တရုတ်ရဲ့အသံထက်မြန်တဲ့ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်က အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ် B 2 Sprit နဲ့တူနေ

H-20 Bomber

ဖွံ့ဖြိုးတိုးတတ်လာတဲ့ တရုတ်ရဲ့ ဗျူဟာမြောက်တာဝေးပြစ် ဗုံးကျဲလေယာဉ် H 20ဟာ လွန်ခဲ့သော နှစ်အနည်းငယ် အထူးသဖြင့် 2018ခုနှစ် မှာ ထင်ရှားလာခဲ့ပြီး 2019တွင် အသုံးချနိုင်ဖို့အတွက် တရုတ်အစိုးရက သရုပ်ဖော်စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်၊

2018ခုနှစ် ဇန်နဝါရီလတွင် တရုတ်စစ်တပ် DIA ၏နှစ်စဉ်အစီရင်ခံစာပါ စာနှစ်ကြောင်းကြောင့် အင်တာနက်ကွန်ရက်ပေါ်တွင် အနည်းငယ် တုန်လှုပ်စေခဲ့ပါတယ်၊

“PLAAF သည် ဒေသတွင်းနှင် တကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် တာလတ်နှင့် တာဝေးပစ် ကိုယ်ပျောက်ဗုံးကျဲလေယာဉ်များကို တီထွင်လျက်ရှိပြီး ကိုယ်ပျောက်နည်းပညာသည် ထိုလေယာဉ်သစ်အတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေမှာဖြစ်ပါတယ်၊၂၀၂၅ နှစ်ဦးပိုင်းတွင် တရားဝင် လည်ပတ်နိုင်မှာဖြစ်ပါတယ်”

သီးသန့်ဇယားတွင် ဒီဇိုင်းမဆွဲထားသော Tactical အမျိုးအစားသစ် ဗုံးကျဲလေယာဉ်ပါဝင်ပြီး Active Electronically Scanned Array ရေဒါစနစ်၊ တိကျသော ပဲ့ထိန်းဗုံးနဲ့ တာဝေးဝေဟင်ပစ် ဒုံးကျည် ပါတပ်ဆင်မယ်လို့ ဖော်ပြထားပါတယ်၊

H-6 strategic bomber

H-6 Strategic ဗုံးကျဲလေယာဉ်နဲ့ Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို တည်ဆောက်ခဲ့တဲ့ Xi’an လေယာဉ်ကော်ပိုရေးရှင်းက ပျံသန်းတောင်ပံ ဗုံးကျဲလေယာဉ် တစ်စင်းကို တည်ဆောက်ခဲ့ပါတယ် ၊ထိုလေယာဉ်သစ်ဟာ အမေရိကန် B 2 Sprit ကိုယ်ပျောက်လေယာဉ်နဲ့ ပုံစံသာမက လုပ်ဆောင်ချက်တွေပါ တူညီနေပါတယ်၊

Y-20

သို့ပေမယ့်လည်း Tactical ဗုံးကျဲလေယာဉ်ရဲ့သတင်းတွေကတော့ အများအပြားပါပဲ ၊ တချို့ သတင်းတွေထဲမှာပါဝင်တဲ့ တိုက်ခိုက်ရေး ဗုံးကျဲလေယာဉ်ဟာ Shenyang လေယာဉ် ကော်ပိုရေးရှင်းက အဆိုပြုထားတဲ့ ပြိုင်ဘက် ကိုယ်ပျောက်လေယာဉ် JH-XX ဖြစ်ပါတယ်၊ထိုလေယာဉ်ဟာ တာဝေးH 20လေယာဉ်ထက်ပိုမိုပျံသန်းနိုင်တယ်လို့ ယူဆကြပါတယ်၊ Shenyang ဟာ လူသိများတဲ့ လေယာဉ်ကော်ပိုရေးရှင်းဖြစ်ပြီး Russian Flanker ဂျက်လေယာဉ်နဲ့ တရုတ်လေယာဉ်တင်သင်္ဘောပေါ်တွင် အသုံးပြုတဲ့ J-31 ကိုယ်ပျောက် လေယာဉ်တို့ကို ထုတ်လုပ်ထားတာဖြစ်ပါတယ်၊

JH-XX ရဲ့ ပထမဆုံးပုံဟာ 2013 အစည်းအဝေးပွဲမှာ ထွက်ပေါ်ခဲ့ပြီး ၂၀၁၈ခုနှစ် မေလမှာ တရုတ် မဂ္ဂဇင်းAviation Knowledge က တကျော့ပြန်ဖော်ထုတ်ခဲ့ပါတယ်၊ထိုလေယာဉ်ဟာ အလျားမီတာ၃၀ရှိပြီး လေယာဉ်အနောက်ဖက်ထိပ်ပိုင်းတွင် တာဗို အင်ဂျင်နှစ်လုံးပါဝင်ပါတယ်၊ လေယာဉ်အမြှီးပိုင်းဟာ Northrop’s YF-23 Black Widow လေယာဉ်နဲ့ တူပြီး ဝမ်းဗိုက်ပိုင်းနဲ့ ဘေးဘက်တွင် ဒုံးကျည်ထည့်ရန် လက်နက် သေတ္တာလည်းပါဝင်ပါတယ်၊ တခုသတိထားရမှာက 1980ခုနှစ်ထုတ် F 19 ကိုယ်ပျောက်လေယာဉ်ဟာ F-117 ကိုယ်ပျောက်ဂျက်လေယာဉ်နဲ့ တူပါတယ်၊

US B-2 spirit Bomber

DIAက JH-XX ဟာဖွံ့ဖြိုးတိုးတတ်ရေး လက်အောက်တွင်ရှိနေတယ်လို့ ဘာကြောင့်ယုံကြည်နေသလဲဆိုတာ သေချာတော့မသိပါဘူး၊Diplomat သတင်းဌာနရဲ့ Rick Joe ဟာ JH-XX အကြောင်း အသေးစိတ် အား အင်္ဂလိပ်ဘာသာဖြင့် DIAထံ အစီရင်ခံစာတင်ပြခဲ့ဖူးပါတယ်၊

“ DIA အစီရင်ခံစာရဲ့ PLA ကိုယ်ပျောက်လေယာဉ်နဲ့ပတ်သတ်၍ JH-XX လေယာဉ်ဟာ တက်ကြွစွာပါဝင်မှုမရှိကြောင်း ရေးသားတုန်းကအတိုင်း အချက်အလက်တွေဟာ မပြောင်းလဲပါဘူး၊ “

“DIA ရဲ့ အစီရင်ခံစာဟာ အများပြည်သူရဲ့ အသိအမြင်ကိုအခြေခံထားတာဖြစ်ပေမယ့် ကျွန်တော်ကတော့ အနည်းငယ်သံသယဝင်မိပါတယ်”လို့ သူကပြောပါတယ်၊ “ဖြစ်နိုင်တာက သူတို့ဟာ JH-XXအကြောင်းရေးသားထားတဲ့ ဆောင်းပါးတွေကနေ ကိုးကားအဓိပ္ပာယ်ဖွင့်ကြတာလည်းဖြစ်နိုင်ပါတယ်၊”

ဒါ့ကြောင့် JH-XX ရဲ့ အဆင့်မြင့်တင်မှု ထွက်မပေါ်လာခင် သက်သေအထောက်အထားရှာဖွေရာမှာ သတိကြီးစွာ ထားရမှာဖြစ်ပါတယ်၊

PLAက ဘာလို့ ကိုယ်ပျောက်လေယာဉ် ၂မျိုး မှာယူတာလဲ?
JH-XX ဟာ မတူညီတဲ့ ဒီဇိုင်း တွေကို ကိုယ်စားပြုပါတယ်၊H 20ကတော့ ကိုယ်ပျောက်လေယာဉ်ဖြစ်တဲ့အပြင် ကုန်ပစ္စည်းပိုမိုတင်ဆောင်နိုင်ကာ အကွာအဝေး ပိုမို ပျံသန်းနိုင်ပါတယ်၊ ယခု ကစားပွဲဟာ ဆိုရင် ဗုံးကျဲလေယာဉ်တွေက ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းဖို့မလွယ်ကူတာကြောင့် ရန်သူရဲ့ လေကြောင်းနယ်နိမိတ်ထဲ ကို လုံးဝ မတွေ့စေပဲ ဝင်ရောက်ရမှာဖြစ်ပါတယ်၊ အကယ်၍ သူတို့ဟာ ဝေဟင်ပေါ်မှာ ထပ်မံဆီဖြည့်ဖို့ကြိုးစားရင်တော့ တာဝေးပစ်ဒုံးကျည်တွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်၍ မိုင်၅၀၀၀လောက်အထိသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊

JH-XX

JH-XX ဟာ H-20ထက် ပျံသန်းနိုင်တဲ့အကွာအဝေးရော၊သယ်ဆောင်နိုင်တဲ့ ကုန်ပစ္စည်းပမာဏရော နည်းပါးပေမယ့် အရှိန်ကတေ့ အသံထက်၂ဆ မြန်ဆန်ပါတယ်၊(သို့သော်လည်း Mach 2ရဲ့ ပွတ်တြိက်မှုဟာ တန်ဖိုးကြီးတဲ့ ရေဒါစုပ်ူတဲ့အပေါ်ယံလွှာကို ပျက်စီးစေပါတယ်၊)ဒါ့ကြောင့် JH-XXဟာ ပစ်မှတ်နားနီးလေ ရေဒါမှာ ဖမ်းယူရန်လွယ်ကူလေဖြစ်တာကြောင့် အမြန်နှုန်းနဲ့ ရေဒါလျော့ချရေးစနစ်ကိုကြားဖြတ်ထည့်သွင်းရမှာဖြစ်ပါတယ်

ခြုံငုံပြောရမည်ဆိုလျှင် အကွာအဝေးရှည်လျားပြီး ကုန်စည် ပိုမိုသယ်နိုင်တဲ့ H-20ဟာ PLAအတွက်ပိုအသုံးဝင်ပါတယ်၊ သို့ပေမယ် JH-XX ဟာ H-20မလုပ်ဆောင်နိုင်တဲ့ များပြားတဲ့ လေကြောင်းကာကွယ်ရေး ကွန်ရက်ကို ထိုးဖောက်တဲ့နေရာမှာ ‌ကောင်းမွန်စွာ အသုံးချနိုင်ပါတယ်၊

အမေရိကန်နဲ့ ဩစတြေးလျ လေတပ်ဟာ အသံထပ်မြန်တဲ့ F 111 Aardvark လေယာဉ်ကို အသုံးပြုနေကြပေမယ့် ထိုလေယာဉ်တွင် ကိုယ်ပျောက်စနစ်မပါဝင်ပါဘူး၊ဒါ့အပြင် 2000ခုနှစ်လောက်တုန်းက ပင်တဂွန်လေတပ်ဟာ B-21 Raider တည်ဆောက်ရန် အကြံမပေါ်ခင် Raptorကိုယ်ပျောက်လေယာဉ်နဲ့ YF 23လေယာဉ်ကိုဝယ်ယူဖို့စဉ်းစားခဲ့ပါတယ်၊ တဂယ်တော့ တရုတ်ဟက်ကာအဖွဲ့က ထိုလေယာဉ်နဲ့ပတ်သတ်တဲ့ နည်းပညာအချက်အလက်တွေကို Tyler Rogowayနဲ့ Joseph Trevithick ထံ အကြောင်းကြားကာ အပေးအယူလုပ်ခဲ့တာဖြစ်ပါတယ်၊

F 111 Aardvark

H-20နဲ့မတူပဲ JH-XX ရဲ့ အမြန်နှုန်းဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သာမက ဝေဟင်ပစ် ဒုံးကျည်တွေကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်၊ သူဟာ တာတို လေကြောင်းတိုက်ခိုက်မှုတွေကို မခုခံနိုင်ပေမယ့် အမြန်နှုန်းနဲ့ ကုန်စည်သယ်ဆောင်နိုင်တဲ့ အရည်အသွေးကတော့ တကယ့်ကို အံ့အားသင့်စရာပါပဲ၊

စိတ်ဝင်စားစရာကောင်းတာက JH-XX ကို ရေတပ်မှာပါ အသုံးပြုကြပါတယ်၊ PLA လေတပ် က ယခုအချိန်မှာတော့ 250 JH-7 ‘Flying Leopard အမျိုးအစား ‌ဗူံကျဲ လေယာဉ်ကို အသုံးပြုနေကြပြီး ထိုကိုယ်ပျောက်စနစ်မပါဝင်တဲ့လေယာဉ်တွေဟာ တာဝေးပစ် သင်္ဘောဒုံးကျည်နဲ့ အီလတ်ထရောနစ် စစ်ပွဲ ရဲ့ ခေတ်သစ် စစ်သင်္ဘောတွေကို ကျော်လွှားနိုင်ဖို့ မူတည်ပါတယ်၊ ဗုံးကျဲကိုယ်ပျောက်လေယာဉ်ဟာ ရေဒါမှာရှာမတွေ့ခင်အထိ ရန်သူသင်္ဘောနား နီးကပ်စွာသွားနိုင်ပြီကိုယ်ပျောက်စနစ်ဟာ JH-XX လေယာဉ်ကိုသာမက တခြား အီလက်ထရောစစ်ပွဲသုံး ထောက်လှမ်းရေးလေယာဉ်တွေကိုပါ အခွင့်အရေးများစေပါတယ်၊JH-XXဟာ လေယာဉ်တင်သင်္ဘော မှာ အသုံးပြုရန်ရည်ရွယ်ထားတာဖြစ်ကြောင်း ရေတပ်လေ့လာဆန်းစစ်သူ Robert Farley ကပြောပါတယ်၊

အကယ်၍ JH-XX ကို တိုးမြင့်မှုတွေအမှန်တကယ်လုပ်ဆောင်ပါက ကောလဟာလ အရ ဓာ်ပုံတွေထွက်လာပါလိမ့်မယ်၊အကယ်၍ အသစ်ထွက်လာမည့် လေယာဉ်အမျိုးအစားဟာ ထင်ကြပေးရေးသားသူတွေရဲ့ ခန့်မှန်းချက်နဲ့မကိုက်ညီခဲ့ရင်တောင် အသံထက်မြန်တဲ့ ဗုံးကျဲလေယာဉ်ကတော့ နာမည်ကြီးလာအုံးမှာဖြစ်ပါတယ်၊
writer:Evelyn

Arkarta.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
Arkarta website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team

zawgyi
မကြာခင်‌ထွက်ပေါ်လာမယ့် တရုတ်ရဲ့အသံထက်မြန်တဲ့ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်က အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ် B 2 နဲ့တူနေ


















အကယ်၍ JH-XX ကို တိုးမြင့်မှုတွေအမှန်တကယ်လုပ်ဆောင်ပါက ကောလဟာလ အရ ဓ်ာပုံတွေထွက်လာပါလိမ့်မယ်၊အကယ်၍ အသစ်ထွက်လာမည့် လေယာဉ်အမျိုးအစားဟာ ထင်ကြပေးရေးသားသူတွေရဲ့ ခန့်မှန်းချက်နဲ့မကိုက်ညီခဲ့ရင်တောင် အသံထက်မြန်တဲ့ ဗုံးကျဲလေယာဉ်ကတော့ နာမည်ကြီးလာအုံးမှာဖြစ်ပါတယ်၊
writer:Evelyn

သတိပေးကြေညာချက်
မိတ်ဆွေတို့ရဲ့
Admin Team