တကယ်မရှိဖူးလို့ထင်ရလောက်တဲ့ထူးခြားဆန်းကြယ်တဲ့ နေရာ(၁၀)နေရာ

အင်တာနက်ပေါ်ကနေသွားရောက်လည်ပတ်ဖို့အရမ်းမိုက်တဲ့နေရာတွေကိုရှာဖွေထားပြီးကမ္ဘာပေါ်မှာလုံးဝမရှိလောက်ဖူးလို့ထင်မှတ်လောက်တဲ့ရူးမိုက်ချင်စရာကောင်းလောက်တဲ့နေရာတွေကိုတွေ့ရှိထားပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့ သင်တို့ တကယ်မရှိဖူးလို့ ထင်ရလောက်တဲ့ ထူးခြားဆန်းကြယ်တဲ့ နေရာ (၁၀) နေရာကိုတင်ဆက်သွားမှာဖြစ်ပါတယ်အနာဂတ်မှာသင်တို့ဒီနေရာတွေထဲကဘယ်နေရာကိုသွားချင်ပါသလဲ။

10. ကျောက်တုံးကျွန်း

ဒါကတော့အံ့သြစရာဒါမှမဟုတ်စိတ်မချရတဲ့နေရာလားဆိုတာသေချာမသိပါဘူး။သင်ကိုယ်ပိုင်ကျွန်းသေးသေးလေးမှာနေတယ်လို့တွေးကြည့်လိုက်ရင်တော့ကမ်းခြေမရှိတဲ့အကြောင်းကိုထွေထွေထူးထူးပြောမှာမဟုတ်ပါဘူး။ ဒီအိမ်က လုံးဝကို တမူထူးခြားပြီးတော့ လုံးဝကို ကျယ်ပြန့်လှတဲ့ မြင်ကွင်းတွေကို တွေ့မြင်နိုင်ပါတယ်။နောက်ပြီးတစ်ယောက်ယောက်ကသင့်ရဲ့စာတိုက်ပုံးထဲကိုစာလာထည့်ဖို့ ခက်ခဲပါလိမ့်မယ်။ပရိတ်သတ်တို့ရောဒီမှာနေချင်ပါသလား။ပရိတ်သတ်တို့ဒီနေရာကအမှန်တကယ်ရှိတယ်ဆိုရင်လက်ထောင်ပေးပါ။တကယ့်ကျောက်တုံးကြီးကအံ့သြစရာကောင်းလောက်တဲ့မြင်ကွင်းတစ်ခုအဖြစ်တည်ရှိနေဆဲပါပဲ။အဲ့ဒီကျောက်တုံးကိုထိုင်းနိုင်ငံဖန်လောင်းဘေမှာတွေ့ရှိခဲ့ပါတယ်။တစ်ယောက်ယောက်ကဒီကျောက်တုံးရဲ့အမြင့်ဆုံးပေါ်မှာအိမ်ဆောက်မယ်ဆိုရင်ပရိသတ်တို့ ဘယ်လိုမြင်ပါသလဲ။ သင်သေချာပေါက်ကို ဒီမှာနေရင် သတ္တိရှိဖို့ လိုပါတယ်။

9. ဒါလို

ဒါကတော့ကမ္ဘာပေါ်မှာအပူဆုံးနေရာလို့ထင်ရပါတယ်။လုံးဝကိုထူးခြားဆန်းကြယ်တဲ့မြင်ကွင်းကျယ်ပါပဲ။ ဒီနေရာက ဓာတ်ပုံပညာနဲ့ ဖြတ်ညှပ်ကပ်မလုပ်ထားဘဲ တကယ့်နေရာအစစ်ဆိုတာ သင်ယုံပါသလား။ ဒါလိုကအီသီယိုးပီးယားနိုင်ငံအပေါ်ပိုင်းမှာရှိတဲ့မီးသွေးတုံးထုချွန်ပုံသဏ္ဍာန်မီးတောင်တစ်ခုဖြစ်ပါတယ်။ဒါလိုကပင်လယ်ရေမျက်နှာပြင်အောက်၃၂၈ပေရှိပါတယ်။အပူရှိန်ရှိတဲ့အက်စစ်တွေပြန့်နှံ့နေပြီးဆားဆာလ်ဖာအိုင်းရွန်းအောက်ဆိုဒ်နဲ့အခြားဓာတ်သတ္တုတွေနဲ့ပြည့်နှက်နေပါတယ်။အဲ့ဒီလိုပေါင်းစပ်ထားတာကြောင့် မီးတောင်ပေါ်မှာတောက်ပတဲ့အရောင်တွေအားလုံး တည်ရှိနေတာပါ။ သင်က ဒီကမ္ဘာကြီးရဲ့ ထူးဆန်းတဲ့ ဒီနေရာကို လာရောက် လည်ပတ်ဖို့ သတ္တိရှိတယ်ဆိုရင် ပုံမှန်ပျမ်းမျှ အပူချိန်ကတော့ ၉၅ ဒီဂရီဖာရင်ဟိုက်ရှိပြီးလေထဲကပူပြင်းလှတဲ့အက်စစ်တွေမပြန့်စေဖို့ရေပူစမ်းတွေကိုသတိထားရပါလိမ့်မယ်။ဒီနေရာမှာမီးတောင်ငယ်လေးတွေချိတ်ဆက်ပြီးပြန့်ကျဲလျက်ရှိပါတယ်။တခါတလေတချို့နေရာတွေကမီးလောင်နေသလို မြင်တွေ့ရပါတယ်။ ဒီနေရာက တကယ့်ကို တခြား ကမ္ဘာတစ်ခုလိုပါပဲ။

8. သွေးကြောင်းစီးနေတဲ့ ရေခဲမြစ်

အန္တာတိကတိုက်မှာသွေးကြောင်းစီးနေတဲ့ရေခဲမြစ်အကြောင်းကိုသင်သိပါသလား။၁၉၁၁ခုနှစ်စူးစမ်းလေ့လာသူဂရစ်ဖတ်တေလာကအန္တာတိကတိုက်မှာဘူမိဗေဒဆိုင်ရာထူးခြားအံ့သြဖွယ်ရာကို တွေ့ရှိခဲ့ပါတယ်။သူမြင်တွေ့ခဲ့ရတာကတော့ဖြူဖွေးနေတဲ့နှင်းရေခဲမြစ်တွေမှာနီရဲရဲရေခဲမြစ်က ရေတံခွန်လိုဖြာကျနေတာပါ။ ဒီလို နီရဲရဲသွေးကြောင်းစီးနေတဲ့ ရေခဲမြစ်ကိုကြည့်ပြီး တေလာရေခဲမြစ်လို့ နာမည်ပေးခဲ့ပါတယ်။လေ့လာစူးစမ်းသူနဲ့ဒီသွေးကြောင်းစီးနေတဲ့ရေခဲမြစ်နှစ်တစ်ရာကျော်အထိ ပြောစမှတ်တွင်ခဲ့ပါတယ်သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့တေလာကတခြားထူးခြားတာဘာမှမရှိဘူးလို့ယူဆခဲ့ပါတယ်။ဒါပေမယ့်အနီရောင်ရေညှိတွေကြောင့်ဆားငန်ရေထဲမှာသံဓာတ်နဲ့အောက်ဆီဂျင်ဓာတ်နဲ့ ပူးပေါင်းပြီးပြောင်းလဲသွားတာပါ။သိတဲ့အတိုင်း သံဓာတ်ကနေ အနီရောင် ရရှိတာပါ။ အဲ့ဒါကြောင့်စူးစမ်းရှာဖွေသူပထမဆုံးထင်ထားတာထက်သွေးလိုပိုပြီးနီရဲနေတာပါ။ရေခဲမြစ်ရဲ့နီရင့်ရင့်အရောင်အတွက်သိပ္ပံပညာအရရှင်းလင်းချက်တွေရှိပင်မယ့်လည်းဒီရေခဲမြစ်ကကြည့်ရှူဖို့မယုံနိုင်စရာကောင်းပြီးစိတ်ခြောက်ခြားစရာကောင်းလှတဲ့နေရာအဖြစ်တည်ရှိနေဆဲပါပဲ။အဖြူရောင်ရေခဲတောင်တွေရဲ့ ပင်လယ်တစ်ခုထဲမှာ အနီရောင် ရေခဲမြစ်စီးနေပုံကို စိတ်ကူးကြည့်လိုက်ရင် ကမ္ဘာပေါ်မှာ ဖယ်ရှားထားတဲ့နေရာတွေထဲကတစ်ခုအပါအဝင်ပါပဲ။ သင့်မျက်လုံးတွေက သင့်ကို လှည့်စားနေတယ်လို့ တွေးနေပါလိမ့်မယ်။

7. ကြောင်တွေရှိရာ ကျွန်း

ဒီနေရာကတော့ကြောင်ချစ်သူတွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်။ကြောင်ရှိတဲ့ကျွန်းကတကယ်တည်ရှိတဲ့နေရာတစ်ခုပါ။ဒါကြောင့် ကြောင်တွေရှိရာကျွန်းကို တရားဝင် အိုရှိမားလို့ ခေါ်ပြီး ဂျပန်နိုင်ငံရဲ့ သမုဒ္ဒရာထဲမှာ တည်ရှိပါတယ်။ ဂျပန်နိုင်ငံမှာ တကယ်တော့ ကြောင်တွေအပြည့်ရှိတဲ့ကျွန်းတွေရှိပြီးဒီကျွန်းကတော့အကြီးမားဆုံးပါပဲ။ ဒါနဲ့ ဒီကျွန်းကဘယ်လိုဖြစ်ပြီး ကြောင်တွေအပြည့်ဖြစ်လာခဲ့လဲဆိုတော့သူတို့ရဲ့သိသာထင်ရှားလှတဲ့ဉာဏ်ရည်ထက်မြက်မှုတွေကြောင့်ပါပဲ။ အိုကေ ဒါကတော့တကယ့်အဖြေမှန် မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ကျွန်းပေါ်မှာ ကြောင်တွေ ရာနဲ့ချီရှိပြီးနေထိုင်သူ၆ယောက်သာရှိပါတယ်။ကြောင်တွေကလူတွေထက်ပိုများပြီး၃၆ကောင်မှာလူတစ်ယောက်သာရှိပါတယ်။သူတို့အားလုံးကလွတ်လပ်စွာနေထိုင်ကြပြီးအဓိကအားဖြင့်ကြောင်တွေကနီဝါရောင်ရှိပါတယ်။သူတို့နဲ့ဆက်နွယ်နေတဲ့ကြောင်ပိုင်ရှင်တွေကကြောင်တွေကိုရေဖြန်းပြီးဆေးကြောပေးဖို့ကြိုးစားပင်မယ့်လည်းသူတို့အားလုံးကိုမဖမ်းနိုင်ကြပါဘူး။အိုရှီးမားကျွန်းတစ်ကျွန်းက ကြောင်တွေအများအပြားရှိတဲ့အတွက် နာမည်ကျော်ကြားလာမယ်လို့ ဘယ်သူသိမှာလဲ။နောက်ပြီးအဲ့ဒီကျွန်းကကျော်ကြားတဲ့ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ပရိတ်သတ်တို့ရော ကြောင်တွေရှိရာကျွန်းကို သွားရောက်ချင်ပါသလား။

6. ကင်ညာအက်ကွဲကြောင်း

သင်တို့ ကိုယ်ပိုင်မျက်လုံးရှေ့မှာ ကမ္ဘာ့အက်ကွဲကြောင်းနှစ်ခုကိုတည့်တည့်ကြီးကို မြင်တွေ့နေရတယ်လို့ တွေးကြည့်လိုက်ပါ။ ကင်ညာမြို့မှာ ဖြစ်ပေါ်လာခဲ့တဲ့ မြေကြီးပေါ်မှာ ဒီကြောင်းကို ကြည့်လိုက်ပါအုန်း။ ဒါကဓာတ်ပုံပညာနဲ့ဖန်တီးယူထားတာမဟုတ်မှန်းသိရင်သင်တို့ထိတ်လန့်သွားပါလိမ့်မယ်။ဒီအက်ကွဲကြောင်းကကင်ညာရဲ့မြေလွှာကျွံချိုင့်ဝှမ်းမှာဖြစ်ပေါ်ခဲ့ပြီးပိုပြီးကြီးမားလာပါတယ်။ကြီးမားလွန်းလှတဲ့အက်ကွဲကြောင်းကြီးကသုံးကီလိုမီတာအရှည်နဲ့ခြောက်မီတာနက်ရှိုင်းပြီးလမ်းတွေအိမ်တွေကိုဖျက်ဆီးပြီးအက်ကွဲခဲ့တာပါ။ကမ္ဘာပေါ်မှာဒီလိုအက်ကွဲသွားပုံပါပဲ။ဘာကြောင့်လဲဆိုတော့အာဖရိကကတကယ်ကိုကွဲထွက်သွားလို့ပါ။အာဖရိကစစ်စစ်အတွက်ဆိုမာလီမြေထုချပ်တွေက ကွဲအက်သွားပြီး နူဘီးယန်းမြေထုကနေ ဝေးရာကို ရွေ့လျားနေပါတယ်။ အက်ကွဲအားတစ်ခုက နှစ်ထောင်ရာချီကြာမြင့်ပါတယ်နှစ်သန်းချီမကြာပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်မြေထုချပ်တွေကစိုးရိမ်ဖွယ်ရာစံနှုန်းကနေရွေ့လျားနေကြပါတယ်။နောက်ဆုံးမှာသူတို့နှစ်ခုဟာသီးခြားစီကွဲထွက်သွားရင်သမုဒ္ဒရာအသစ်တစ်ခုပေါ်လာပြီးယခုအီသီယိုးပီးယားနဲ့ဆိုမားလီးယားရဲ့အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြီးမားတဲ့ကျွန်းသစ်တစ်ခုပေါ်ပေါက်လာမှာပါ။ယခုအချိန်မှာတော့သယ်ယူပို့ဆောင်ရေးအတွက်အက်ကွဲကြောင်းကိုပြန်ပြင်ဖို့အမြဲကြိုးစားနေပါတယ်။ဒါပင်မယ့်ဘယ်ကွန်ကရစ်ကမှမြေထုရဲ့ဆွဲအားထက် ပိုပြီးမသန်မာနိုင်ပါဘူး။

5. သလင်းကျောက်ဂူ

ဒီဂူကတော့ စိတ်ကူးယဥ်ဆန်တဲ့ရုပ်ရှင် ဇာတ်လမ်းတွေထဲကလို ရှိနေပါတယ်။ ဒါပင်မယ့် မက်ဆီကိုမြို့ရဲ့ သလင်းကျောင်းဂူကတကယ်ကိုတည်ရှိနေတာပါ။နောက်ပြီးကြီးကျယ်လွန်းလှပါတယ်။သလင်းကျောက်ဂူကနှစ်သန်းတစ်ဝက်လောက်ကပေါ်ပေါက်လာခဲ့ပေမယ့်လူတွေကဒီဂူကို၂၀၀၀ခုနှစ်ကျမှရောက်လာခဲ့ကြတာပါ။ဂူကိုနိုက်ချီဟွာဟွာမက်ဆီကိုမြို့ကမိုင်းလုပ်သားတွေတွေ့ရှိခဲ့ပြီးသဘာဝအကြီးဆုံးသလင်းကျောက်တချို့ တည်ရှိနေပါတယ်။ တွေ့ရှိခဲ့တဲ့ အရှည်လျားဆုံး သလင်းကျောက်ကတော့ ၃၉ပေရှည်ပြီး တန်ချိန်၅၅တန်ရှိပါတယ်။ဂူကနေမြင်ကွင်းတွေကိုကြည့်လိုက်ရင်နောက်ကမ္ဘာဂြိုလ်တစ်ခုကို မြင်တွေ့ခဲ့ရသလိုပါပဲ။ ဒီဂူက ကမ္ဘာပေါ်မှာတည်ရှိနေတဲ့ပုံ မပေါ်ပါဘူး။ အဲ့ဒီထဲကို ဂူရဲ့အလှတရားတွေ မှတ်တမ်းတင်မယ့် လူတစ်ချို့ ဝင်ခဲ့ပင်မယ့် ပြဿနာက အထဲမှာ အရမ်းပူလွန်းပြီး စိုထိုင်းမှုလည်း ရှိနေပါတယ်။အထဲမှာအပူချိန်က၁၃၆ဒီဂရီအထိ မြင့်တက်နိုင်ပြီး စိုထိုင်းမှုက ၉၉ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပါတယ်။ အထဲမှာအတပ်ပြောရခက်တဲ့ ဓာတ်ငွေ့တွေကလည်း ရှိနေတော့ မသွားသင့်ပါဘူး။ အထူးပြုလုပ်ထားတဲ့ အသက်ရှုစက်မပါဘဲ စူးစမ်းရှာဖွေတဲ့သူတွေက အထဲကို တစ်ခါဝင်ရင် ၁၀မိနစ်သာ ဝင်ခွင့်ပြုခဲ့ပါတယ်။

4. ဝါဂွမ်းရဲတိုက်

ဒီနေရာကဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပါပဲဝါဂွမ်းရဲတိုက်ရဲ့ရေတံခွန်တွေကအမှန်တကယ်ကိုအိမ်မက်တစ်ခုလိုပါပဲ။ ပူမားကေလီဆိုတဲ့ အဓိပ္ပါယ်က ဝါဂွမ်းရဲတိုက်ဖြစ်ပြီး တူရကီမြို့က အေးခဲနေတဲ့ အပြာရောင် ရေတံခွန်တွေနဲ့ရှေးဟောင်းဂရိရောမမြို့ဟိုက်ရာပိုလစ်ရဲ့အိမ်ပါပဲ။ရွှန်းစိုနေတဲ့ပြာလက်လက်မြရေပူကန်တွေကအဖြူရောင်ထုံးကျောက်တချို့ပေါ်ကိုပြန့်နှံ့သွားပြီးအိပ်မက်ဆန်လှတဲ့ရှုခင်းတစ်ခုကိုဖန်တီးထားပါတယ်။ ဒီနယ်ပယ်က ဒဏ္ဍာရီပုံပြင်ဟောင်းတစ်ခုကတော့ တစ်ခြားကမ္ဘာကနေ ထွက်ပေါ်လာတဲ့ဘီလူးတွေက ခြောက်သွေ့အောင်ထားခဲ့တဲ့ဝါဂွမ်းလုံးတွေကနေထွက်ပေါ်လာခဲ့တာလို့ဆိုပါတယ်။ ဒါကြောင့် ယူနက်စကိုကမ္ဘာ့ အမွေအနှစ်နေရာမှာ ဒီနာမည်ကို ရလာခဲ့တာပါ။ လက်တွေဘဝမှာတော့ အဖြူရောင်ကကယ်လစီယံကာဗွန်နိတ်ကနေရရှိပြီးတချို့ရေကန်တွေမှာရေချိုးနိုင်ပြီးအနာရောဂါဘယကင်းဝေနိုင်တဲ့အစွမ်းရှိတယ်ဆိုလို့ဆိုပါတယ်။ဝါဂွမ်းရဲတိုက်ကတူရကီမြို့ရဲ့လူကြိုက်အများဆုံးခရီးသွားနေရာတွေထဲကမှတစ်ခုဖြစ်ပြီးဘာကြောင့်နာမည်ကြီးတယ်ဆိုတာကိုအလွယ်အကူမြင်တွေ့နိုင်ပါတယ်။ အနီးအနားမှာလည်းရှေးဟောင်းမြို့ရဲ့ယိုယွင်းပျက်စီးမှုများလည်းရှိပြီးသူတို့ကိုယ်ပိုင်ဟန်နဲ့အံ့သြစရာကောင်းတဲ့ နေရာတစ်ခုအဖြစ်လည်း တည်ရှိနေပါတယ်။

3. အဆက်မပြတ်လျှပ်စီးလက်နေတဲ့ နယ်မြေ

ကမ္ဘာပေါ်မှာမုန်တိုင်းတစ်ခုကိုအမြဲကြည့်ရှုနိုင်တဲ့နေရာတစ်ခုရှိတယ်ဆိုတာသင်သိပါသလား။ ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်းအားအရှိဆုံးနေရာက တရားဝင် မာရာကာဘို ရေကန်ဖြစ်ပြီး အဲ့ဒီနယ်မြေက လျှပ်စီးဆိုတာဘယ်တော့မှနှစ်ကြိမ်မလက်ဘူးဆိုတဲ့ဒဏ္ဍာရီကိုပြယ်ပျက်သွားစေခဲ့ပါတယ်။တကယ်တော့ဒီမှာလျှပ်စစ်မီးကနာရီတိုင်းထောင်နဲ့ချီတဲ့ရိုက်ခတ်နေပါတယ်။ဗင်နီဇွဲလားရဲ့ နယ်မြေမှာ တစ်နေ့ကို ပျမ်းမျှအားဖြင့်မုန်တိုင်း၂၆၀ခန့်ရှိပင်မယ့်လည်းကတ်တာတူဘိုမြစ်ဝမှာရာသီဥတုအခြေအနေကပြီးပြည့်စုံတဲ့မုန်တိုင်းကိုဖန်တီးထားပါတယ်။အဆိုပါလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်ကိုမာရာကာဘိုရဲ့အချက်ပြမီးအဖြစ်လူသိများပါတယ်။လျှပ်စီးကအရမ်းကိုတောက်ပနေပြီးမိုင်၂၅၀အကွာအဝေးကနေတောင်မြင်နိုင်ပါတယ်။တချို့လူတွေကလျှပ်စီးအရောင်ကွဲပြားခြားနားတာကိုတင်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကမျက်စိထင်ယောင်ထင်မှားဖြစ်ပုံပါပဲ။လျှပ်စီးလက်နေတဲ့ရေကန်ကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်က အောက်တိုဘာလဝန်းကျင်ဖြစ်ပြီးတချို့လူတွေကတစ်မိနစ်မှာလျှပ်စီး၂၈ကြိမ်ဝန်းကျင်မြင်နိုင်မယ်လို့ပြောကြပါတယ်။

2. လွင့်စဥ်နေတဲ့ ရေပူစမ်း

ဒါကတော့ အရမ်းထူးဆန်းပါတယ်။ Burning Man အနုပညာဖန်တီးမှုပွဲတော်ကျင်းပရာ နာဗေဒါမှာရှိတဲ့ လွင့်စဥ်နေတဲ့ရေပူစမ်းကို ကြည့်ရှုကြပါအုန်း။ ဒါက နာဗဒါမြင်ကွင်းနဲ့ လုံးဝမတူပါဘူး။ ဒီထူးဆန်းပြီး ပူဆွက်နေတဲ့ရေပူစမ်းကိုမတော်မဆ ဖန်တီးမိခဲ့တာပါ။ ၁၉၆၄ ခုနှစ် စွမ်းအင်ကုမ္ပဏီတစ်ခုက ဒီနေရာမှာ ရေတွင်းတစ်တွင်းတူပြီး စနစ်တကျတပ်ဆင်ခဲ့ပါတယ်။ အနီးနားမှာရေပွက်ပွက်ဆူနေသောရေပူတွေက အပေါက်ကနေထွက်လာပြီးရေပန်းထွက်နေပါတယ်။ထွက်လာတဲ့ကယ်လ်ဆီယမ်ကာဗွန်နိတ်စွန့်ပစ်ပစ္စည်းတွေကဒီလိုထူးဆန်းတဲ့အရာဖြစ်လာခဲ့ပါတယ်။ယနေ့အချိန်အထိ၂၀၀ဒီဂရီရှိတဲ့ရေပူတွေအပေါက်ကနေထွက်နေဆဲပါပဲ။ရေပူစမ်းကသီးသန့်နယ်မြေမှာရှိပင်မယ့်လည်းBurningManကသူတို့ရဲ့ပွဲတော်ရာသီအတွင်းလှည့်လည်သွားလာဖို့စတင်ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒါကြောင့်တချို့လူတွေကရေပူစမ်းကို နီးနီးကပ်ကပ်သွားးရောက်နိုင်ခဲ့ပါတယ်။သဲကန္တာရထဲကနက်ရှိုင်းလှတဲ့တွင်းကိုသင်ရောက်နိုင်တာဘယ်သူသိမှာလဲ။

1. အထီးကျန်နေတဲ့လက်

သဲကန္တာရအလယ်မှာသဲထဲကနေထွက်လာတဲ့ဧရာမလက်ကြီးရှိတယ်ဆိုတာသင်ယုံနိုင်လား။အဲ့ဒီ၃၆ ပေရှည်သောလက်ကြီးကချီလီရှိအက်ဒါကာမာသဲကန္တာရအလယ်မှာအမှန်တကယ်တည်ရှိပါတယ်။ အန်တိုဖန်ဂက်စရာမြို့ရဲ့အနောက်မြောက်ဘက်မှာထူးဆန်းသောဖွဲ့စည်းပုံနဲ့မိတ်ဆွေတစ်ယောက်ကို လှမ်းနှုတ်ဆက်နေသလိုပေါ်ပေါက်နေပါတယ်။မီးလောင်ခံထားရတဲ့လက်ပုံသဏ္ဍန်ဖြစ်နေပင်မယ့်လည်းတကယ်တော့ဒီလက်ကmanodedesertလို့ခေါ်တဲ့ပန်းပုလက်ရာပါ။ကန္တာရ၏လက်ပါ။အနုပညာရှင်မာရိုယိုအိုင်ရစ်ဇာဘောကဥရုဂွေးမှာရှိတဲ့သဲကန္တာရမှာပိုမိုနစ်မြုပ်နေတဲ့လက်ပန်းပုများကိုလည်းဖန်တီးခဲ့ပါတယ်။အနုပညာရှင်ကဒီအလုပ်ဟာအကူအညီမဲ့နေတဲ့လူသားတွေနဲ့အားနည်းချက်ကိုသရုပ်ဖော်ဖို့ရည်ရွယ်ထားတာပါလို့ပြောထားပါတယ်။သဲကန္တာရအလယ်မှာလူတစ်ယောက်ကြုံတွေ့ရနိုင်တဲ့ခံစားမှုမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒါတွေကတော့အမှန်တကယ်တည်ရှိတာကိုမယုံနိုင်တဲ့လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ၁၀ခုပါ။ပိရိသတ်တွေဘယ်နေရာကိုအများဆုံးသွားချင်ပါသလဲ။