စီးပွားရေးအကွက်မြင်သည်ဟုဆိုရမည့်ပေ၄၀၀လောက်အမြင့်ရှိသည့်ချောက်ကမ်းပါး၏ အလယ်လောက်တွင် ကုန်စုံဆိုင်လေးဖွင့်ပြီးဈေးရောင်းကာစီးပွားရှာနေသည့် အမျိုးသား

စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်တော့မည်ဆိုပါကနေ ရာဒေသနှင့်ရရှိနိုင်မည့်အခွင့်အလမ်းများ များစွာကိုသေချာစဉ်းစားပြီးမှလုပ်ကိုင်ရတာဖြစ်ပါတယ်။ယခုတွင်လည်းအမျိုးသားတစ်ဦး၏စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့်နေရာဟာ လူတိုင်းကိုစဉ်းစားစရာဖြစ်စေမှာသေချာပါတယ်။

တရုတ်နိုင်ငံဟူနန်ပြည်နယ်ရှိပေ၄၀၀လောက်အထိအမြင့်ရှိသော ချောက်ကမ်းပါး၏အလယ်တွင်စျေးဆိုင်ကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။စျေးဆိုင်ကိုဖွင့်လှစ်ခဲ့သည့်အမျိုးသား၏ရည်မှန်းချက်ကတော့ တောင်တက်သည့်လူများကို လိုအပ်သည့်အအေးနှင့်ရေအချို့ကိုရောင်းချပြီးစီးပွားရှာဖို့ဖြစ်ပါတယ်။

ထို့ကြောင့်ချောက်ကမ်းပါးအလယ်တွင် ၂ပေခွဲလောက်အကျယ်ရှိသည့်ကုန်စုံဆိုင်လေးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Shoon (Cele Daily)

Unicode





Shoon (Cele Daily)

Crd