ဇနီးရဲ့ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အတွက် ဆားနယ်ငါးကို ရောင်းပြီး တစ်နေ့ကို ကီလိုမီတာ ၁၀၀ ကျော်ခရီးသွားရတဲ့ ၆၄ နှစ် အမျိုးသား






Zawgyi

ဇနီးရဲ့ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အတွက် ဆားနယ်ငါးကို ရောင်းပြီး တစ်နေ့ကို ကီလိုမီတာ ၁၀၀ ကျော်ခရီးသွားရတဲ့ ၆၄ နှစ် အမျိုးသား


ချစ်ခြင်းမေတ္တာရဲ့ အစစ်အမှန်က Romeo နဲ့ Juliet တို့ရဲ့ ဇာတ်လမ်းပင် မဟုတ်ဘဲ အရာခပ်သိမ်းကို ကျော်လွှားပြီး တစ်ယောက်ကိုတစ်ယောက် အမြဲထာဝရချစ်မြတ်နိုးတဲ့ စုံတွဲတွေလည်း ဖြစ်ပါတယ် ။ မကြာသေးမီက အင်တာနက်သုံးသူများဟာ မိန်းမဖြစ်သူရဲ့ ကျန်းမာရေးလိုအပ်ချက်များအတွက် ဆားနယ်ငါးကိုရောင်းရန် တစ်ရက်ကို ကီလိုမီတာ ၁၀၀ ကျော်ခရီးသွားတဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသားတစ်ဦးကို ချီးကျူးခဲ့ကြပါတယ် ။ မလေးရှားနိုင်ငံ၊ Johor မြို့၊ Muk Bukit Pasir, Mud မှ အသက် ၆၄ နှစ်အရွယ် Md Zin Ahmad ဟာ အိပ်ရာမှ အစောကြီးထပြီး Malacca မြို့ကို သွားပြီး သူ့ရဲ့ ဆားနယ်ငါးကိုရောင်းရန် သွားခဲ့ပါတယ် ။

သူက မြို့ထဲမှာ ဆိုင်ခန်းမရှိတာကြောင့် သူကတစ်အိမ်တက် တစ်အိမ်ဆင်းပြီး ဆားနယ်ငါးရောင်းရပါတယ် ။ မလေးရှားမိန်းကလေး Aina Wardina က သူ့ရဲ့ဓာတ်ပုံအချို့ကို သူမရဲ့ Twitter အကောင့်မှာ ဝေမျှတဲ့အခါ သူ့ရဲ့အခက်အခဲက ပျံ့နှံ့သွားပြီး Wardina ရဲ့ အဆိုအရ သူမဟာ Dataran Pahlawan အနီးမာရသွန်ပြေးပွဲမှာ သူမ ဒီအမျိုးသားကို တွေ့ဖူးတယ်။ သူမက Malacca မြို့မှာ သူ့ကိုပြန်တွေ့တာ အံ့သြမိတယ် ။ ဒါ့ကြောင့် သူမက သူနဲ့ စကား ပြောတော့လိုက်တယ် လို့ Wardina က ဆိုပါတယ် ။

Ahmad က အသက်ကြီးပေမဲ့ သူထက်အသက်ကြီးတဲ့ ဇနီးသည်ရဲ့ကျန်းမာရေးလိုအပ်ချက်အတွက် ငွေရှာနေတယ်ဆိုတာကို Wardina က သိနေခဲ့ပါတယ် ။ Fatimah Md Said အမည်ရှိ အသက် ရ၃ နှစ်ရှိပြီးဖြစ်တဲ့ Ahmad ရဲ့ဇနီးသည်က အိပ်ယာထဲလဲနေခဲ့တာပါ ။ Ahmad မှာ သားသမီးလေးယောက်ရှိသော်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတာကြောင့် သူက သူ့မိန်းမရဲ့ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအတွက် ငွေရှာရန် ဆားနယ်ငါးကို ရောင်းခဲ့တာပါ ။ Ahmad က ဇနီးသည်အတွက် ဘာမဆိုလုပ်ပေးနိုင်တာက တကယ့်ကို လေးစားစရာကောင်းတဲ့ ခင်ပွန်းလို့ ဆိုရမာပါဘဲ ။

Crd