ ၈ ရက်နေ့ရောင်းဈေး ၃၆၀၀ ဝယ်ဈေး ၃၄၅၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီးနောက်

ဈေးပြန်ကျလာခဲ့ကာ စက်တင်ဘာလတတိယအပတ်မှစတင်ကာတစ်ဒေါ်လာ ၃၂၀၀ ကျပ်ဈေးတန်းနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြစ်ပြီး

ဒေါ်လာဈေးတည်ငြိမ်ဖို့ ကြပ်မတ်မှုတွေလုပ်ဆောင်ထားသလိုဒေါ်လာရောင်းဝယ်လုပ်လိုသူတွေအတွက် AD လိုင်စင်ရနိုင်ငံပိုင်ဘဏ်သုံးခု၊ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခုနဲ့ နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုတို့မှာဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
crd

Unicode











crd

Crd

Crd

arkarta