တကယ့်လူသားအရိုးစု စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ပြီးရောင်းချနေတဲ့ အသက် ၂၁နှစ်အရွယ် အမျိုးသား

တကယ့်လူသားအရိုးစု စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ပြီးရောင်းချနေတဲ့ အသက် ၂၁နှစ်အရွယ် အမျိုးသား

တကယ့်လူသားအရိုးစု စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ပြီးရောင်းချနေတဲ့ အသက် ၂၁နှစ်အရွယ် အမျိုးသား

Jon Phichaya-Ferry အမည်ရှိ အသက် ၂၁ နှစ်အရွယ် Tiktok အကောင့်ပိုင်ရှင် @jonsbones က လူသားအရိုးစု စတိုးဆိုင်ကိုဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် Like ၂၂.၁ သန်းကျော်နဲ့ လူမှုမီဒီယာအာရုံစိုက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ် ။ Mr Jon ရဲ့ ဗီဒီယိုက သူ့ရဲ့အိမ်အလယ်မှာ တည်ရှိနေတဲ့ လူသားအရိုးအမြောက်အမြားကို ဖော်ပြထားပါတယ် ။

အရွယ်ရောက်ပြီးသော လူသားများရဲ့ ဦးခေါင်းခွံမှ အမိဝမ်းထဲသို့ သေဆုံးသွားသော ကလေးငယ်များရဲ့ အရိုးများကို ပြသထားပြီး သူက ဒီအရိုးတွေရဲ့မူလအစအကြောင်းသင်ကြားပြသပေးခဲ့ပါတယ် ။ အစိတ်အပိုင်းအသီးသီးရဲ့ ဈေးနှုန်းအပြင် Jon က ကမ္ဘာတစ်ဝှမ်းရှိ ထူးခြားသော စုဆောင်းသူများထံသို့ ရောင်းချရန် အရိုးတစ်ခုစီအတွက် ဈေးနှုန်းကိုသတ်မှတ်ခဲ့ပါတယ် ။ ဘတ် ၆၀၀ ခန့်ကုန်ကျသောနံရိုးများမှ ဘတ် ၆၀၀၀၀ ကျော်ကုန်ကျသော လူသားဦးခေါင်းခွံများအထိ ရှိပါတယ် ။

သို့သော်လည်း မစ္စတာ Jon က သူ့မှာဖောက်သည်များစွာရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ Chiropractor တက္ကသိုလ်ပါမောက္ခမှစပြီး အနုပညာရှင်အထိ ၎င်းက အနံ့ခံခွေးများကို လေ့ကျင့်ပေးတဲ့ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့များလည်း သူ့ရဲ့ ဖောက်သည်များပင် ဖြစ်ပါတယ် ။ ဒီ့အပြင် သူက ဒီအရိုးတွေကို Tik Tok ပေါ်မှာ ရောင်းပြီး သူ့ရဲ့လုပ်ငန်းကို ချဲ့ထွင်နေပါတယ် ။ ဒါပေမယ့်အင်တာနက်သုံးစွဲသူအများစုက သူ့စီးပွားရေးကိုသဘောမတူကြပါဘူး ။ တစ်ချို့က ဒါဟာပြီးတော့ဒါဟာအရမ်းကြောက်စရာကောင်းတဲ့ အရာလို့ ပြောကြပါတယ် ။

Zawgyi






Crd

Crd

arkarta