စီကရက် မသောက်ရ၊ ဂျင်းဘောင်းဘီ မဝတ်ရတဲ့ နိုင်ငံ

Post Views:
17
စီကရက် မသောက်ရ၊ ဂျင်းဘောင်းဘီ မဝတ်ရတဲ့ နိုင်ငံ
ဒီနိုင်ငံအကြောင်း ကြားဖူးကြပါသလား။ အဲဒီနိုင်ငံကတော့ ဘူတန်နိုင်ငံ(Bhutan) ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဘူတန်နိုင်ငံမှာ ၂၀၁၀ ခုနှစ်ကစပြီး စီးကရက်သောက်ခြင်းကို တားမြစ်လိုက်ပါတယ်။ ဆေးရွက်ကြီးစိုက်ပျိုးခြင်း၊ စက်ဖြင့်ကုန်ချောထုတ်လုပ်ခြင်း၊ ရောင်းချခြင်း မပြုရပါဘူးတဲ့။
လူထုကြားမှာ ဆေးလိပ်သောက်ခြင်းကိုလဲ ခွင့်မပြုပါဘူး။ တင်းကြပ်စွာ တားမြစ်တာမို့ တွေ့ရှိရင် ဒါဏ်ရိုက်ခံရပါလိမ့်မယ်။ သင်ဟာ ခရီးသွားဆိုရင်တော့ တိုင်းပြည်က နှင်ထုတ်ခံရပါလိမ့်မယ်။
ဆရာ/ဆရာမတွေက လစာကောင်းပါတယ်။ ဒေါ်လာ ၁,၁၀၀ လောက် လစာရကြပါတယ်။ ဘူတန်မှာတော့ လစာအကောင်ဆုံး ဝန်ထမ်းတွေပေါ့။
ရုပ်မြင်သံကြားနဲ့ အင်တာနက်ကို ၁၉၉၉ ခုနှစ်မှ စတင်ခွင့်ပြုပါတယ်။အဲဒီမတိုင်ခင်က တားမြစ်ထားခဲ့ပါတယ်။ ကမ္ဘာမှာ ရုပ်သံအသုံးပြုမှု နောက်အကျဆုံးနိုင်ငံ ဖြစ်ပါတယ်။
လိုင်း (Channel) ကလဲ ၂ လိုင်းထဲ ရှိပါတယ်။ထုတ်လွှင့်ချိန်ကလဲ မနက် ၁၁ နာရီကနေ ညနေ ၆ နာရီအထိပဲ လွှင့်ပါတယ်။
ဘူတန်မှာ အိမ်ယာမဲ့ဆိုတာ မရှိပါဘူး။ တကယ်လို့ တစ်ယောက်ယောက်ဟာ အိမ်ပိုင်မရှိခဲ့ရင် ဘုရင့်ဆီသွားလိုက်ယုံပါပဲ။ ဘုရင်က သူ့ကို မြေတစ်ကွက် ပေးပါလိမ့်မယ်။ အိမ်ဆောက်ဖို့နဲ့ ခြံစိုက်ဖို့ လုံလောက်ပါတယ်။
အိမ်ဆောက်ဖို့ ငွေမရှိရင်လဲ ဒေသအာဏာပိုင်တွေက ချေးငွေ ထုတ်ပေးပါလိမ့်မယ်။
ဘူတန်နိုင်ငံသားအဖြစ် လုပ်ဆောင်ဖို့ နည်းလမ်းမရှိပါဘူး။ မိန်းကလေးတွေကို နိုင်ငံခြားသားနဲ့ လက်ထပ်ခြင်းကို တားမြစ်ထားပါတယ်။
အာဏာပိုင်တွေက အမျိုးသားဝတ်စုံကို မဝတ်မနေရ သတ်မှတ်ထားပါတယ်။ ယောက်ျားလေးတွေက Gho လို့ခေါ်တဲ့ ဒူဖုံးဝတ်ရုံတစ်ခု ဝတ်ကြပါတယ်။
မိန်းကလေးတွေကတော့ kira ခေါ် ဆာရီတစ်မျိုးကို ဝတ်ကြရပါတယ်။ အရင်ကတည်းက အစိုးရဟာ ဂျင်းဘောင်းဘီတို့၊ ရှော့ပင်တို့ မဝတ်ရလို့ သေသေချာချာ တားမြစ်ထားပါတယ်။ ခုတော့ နိုင်ငံ့ဝန်ထမ်းတွေလောက်ဘဲ လိုက်နာစရာလိုပါတော့တယ်။
ဘူတန်မှာ တိရစ္ဆာန်တွေကို သဝာ်ဖြတ်ခွင့် မပြုသလို၊ အမဲလိုက်ခြင်းကိုလည်း ခွင့်မပြုပါဘူး။
ဟိမဝန္တာတောင်တန်းနဲ့ တောရိုင်းသဘာဝပါတ်ဝန်းကျင်ကို ဥပဒေနဲ့ ကာကွယ်ထားပါတယ်။ ငါးမျှားခြင်းကိုတောင် မကြာခင်ကမှ ခွင့်ပြုခဲ့တာဖြစ်ပြီး ကန့်သတ်နေရာမှာ လိုင်စင်ခွင့်ပြုချက်နဲ့သာ မျှားခွင့်ရှိပါတယ်။
ဒါတွေကိုကြည့်ပြီး ဘူတန်နိုင်ငံသားတွေ သတ်သတ်လွတ် အသီးအရွက်ပဲ စားကြသလားလို့ထင်ရင် မှားပါလိမ့်မယ်။ အသားနဲ့ ငါးတွေကို အိန္ဒယနိုင်ငံကနေ တင်သွင်းပါတယ်။
ရိုရာဓလေ့အရ အိမ်ထောင်ပြုရင် မိန်းကလေးအိမ်ကို ယောက်ျားလေးက လိုက်ရပါတယ်။ ပစ္စည်းအားလုံးကို မိန်ကလေးက ပိုင်ဆိုင်ပါတယ်။ယောက်ျားတိုင်း အသက်မွေး ဝမ်းကျောင်း အလုပ်တစ်ခု ရှိရပါတယ်။
အပင်စိုက်တဲ့အခါ ဓါတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ သုံးတာကို တားမြစ်ထားပါတယ်။ ပလတ်စတစ်သုံးစွဲမှုကတော့ ၁၉၉၀ ခုနှစ်ကတည်းက တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ဘူတန်သူ၊ ဘူတန်သားတွေမှာ မွေးနေ့ရယ်လို့ မရှိပါဘူး။ ဇန္နဝါရီလ ကနေ အသက်ကို စတင်ရေတွက်ကြတယ်လို့ဆိုပါတယ်။
လက်ရှိဘုရင်ဟာ Jigme Khesar Namgyel Wangchuck ဖြစ်ပြီး အသက် ၄၃ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူ့မွေးနေ့မှာ ပြည်သူ့ထံမှ ထူးဆန်းတဲ့လက်ဆောင်ကို တောင်ဆိုခဲ့ပါတယ်။
အဲဒါက သစ်ပင်များ စိုက်ပျိုးခြင်းနဲ့ တိရစ္ဆာန်များကို စောင့်ရှောက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
သူက သဘာဝတရားဟာ ရွှေထက်တန်ဖိုးရှိတယ်လို့ ပြောပါတယ်။ တစ်ခါက ဘူတန်တောင်တန်းတွေမှာ ရွှေတွေတွေ့ခဲ့ဘူပါတယ်။
ဒါပေမဲ့ ဘယ်သူမှ ရွှေတူးဖို့ စိတ်မဝင်စားကြပါဘူး။ သဘာဝဆိုတာ အထွဋ်အမြတ်ထားစရာမို့ပါတဲ့။
ဘူတန်မှာ တောင်တက်ခွင့်လည်း မရှိပါဘူး။ Gangkhar Puensum တောင်ဆိုရင် ပေ ၂၄,၈၃၆ မြင့်ပြီး ဘူတန်မှာ အမြင့်ဆုံး ဖြစ်ပါတယ်။
ဘူတန်ကို ဝင်ခွင့် ဗီဇာရဖို့လည်း ခက်ခဲပါတယ်။ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှသာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပါတ်သက်တဲ့ ဆောင်ပုဒ်ကတော့ High Value Low Impact ဖြစ်ပါတယ်။ ပွင့်လင်းရာသီဆို တစ်ယောက်လျှင် တစ်ရက် ဒေါ်လာ ၂၅၀ ဖြစ်ပြီး ကျန်တဲ့အချိန်ဆို ဒေါ်လာ ၂၀၀ ပါ။
ဒီထဲမှာ သွားလာဖို့နဲ့ အစားအသောက်ဖိုးပါပြီးသားဖြစ်ပါတယ်။ ကမ္ဘာလှည့်တွေကြောင့် သဘာဝပါတ်ဝန်းကျင် ထိခိုက်မှာ စိုးလို့ပါတဲ့။
နောက်ဆုံးတစ်ချက်ကတော့ ဘူတန်ဟာ ကာဗွန်ထုတ်လွှင့်မှု လုံးဝမရှိပါဘူးတဲ့။ ဘာစက်ရုံမှ မရှိလို့ပါတဲ့ ခင်မျာ။
ဖတ်ရှု့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗဟုသုတရစရာ အကြောင်းအရာများကို ရှာဖွေတင်ဆက်နေတာမို့ အားပေးကြပါဦးလို့။
Knight News Team
Knight News © 2022
Crd
Crd