

Post Views:
29




Shoon (Cele Daily)

Unicode

တစ်ညတစ်လေ ကားလာရပ်ထားတာကို သူခိုးဖြစ်သူက ကားဘီးလေးဘီးလုံးကိုဖြုတ်ခိုးသွားခဲ့သောကြောင့် ဒုက္ခရောက်နေခဲ့သည့် ကားပိုင်ရှင်

မနက်မိုးလင်းလို့ ကားရပ်ထားသည့်နေရာသို့သွားကြည့်လိုက်သောအခါ မြင်တွေ့လိုက်ရသည့် သူ၏ကားပုံစံကြောင့် ကားပိုင်ရှင်ကတော့ စိတ်မကောင်းဖြစ်သွားစေမှာသေချာပါတယ်။ ပြောကြားချက်များအရ ကားပိုင်ရှင်ဟာ ဗီယက်နမ်နိုင်ငံတွင်ဖြစ်ပြီး အခြားဒေသမှ အလည်လာရင်း လမ်းဘေးလေးတွင် ကားကိုတစ်ညရပ်နားထားခဲ့တာဖြစ်ပါတယ်။

ထို့နောက် မနက်ရောက်သောအခါတွင် သူ၏ကားကို သူခိုးက ကားလေးဘီးလုံးဖြတ်ယူခိုးသွားခဲ့တော့တာဖြစ်ပါတယ်။ပုံစံအရဆိုလျှင်တော့ သူခိုးဟာ မည်သည့်ပစ္စည်းပင်ဖြစ်နေပါစေ ရအောင်ခိုးယူမည်ဟုဆို ဖြုတ်ယူသွားပုံရပါတယ်။

ထို့ကြောင်းကားပိုင်ရှင်ဟာလည်း သူ၏အဖြစ်ကို လိုင်းပေါ်တွင် လိုင်းပေါ်တွင်ဝေမျှလာခဲ့ပြီး လူအများကတော့ သူခိုးဖြစ်သူ၏ ခိုးယူနိုင်စွမ်းကို ပြောမဆုံးနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

Shoon (Cele Daily)

crd