ဆော်ဒီနဲ့ ဗြိတိန်ကို အီရန်က ခြိမ်းခြောက်

ဆော်ဒီနဲ့ ဗြိတိန်ကို အီရန်က ခြိမ်းခြောက်

ဆော်ဒီနဲ့ ဗြိတိန်ကို အီရန်က ခြိမ်းခြောက်

ဆော်ဒီနဲ့ ဗြိတိန်ကို အီရန်က ခြိမ်းခြောက်

၁၁/၁၁/၂၀၂၂

ဆော်ဒီအာရေဗျနဲ့ ဗြိတိန်အစိုးရတို့အနေနဲ့ အီရန်ရဲ့ ပြည်တွင်းရေးကို ဆက်လက် ဝင်ရောက် နှောက်ယှက်နေမယ်ဆိုရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့ အီရန် ထောက်လှမ်းရေးအကြီးအကဲ Esmail Khatib က နိုဝင်ဘာ ၁၀ ရက်မှာ သတိပေးလိုက်ပါတယ်။

အီရန်နိုင်ငံက ဆူပူ ဆန္ဒပြမှုတွေကို ဆော်ဒီသတင်းတွေက မဟုတ်မမှန် သွေးထိုး ရေးသား ဖော်ပြနေသလို ဗြိတိသျှ အစိုးရကလည်း အီရန် အတိုက်အခံတွေကို အားပေးအားမြှောက် လုပ်နေတယ်လို့ Esmail Khatib က ဆိုပါတယ်။

ဒေသတွင်း ဆော်ဒီနိုင်ငံကို မဟာဗျူဟာအရ စိတ်ရှည် သည်းခံပေးနေတာဖြစ်ပြီး ပြည်တွင်းရေးကို ဆက်လက် နှောက်ယှက်နေမယ်ဆိုရင် စိတ်ရှည်သည်းခံမှုတွေ အဆုံးသတ်သွားလိမ့်မယ်လို့လည်း Esmail Khatib က ပြောပါတယ်။

အီရန်က လက်တုန့်ပြန်မယ်ဆိုရင် ဆော်ဒီနဲ့ ဗြိတိန် ပြည်တွင်းရေး တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားလိမ့်မယ်လို့လည်း Esmail Khatib က ဆိုပါတယ်။

အသံထက်မြန်တဲ့ ဒုံးကျည်တွေ စမ်းသပ်ထုတ်လုပ်နေနိုင်ပြီဆိုတာ ဆော်ဒီသာမက ပြည်တွင်းရေးကို ဝင်နှောက်ယှက်နေတဲ့ အနောက်နိုင်ငံတွေပါ သတိထားဖို့လိုမယ်လို့လည်း အီရန် ထောက်လှမ်းရေး အကြီးအကဲ Esmail Khatib က ပြောသွားပါတယ်။

အီရန်စစ်တပ် စောင့်ကြည့်ရေးအဖွဲ့တွေကတော့ အီရန် ထောက်လှမ်းရေး အကြီးအကဲရဲ့ ပြောပြ ချက်အပေါ် ယုံကြည်မှု မရှိသလို ဆော်ဒီအစိုးကလည်း တစ်စုံတရာ အလေးတယူ တုံ့ပြန်ပြောဆိုတာ မတွေ့ရပါဘူး။

အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသလို နာမည်ကြီး အားကစားသမားတွေ၊ အနုပညာရှင်တွေကပါ ထောက်ခံ အားပေးလာတဲ့အတွက် အီရန်အစိုးရက ပိတ်ပင်တာတွေ၊ သတိပေးတာတွေ၊ နေအိမ်အကျဥ်းချတာတွေ လုပ်လာနေတယ်လို့လည်း တီဟီရန်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။

#BNN
#BurmaNewsNetwork

crd Moe win oo




11

Crd

arkarta