Post Views:
9
<p class=”__mm__”>စက်သုံးဆီတင်သင်္ဘောများ ရုရှားနိုင်ငံက ထွက်လာနေပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို ရောက်ရှိမည်ဖြစ်ကြောင်း၊ ရောက်ရှိလာမယ့် စက်သုံးဆီတွေကို အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အဓိကထားပြီး ဖြန့်ဖြူးပေးသွားမယ်လို့ စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းက ပြောပါသည်။</p>
<p class=”__mm__”>အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ခရီးသည်တင်ကား၊ ရထားလိုင်းတွေ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အဓိကထားဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။</p>
<img class=”alignnone size-full wp-image-42133″ src=”https://thegeektext.com/wp-content/uploads/2022/09/zml10-1.jpg” alt=”” width=”826″ height=”608″>
“ဖြန့်မှာကတော့ အများပြည်သူကို ဖြန့်မှာ၊ ရုရှားနိုင်ငံက ထွက်လာပါပြီ။ လမ်းခုလတ်မှာရောက်နေပါပြီ။ ဘယ်နေ့ဆိုတာရက် တိတိကျကျ မပြောတတ်ဘူး။ ရက်ပိုင်းအတွင်းရောက်မှာပါ” ဟု ဇော်မင်းထွန်းက ပြောသည်။
ရုရှားနိုင်ငံက စက်သုံးဆီတွေ စက်တင်ဘာလအတွင်း ရောက်ရှိမယ်လို့ စကစ က ပြောထားပြီး ဘယ်လောက်ပမာဏ မှာယူထားတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံကနေ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများကိုလည်း တင်သွင်းသွားဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။
စကစ အနေဖြင့် ရုရှားက ပထမအသုတ်ရောက်လာမည့် စက်သုံးဆီမှာ တန်ချိန် ၁၅,၀၀၀ ဆံ့ သင်္ဘာ (၂) စီး ဖြစ်၍ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ သောင်းဖြစ်ကြောင်း၊ ရုရှားစက်သုံးဆီများရောက်လာပါက ဈေးနှုန်းမှာ စင်ကာပူကသွင်းနေသော ဈေးနှုန်းထက်လျော့မည်ဖြစ်၍ ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းနိုင်ကြောင်း သိရသည်။
<img class=”alignnone size-full wp-image-42134″ src=”https://arkarta.com/wp-content/uploads/2022/09/ship5.png” alt=”” width=”790″ height=”444″>
ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။
<p class=”__mm__”>“ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နံပါတ် (၁) က ဈေးနှုန်းသက်သာရမယ်။ နံပါတ် (၂) က အရည်အသွေး ပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။</p>
Crd