■၅ နှစ်ကြာ လိုက်ပြီးချစ်ခွင့်တောင်းနေခဲ့တဲ့အမျိုးသားကို သူမအား လက်လွှတ်လိုက်ဖို့ လူမြင်ကွင်းမှာ ဒူးထောက်ကာ တောင်းပန်ခဲ့ရတဲ့ မိန်းကလေး

■၅ နှစ်ကြာ လိုက်ပြီးချစ်ခွင့်တောင်းနေခဲ့တဲ့အမျိုးသားကို သူမအား လက်လွှတ်လိုက်ဖို့ လူမြင်ကွင်းမှာ ဒူးထောက်ကာ တောင်းပန်ခဲ့ရတဲ့ မိန်းကလေး

တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ သူမနောက်တကောက်ကောက်လိုက်နေခဲ့တဲ့ ကောင်လေးအား တော်လိုက်ဖို့ ထိပ်တိုက် တောင်းဆိုခဲ့ပါတယ်။ လတ်တလော ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာတော့ အဆိုပါအမျိုးသမီးဟာ

လမ်းပေါ်တစ်နေရာမှာ ဒူးထောက်နေပြီး အမျိုးသားတစ်ဦးကလည်း သူမရဲ့ရှေ့မှာ ကတုန်ကယင်နဲ့ ဒူးထောက်ကာ ကုပ်ကုပ်လေးထိုင်နေပုံကို ပြသခဲ့ပါတယ်။ သူတို့ဘေးမှာလည်း ပန်းစည်းတစ်စီးရှိနေတာကိုတွေ့ရမှာပါ။ အဆိုပါအမျိုးသမီးက အဆိုပါအမျိုးသားကို ကန်တော့တောင်းပန်နေပုံရပြီး ပန်းစည်းကို ပြန်လွှင့်ပစ်လိုက်ပါတယ်။

အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ၎င်းဗီဒီယိုအများစုတွင် ဆွေးနွေးပြောဆိုမှုကို မကြားရပါဘူး။သို့ပေမဲ့ ET Today မှ မျှဝေထားတဲ့ဗီဒီယိုတစ်ခုမှာ အဆိုပါ အမျိုး သားဟာ ငါးနှစ်အကြာ သူမနောက်အား လိုက်နေခဲ့ပြီး မကြာခဏဆိုသလို သူမကိုချစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးက သူ့ကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ကြောင်း ET Today က အစီရင်ခံတင်ပြထားပေမဲ့လည်း အဆို ပါအမျိုးသားဟာ သူမကိုစိတ်နှလုံးသားထဲ၌ စွဲစွဲမြဲမြဲချစ်ပြီး အမြဲတစေ သူမသွားရာနောက်လိုက်နေခဲ့ပါတယ်။အဆုံးမှာတော့ အမျိုးသမီးက “ ကျွန်မ လက်မခံနိုင်ဘူး ၊ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးလိုက်ပါတော့ ” လို့ဆိုပြီး

အဆိုပါအမျိုးသားကို သူမအားစွန့်လွှတ်လိုက်ဖို့ တောင်းပန်ခဲ့ပါတယ်။အဆိုပါ အမျိုးသား၏တုံ့ပြန်မှုကို ဗီဒီယိုကလစ်တွင် မပြသခဲ့သလို ၎င်းတို့ရဲ့ဆက်ဆံရေးရလဒ်က ဘယ်လိုဖြစ်သွားတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

အဆိုပါ ဗီဒီယိုဟာ အွန်လိုင်းတွင် အမျိုးမျိုးသောတုံ့ပြန်မှုများဖြင့် ဆွေးနွေးမှုကိုဖြစ်ပေါ်စေခဲ့ကြောင်း မီဒီယာများ၏ဖော်ပြချက်အရ သိရပါတယ်။အင်တာနက်အသုံးပြုသူအချို့က ယောက်ျားဖြစ်သူက သူမရဲ့ဆန္ဒကိုလေးစားပြီး သူမက ငြင်းပယ်လိုက်ပြီးကတည်းက သူမကိုလက်လွှတ်လိုက်ခဲ့သင့်ပြီဟု ပြောဆိုနေခဲ့ကြပေမဲ့လည်း

အချို့ကမူ ထိုအမျိုးသမီးက တစ်ခေါက်လောက်တော့ အဲ့ဒီအမျိုးသားကို အခွင့်အရေးပေးသင့်တယ်လို့လည်း ပြောဆိုယူဆခဲ့ကြပါတယ်။

Mia (Mckzone daily)
crd