တကမ္ဘာလုံး ပျားရည်နဲ့ဝမ်းချဖို့ကြံနေတဲ့ ပေါက်ဖော်ကြီး (သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ပေးပို့ ထောက်ပံ့သွားမည်ဟု ပြောကြား)

သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး ၂ ဘီလီယံ ပေးပို့ ထောက်ပံ့သွားမည်ဟု ပြောကြား

ပေကျင်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးသို့ COVID-19 ကာကွယ်ဆေး အရေအတွက် ၂ ဘီလီယံ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း နှင့် COVAX အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်ထည့်ဝင်သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာ ဖိုရမ်၏ ပထမအကြိမ်အစည်းအဝေးသို့ ရေးသားပေးပို့သည့် သဝဏ်လွှာထဲတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ထည့်သွင်း ပြောကြားခဲ့သည်။

COVAX (ကိုဗစ်ကာကွယ်ဆေးတစ်ကမ္ဘာလုံးရရှိမှုအစီအစဉ်)သို့ ပေးအပ်ထည့်ဝင်မည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ သည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေး ဖြန့်ဖြူးရာတွင် အဓိကအသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါနှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခက်အခဲများရင်ဆိုင်ကျော်ဖြတ်ရာတွင် အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အားလုံးအတွက်ကျန်းမာရေး ကမ္ဘာလုံးဆိုင်ရာအသိုက်အဝန်းတစ်ခုတည်ဆောက်ရန် ကတိကဝတ်ပြုထားပြီး ကမ္ဘာကြီးသို့ ကာကွယ်ဆေးများ ပေးအပ် ထောက်ပံ့လျက်ရှိကြောင်း ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကာကွယ်ဆေးပူးတွဲထုတ်လုပ်မှု အစီအစဉ်ကိုလည်း တက်ကြွစွာပါဝင်ဆောင်ရွက်နေပြီး ယင်းမှာ ကာကွယ်ဆေးကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ်အသုံးပြုရေး အယူအဆကို ထင်ဟတ်ပေါ်လွင်စေကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

“ ဒီဖိုရမ်ဆွေးနွေးပွဲက ကမ္ဘာတစ်လွှားသို့ ကိုဗစ်ကာကွယ်ဆေး မျှတစွာ ဖြန့်ဖြူးရေး နဲ့ အဆင်ပြေလွယ်ကူစွာရောက်ရှိရေး ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းစေရေး ၊ ကပ်ရောဂါကို စောလျဉ်စွာ အနိုင်ယူနိုင်ရေးအတွက် ပူးပေါင်းပါဝင်မှု အသစ်တစ်ခုအဖြစ် မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် ” ဟု ရှီက ဆိုသည်။
(Xinhua)

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

သမၼတရွီက တ႐ုတ္ႏိုင္ငံအေနျဖင့္ တစ္ကမာၻလုံးသို႔ COVID-19 ကာကြယ္ေဆး ၂ ဘီလီယံ ေပးပို႔ ေထာက္ပံ့သြားမည္ဟု ေျပာၾကား

ေပက်င္း ၊ ဩဂုတ္ ၆ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံသည္ ယခုႏွစ္အတြင္း တစ္ကမာၻလုံး သို႔ COVID-19 ကာကြယ္ေဆး အေရအတြက္ ၂ ဘီလီယံ ေပးပို႔ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ႏွင့္ COVAX အစီအစဥ္အတြက္ အေမရိကန္ေဒၚလာ သန္း ၁၀၀ ေပးအပ္ထည့္ဝင္သြားမည္ျဖစ္ေၾကာင္း COVID-19 ကာကြယ္ေဆး ပူးေပါင္းေဆာင္႐ြက္မႈ ႏိုင္ငံတကာဖိုရမ္၏ ပထမအႀကိမ္အစည္းအေဝးသို႔ ေရးသားေပးပို႔သည့္ သဝဏ္လႊာထဲတြင္ တ႐ုတ္ႏိုင္ငံသမၼတ ရွီက်င့္ဖိန္က ထည့္သြင္း ေျပာၾကားခဲ့သည္။

COVAX (ကိုဗစ္ကာကြယ္ေဆးတစ္ကမာၻလုံးရရွိမႈအစီအစဥ္)သို႔ ေပးအပ္ထည့္ဝင္မည့္ အေမရိကန္ေဒၚလာ သန္း ၁၀၀ သည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသို႔ ကာကြယ္ေဆး ျဖန႔္ျဖဴးရာတြင္ အဓိကအသုံးျပဳသြားမည္ျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့ၿပီး တ႐ုတ္ႏိုင္ငံအေနျဖင့္ COVID-19 ကပ္ေရာဂါႏွင့္အတူ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား ၏ အခက္အခဲမ်ားရင္ဆိုင္ေက်ာ္ျဖတ္ရာတြင္ အစြမ္းကုန္ကူညီေပးသြားမည္ျဖစ္ေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ အားလုံးအတြက္က်န္းမာေရး ကမာၻလုံးဆိုင္ရာအသိုက္အဝန္းတစ္ခုတည္ေဆာက္ရန္ ကတိကဝတ္ျပဳထားၿပီး ကမာၻႀကီးသို႔ ကာကြယ္ေဆးမ်ား ေပးအပ္ေထာက္ပံ့လ်က္ရွိေၾကာင္း ၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသို႔ ေပးအပ္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံသည္ ကာကြယ္ေဆးပူးတြဲထုတ္လုပ္မႈ အစီအစဥ္ကိုလည္း တက္ႂကြစြာပါဝင္ေဆာင္႐ြက္ေနၿပီး ယင္းမွာ ကာကြယ္ေဆးကို ကမာၻ႔ျပည္သူ႔ကုန္စည္အျဖစ္အသုံးျပဳေရး အယူအဆကို ထင္ဟတ္ေပၚလြင္ေစေၾကာင္း ရွီက ျဖည့္စြက္ေျပာၾကားခဲ့သည္။

“ ဒီဖိုရမ္ေဆြးေႏြးပြဲက ကမာၻတစ္လႊားသို႔ ကိုဗစ္ကာကြယ္ေဆး မွ်တစြာ ျဖန႔္ျဖဴးေရး နဲ႔ အဆင္ေျပလြယ္ကူစြာေရာက္ရွိေရး ၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ စည္းလုံးညီၫြတ္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမို အားေကာင္းေစေရး ၊ ကပ္ေရာဂါကို ေစာလ်ဥ္စြာ အႏိုင္ယူႏိုင္ေရးအတြက္ ပူးေပါင္း ပါဝင္မႈအသစ္တစ္ခုအျဖစ္ ျမႇင့္တင္ေပးႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္ ” ဟု ရွီက ဆိုသည္။
(Xinhua)

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။