ဆွေမျိုးများထံမှ ဘယ်သူမှမလိုချင်တဲ့စွန်ပစ်အိမ်တစ်လုံးကို အမွေရခဲ့ပြီးနောက် ၎င်းအိမ်မှ ၁၀၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ရွှေများကို တွေ့ရှိခဲ့ရတဲ့ အမျိုးသား

ဒီကံကောင်းလွန်းသူဟာ ပြင်သစ်မှ Nicolas Fierfort လို့အမည်ရှိတဲ့အမျိုးသားတစ်ဦးဘဲ ဖြစ်ပါတယ်။သူဟာ သူ့ရဲ့မိသားစုထဲမှ ဘယ်သူမှမလိုချင်တဲ့ စုတ်ပြတ်ပျက်စီးနေတဲ့စွန့်ပစ်အိမ်တစ်လုံးကို အမွေအဖြစ် လက်ခံရရှိခဲ့ပါတယ်။ထို့နောက် သူဟာ ၎င်းအိမ်မှာ မနေထိုင်လိုတာကြောင့် သူ့ရဲ့ရှေ့နေအား ခေါ်ကာ ၎င်းအိမ်ကို ရောင်းလိုကြောင်း ပြောကြားခဲ့ပါတယ်။ Nicolas ဟာ အိမ်ကိုမရောင်းခင်မှာ စျေးကောင်းကောင်းရနိုင်ဖို့အတွက် ၎င်းအိမ်ကို သန့်ရှင်းရေးလုပ်ချင်ခဲ့ပါတယ်။

သို့ပေမဲ့ မမျှော်လင့်စွာနဲ့ဘဲ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ သူ့အတွက် ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ပေးခဲ့ပါတယ်။ထို့နောက် အိမ်သန့်ရှင်းရေးလုပ်နေတဲ့ Nicolas ဟာ ရုတ်တရက် သူ့ရဲ့ရှေ့မှာ ရှိတဲ့ ရွှေကီလို ၁၀၀ ကျော်ပါဝင်တဲ့ရတနာထုပ်ကြီးကို တွေ့ခဲ့ရပါတယ်။

၎င်းဟာ သူ့အား ဆွေမျိုးများက အမွေပေးခဲ့တဲ့ ၎င်းအိမ်စုတ်မှာ မြုပ်နှံသိမ်းထားခဲ့တာပါ။၎င်းရွှေများရဲ့တန်ဖိုးဟာ ခန့်မှန်းချေအရ ဒေါ်လာ 4.2 million အထိ ရှိနိုင်ကြောင်း သိရှိရပါတယ်။

Nicolas က ၁၂ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ရွှေတုံး ၂ ခု နှင့် ၁ကီလိုဂရမ်အလေးချိန်ရှိတဲ့ ရွှေတုံး ၃ ခုအပါအဝင် ရွှေဒင်္ဂါးပြား ၅,၀၀၀ ခန့်ရှိကြောင်း စိတ်လှုပ်ရှားစွာ ပြောကြားခဲ့ပါတယ်။သူဟာ သူကြည့်လိုက်တဲ့နေရာတိုင်းမှာ ရွှေများဖြစ်နေခဲ့တာကြောင့် မယုံမကြည်နိုင်ဖြစ်ခဲ့ရပါတယ်။

“ ဒါက ရွှေတွင်းကြီးဘဲ ” လို့ Nicolas က ဆိုခဲ့ပါတယ်။အစောပိုင်းမှာတော့ Nicolas ဟာ အကြွေစေ့သေတ္တာတစ်လုံးကို တွေ့ခဲ့ပြီး ၎င်းက သူ့အတွက် ကံကောင်းခြင်းဘဲလို့ တွေးထင်နေခဲ့ပါတယ်။သို့ပေမဲ့ သူဟာ ဆက်စပ်ပြီး ထပ်မံရှာဖွေကြည့်လိုက်တဲ့အခါ အိမ်လုံးမှာ ပြန်ကျဲ့နေခဲ့တဲ့ ရတနာများကို ထပ်မံတွေ့ရှိသွားခဲ့ပါတယ်။

သတင်းအချက်အလက်များအရ ၎င်းအိမ်ကို တည်ဆောက်ခဲ့တဲ့အိမ်ပိုင်ရှင်ဟောင်းဟာ အိမ်ရှိ ဆိုဖာများ ၊ စားပွဲအောက် ၊ ရေချိုးခန်းများအပြင် ဝီစကီပုလင်းထဲများ စတဲ့အိမ်ထဲရှိနေရာတော်တော်များများတွေမှာ ရွှေများကို ဝှက်ထားခဲ့ကြောင်း သိရှိရပါတယ်။အဆိုပါအိမ်ပိုင်ရှင်ဟောင်းဟာ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်း တရားဝင်ဝယ်ယူခဲ့တဲ့ရွှေစက္ကူရွက်များကိုလည်း ထားခဲ့ကြောင်း သိရပါတယ်။

သို့ပေမဲ့ Nicolas အတွက် ဝမ်းနည်းစရာသတင်းကတော့ ၎င်းရွှေများကိုပိုင်ဆိုင်လိုလျှင် Nicolas ဟာ အမွေခွန် ၄၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါတယ်။အကယ်လို့ သေဆုံးသွားခဲ့တဲ့၎င်းအိမ်ပိုင်ရှင်ဟောင်းက အထက်ပါရွှေများကို အမွေပေးခဲ့ကြောင်း မပြသနိုင်ခဲ့လျှင် အမွေဆက်ခံသူဟာ ၎င်းအခွန်ကို ၃ နှစ်အတွင်း အကြွေးကျေအောင် ဆပ်ရလိမ့်မည်လို့ သက်ဆိုင်သူများက သတ်မှတ်ပြောကြားခဲ့ကြပါတယ်။

Mia (KBdailynews)

Reference : everytruenews24

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။